“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, March 26, 2011

လွယ်မွေ ငလျှင် ကြောင့် မြန်မာ နိုင်ငံ တွင် သေဆုံး သူ ၂၀၀ ကျော်ရှိ

March 25, 2011 , Freedom News Group
Over 200 Killed in Myanmar Earthquake
တာချီလိတ် မြို့ တွင် ငလျှင် မလှုပ် မှီ လေးရက် ခန့် အလို ဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ်သူ နေရွှေ သွေး အောင် နှင့် သူငယ်ချင်း များ သည် တာချီလိတ် မြို့ ရှိ ကာစီနု ရုံများ နှင့် ကပွဲ ခန်းမများ တွင် နှစ်ရက် ခန့် လာရောက် ပျော်ပါး ခဲ့သည့် ဟု တာချီ လိတ် မြို့ မှ အစိုးရ အရာရှိ တစ်ဦးက FNG သို့ ပြောသည်။

Updated : ယမန်နေ့ ည ရှစ် နာရီ အချိန် မြန်မာ နိုင်ငံ ရှမ်း ပြည်နယ် ကျိင်း တုံ နှင့် တာချီလိတ် ကြားလွယ်မွေ ဒေသ ကို ဗဟို ပြု ၍ အင်အား 6.9 ရစ်တာစကေး အဆင့် ရှိ လှုပ်ခတ် သွား သည့် ငလျှင်
ကြောင့် ရှမ်းပြည် နယ် အတွင်း သေဆုံး သူ အနည်း ဆုံး ၂၀၀ ကျော် ရှိ နိုင် ကြောင်း နှင့် သေဆုံး သူ နှင့် ဒဏ်ရာ ရသူ ဦး ရေ ကို ဆက်လက် စုံစမ်း နေကြောင်း တောင်ကြီး တက္ကသိုလ်
မှ ပညာရေး ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။

သံလွင် မြစ် ဖြတ်တဲ့ တာကော မှာ တံတား ကျိုးတယ် သံလွင် ကမ်းပါးက ရွာတွေ မြစ်ထဲ ပြိုကျ တယ်။ မိုင်းရှုး မှာ မြေ ပြိုတာ အခု ဖုန်း ဆက် တဲ့ အချိန် အထိ ကျောက်တွင်း တွေ ပိနေတာ
လေးဆယ် လောက် ရှိတယ်။ သေတာ သုံး ဆယ် ကျော်တယ်။ မိုင်းရှုးမှာ မိုင်းယန်း မှာ လမ်းပြိုပြီး ကား က ချောက်ထဲ ကျတာ နှစ် ဆယ် ကျော်သေတယ်။ မိုင်းဆတ် နဲ့ မိုင်း တုံ
မှာ ဆယ့်ရှစ် ဦး လင်း ခေး နဲ့ မောက်မယ် မှာ ခြောက်ဦး ၊ တောင်ကြီး မှာ နှစ်ဦး ဟု တာချီလိတ် ကျိုင်း တုံ နဲ့ ပေါင်းလိုက် ရင် နှစ်ရာ ကျောမယ် ဟု Freedom News Group
သို့ ပြောသည်။

မြန်မာ စစ် အစိုးရ ရုပ်မြင် သံကြားက ၆၅ ဦး သေဆုံး သည် ဟု ကနီး ဦး ထုတ်လွှင့် သွားသည်။ ယမန်နေ့ ငလျှင် ကြောင့် နေပြည်တော် နှင့် တောင် ကြီး မြို့ များ တွင် လည်း
သေဆုံး ဒဏ်ရာရမှု များ ရှိသည်။

မိုင်းပြင်း နှင့် အဆက်အသွယ် ပြတ်တောက် တောကောင် များ ထွက် လာပြီး ကျေးရွာများ ကို ဖျက် ဆီး သဖြင့် ရှမ်းပြည်လူ ထု မှ အခက်အခဲ ကြုံနေရသည်။ သံလွင်မြစ် အရှေ့ 
ဘက်ခြမ်းအချို့ နေရာများတွင် တောင်ပြိုကျမှု နှင့် စေတီ ဘုရားများ ပြိုကျမှု များ ဖြစ်ပွားသည်။ တာချီလိတ် မြို့ အနီး တာလေ တွင် သေဆုံး သူ တစ်ရာ ကျော်ခန့် ရှိသည် ဟု တာချီ လိတ်မြို့  မှကျန်းမာရေး ၀န်ထမ်း တစ်ဦး က ပြောသည်။

တာချီလိတ် မြို့ ခံ များ သည် ငလျှင် ထပ်လှုပ်မည် ကို စိုးရိမ်သောကြောင့် နေအိမ် များ ထဲ တွင် မနေရဲ ပဲ လမ်းမ များ ပေါ် ထွက် နေရသည်။
ရှမ်းပြည် နယ် ငလျှင် အတွက် စစ်အစိုးရ က မည် သည် အကူအညီ မျှ မပေး သေး ဟု သတင်း ရရှိသည်။

မတ်လ ၁၁ ရက်နေ့ က ဂျပန် နိုင်ငံ တွင် လှုပ်ခတ် သွား သည့် ငလျှင် ကြောင့် လူ တစ်သောင်း ကျော် သေဆုံးသည်။

ရန်ကုန် မြို့ တွင် လည်း ငလျှင် လှုပ်မည် ကို စိုးရမ်၍ အထပ်မြင့် နေသူများ သည် ၎င်းတို့ ၏ နေ အိမ်များ ကို စွန့် ခွာက ဒဂုံမြို့ သစ် နှင့် ရွှေပြည်သာ မြို့ သစ် များ အတွက် လုံးချင်း အိမ် များ သွား
ရောက် ငှားရမ်း နေ ထိုင်သည် ဟု သတင်း ရရှိသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */