“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, March 27, 2011

သတ်သူက သတ်နေသည် ဆန္ဒပြသူတွေက ထပ်တိုးလာသည်

ဒမားစကတ် သို့ သွားရာလမ်း
Sunday, 27 March 2011 00:03 မောက္ခ နိုင်ငံတကာသတင်း


ဆီးယားနိုင်ငံ အရှေ့တောင်ဘက် လယ်ယာလုပ်ငန်း အဓိကထားတဲ့ ဒါရားမြို့ကနေ စလိုက်တဲ့ ဆန္ဒပြမှုက တစ်နိုင်ငံလုံးကို ကူးဆက်သွားမယ့် လူထုအုံကြွမှုကြီး ဖြစ်လာမယ်လို့ ပြောဖို့ အတော်ခက်သည်။

ပြီးခဲ့တဲ့ ရက်တွေမှာ ဒါရားမြို့ ဆန္ဒပြပွဲ စစချင်း လုံခြုံရေးတွေက လူ ၃၇ ယောက်ကို ပစ်သတ်ခဲ့တာကြောင့် ဖြစ်သည်။ ဆန္ဒပြရင် အသေရိုက်နှက်ဖို့နဲ့ ပစ်ချဖို့ အမိန့်က ရဲတွေမှာ ပါပြီးသား ဖြစ်သည်။

ဒါပေမဲ့ ဆီးရီးယား သမ္မတ ဘာရှား အာဆဒ် ပြုတ်ကျရေး၊ လွတ်လပ်ခွင့်ရရှိရေး တောင်းဆို ဆန္ဒပြနေသူတွေက ဆယ်ကျော်သက် လူငယ်တွေ ဖြစ်သည်။ မတရားမှုအတွက် တိုက်ပွဲဝင်တဲ့ လူငယ်တွေမှာ နောက်ပြန်လှည့်စရာ အကြောင်း မရှိ။ ဒါရားမြို့မှာ ရေပေါ်စီ လူငယ်မရှိ။ သတ်သူက သတ်နေသည်။ ဆန္ဒပြသူ အရေအတွက်က ထပ်တိုးလာနေသည်။

စနေနေ့ကတော့ ဒါရားမြို့ လမ်းတွေပေါ်မှာ မြို့လုံးချီ ဆန္ဒပြကြသည်။ ဟိုးမစ်၊ ဟာမာ၊ လာတာကီယာ မြို့တွေကနေ မြောက်ပိုင်း ဒမားစကတ် မြို့အထိမှာပါ ဆန္ဒပြလာသည်။ ရဲကလည်း အလကား မနေ။ ဆနာမီယန် မြို့ကလေးမှာ သမ္မတ ဘာရှား အာဆဒ်ရဲ့ ဖခင် သမ္မတဟောင်း ဟာဖဇ် အာဆဒ် ရဲ့ ရုပ်တုကို လူငယ်တွေ မီးတင်ရှို့လို့၊ ၂၀ ယောက် ပစ်သတ်ခံရသည်။ ဒမားစကတ်တွင် သုံးယောက် ပစ်သတ်ခံရသည်။ ဆက်ပစ်လေ လူအုပ်ကြီးက ညို့လာလေ ဖြစ်သည်။

မြို့တိုင်းထွက် ဆန္ဒပြလိုက်လို့ ၂၄ နာရီတောင် မပြည့်။ အစိုးရက အကြမ်းဖက် ဖြိုခွင်းမှု ဆက်မလုပ်တော့ဖို့ ကတိက၀တ် ပြုလိုက်ရသည်။ အရေးပေါ် ဥပဒေကို ပြန်ရုတ်သိမ်းဖို့၊ နိုင်ငံရေးပါတီသစ်တွေနဲ့အတူ မီဒီယာတွေ ပါဝင်နိုင်မယ့် ဥပဒေ အသစ်ရေးဆွဲဖို့ ကတိပေးစကားပြောလာသည်။

သို့သော် စားပွဲပေါ်က ဥပဒေ အပြောင်းအလဲကို လူထုက လက်မခံ။ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ကိစ္စကို ရှင်းဖို့ တောင်းဆို လာသည်။ သမ္မတ အာဆဒ် တာဝန်ယူရမည်။ ဒီအတွက် နှုတ်ထွက်ပေးရမည်။ Amnesty International အဖွဲ့ကြီးက သေဆုံးသူ ၅၅ ယောက် ရှိပြီး လူ ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ စနေနေ့က ကြေငြာသည်။ ဒါရား နဲ့ ဆနာမီယန် မြို့တွေမှာ သတ်ဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်တွေ ထပ်ထွက်လာတော့ သမ္မတ အာဆဒ်ကို လက်ခံစရာအကြောင်း မရှိဟု တောင်းဆို လာကြသည်။

ပြင်ပနိုင်ငံအချို့ အမြင်မှာတော့ သမ္မတ အာဆဒ် အစိုးရက အရှေ့အလယ်ပိုင်းရဲ့ အခြား သက်ဦးဆံပိုင်တွေနဲ့ မတူဘဲ အကြမ်းဖက်နှိမ်နင်းရေးမှာ တက်ကြွပြီး စီးပွားရေး တိုးတက်အောင် လုပ်တတ်သည်ဟု ယူဆကြသည်။ အာဆဒ် က အနောက်နိုင်ငံများနဲ့ ပလဲနံပသင့်သူလည်း ဖြစ်သည်။ သို့သော် အပြင်ကကြည့်ရုံနဲ့ အတွင်း အဇ္ဈတ္တကို မမိနိုင်။

အခု ဆီးရီးယား တော်လှန်ရေးအတွက် လူငယ်တွေ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ် Syrian Revolution 2011 page on Facebook စာမျက်နှာက တစ်တိုင်းပြည်လုံးရှိ လူ ၂၂ သန်းလုံး ပါလာအောင် လှုံ့ဆော်ပေးနေသည်။ နိုင်ငံသားတွေအတွက် အလုပ်အကိုင်လည်း ရှာမပေးနိုင်၊ လူနေမှုအဆင့်အတန်းလည်း မြှင့်တင်မပေးနိုင်တဲ့ ခြစားနေတဲ့ အစိုးရကို ယခု ရက်ပိုင်း အတွင်း လမ်းတွေပေါ်မှာ ပေါ်ပေါ်တင်တင် ပြောဆို ဝေဖန်ရဲလာကြသည်။

ဆီးရီးယား တော်လှန်ရေးက ထူးခြားသည်။ သေဆုံးသူ အရေအတွက် ပိုများလေလေ လူအုပ်ကြီးက ပိုထူထပ်လာလေ ဖြစ်သည်။ သွေးမြေကျမှု များလေလေ ဆီးရီးယား မြို့တိုင်းက လူတွေ လမ်းတွေပေါ် ပေါက်ကွဲ တက်လာပြီး တောင်းဆို မှုတွေ ပိုများသထက် များလာလေ ဖြစ်သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */