“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 14, 2011

ဗိုလ်ကြီး ကျော်သူနိုင်က ကျောင်းက(၉)တန်းကျောင်းသူ တစ်ယောက်ကို အလိုမတူပဲ သားမယားပြုကျင့်ခဲ့လို့

by ဗမာပြည်ဖွား ညီနောင်များ on Sunday, March 13, 2011 at 1:37am

ကျောက်မဲမြို့(၁)ရပ်ကွက် ပင်လုံလမ်းမှာ နေတဲ့ ဗိုလ်ကြီး ကျော်သူနိုင်က သီပေါမြို့နယ် ပန်ညုကျေးရွာ အထက ကျောင်းမှာ ကျောင်းအုပ်လုပ်နေပြီးတော့ သည်ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း မှာ ကျောင်းက(၉)တန်းကျောင်းသူ တစ်ယောက်ကို အလိုမတူပဲ သားမယားပြုကျင့်ခဲ့လို့ ရွာကနေတိုင်တန်းတာနဲ့ ရမခက ခုံဖွဲ့စစ်ဆေးတာ ထောင်ဒဏ်ကျပေမယ့် ယောက်ခမက သိန်းရာချီ လာဘ်ထိုးပြီးတော့ ပေးလိုက်တာနဲ့ ထောင်ဒဏ်ကနေ လွတ်ပြီး အခုနေအိမ်မှာတင်နေထိုင်နေလို့ရပါတယ်။

အဓိက ပြောချင်တာကတော့ စစ်ဗိုလ်ဖြစ်တာကြောင့်လား၊ ပိုက်ဆံကြောင့်လား မုဒိမ်းကျင့်ခံရတာ ကိုတောင်လွတ်တယ် ဆိုတာကို အများသိစေချင်တာရယ်၊ နောက်ပြီးတော့ သည်အမှုမှန်ကို ပေါ်စေချင်တာ ရယ်၊ သည်လိုကောင်တွေ ပိုက်ဆံပေး လွတ်တယ် ဆိုရင်တခြား မိန်းကလေး တွေအတွက် ပိုအန္တရာယ်တွေ များနေတယ် ဆိုတာကိုလဲ ပြောပြပါ့မယ်။ တခြား မိန်းကလေးတွေများ နည်းနည်း လှတယ်ဆိုရင်ကို မျက်လုံးနဲ့ကို ကြံစည်နေလို့ကော အပြင်မှာ ကြားနေတဲ့ သတင်းအရ ခယ်မကိုတောင် အလွတ်မပေးဘူး ဆိုတာတွေကြောင့် လွှတ်ပေးထားသင့် မသင့်ကိုကော အားလုံးကနေ ၀ိုင်းဝန်းဆုံးဖြတ်ပေးကြဘို့နဲ့၊ သည်ကနေ ဘယ်လိုတိုင်တိုင် ထိရောက်မှာ မဟုတ်တဲ့အတွက် တခြားနိုင်ငံတကာကနေ အော်နေတဲ့ မီဒီယာ များကနေ အော်လာပြီဆို ဘယ်လို ထိရောက်မယ် ဆိုတာ အလျှင် အမြန်ကို အရေးယူပေးနိုင်ဘို့ ဖြန့်ဝေတင်ပြလိုက်၇ပါသည်.

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */