“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 18, 2011

ဂျပန် အခြေအနေ။

March လ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင်ဖြစ်ပွါးခဲ့သောငလျင်နှင့်ဆူနာမီဒဏ်ကိုစတင်ခံစားရသည့်အချိန်မှယနေ့အထိ

သေဆုံးသူဦးရေ ၄၃၁၄၊
ပျောက်ဆုံးသူဦးရေ ၈၆၀၆ အထိ မြင့်တက်ခဲ့ပြီး၊

အိမ်ခြေပျက်စီးမှု
Fukushima ခရိုင်တွင် အိမ်ခြေပေါင်း ၂၄၁၃ အိမ်၊
အခြား ခရိုင် ၉ ခုတွင် အိမ်ခြေပေါင်း ၃၅၆၂ အိမ်ကျော်အထိရှိခဲ့ပါသည်။

လမ်းမများပျက်စီးမှု
Ibaraki ခရိုင် ( နိုင်ငံရေးအကျဉ်းထောင်ရှိရာနေရာ ) တွင် ၃၀၇ နေရာ၊
Tochigi ခရိုင်တွင် ၂၄၁ နေရာ၊
Chiba ခရိုင်တွင် ၂၇၈ နေရာ၊
Saitama ခရိုင်တွင် ၁၅၅ နေရာအထိ ရှိခဲ့ပါသည်။

ငလျင်နှင့်ဆူနာမီဒုက္ခသည်အရေအတွက်
ခရိုင် ၈ ခုတွင် ၃၈၆,၀၀၀ ယောက်၊
Iwate ခရိုင်တွင် ၅၁,၅၅၃ ယောက်၊
Aomori ခရိုင်တွင် ၃၆၇ ယောက်၊
Fukushima ခရိုင်တွင် ၁၃၁,၆၆၅ ယောက်၊
Tochigi ခရိုင်တွင် ၈၉၆ ယောက်၊
Miyagi ခရိုင်တွင် ၁၉၁,၄၄၂ ယောက်၊
Ibaraki ခရိုင်တွင် ၇,၉၂၀ ယောက်၊
Niigata ခရိုင်တွင်၂၅၃ ယောက် ( Fukushima ခရိုင်မှ ထွက်ပြေးလာသူ )၊
Yamagata ခရိုင်တွင် ၁,၈၈၀ ယောက် ( Fukishima နှင့် Miyagi ခရိုင်မှ ထွက်ပြေးလာသူ ) အထိ ရှိခဲ့ပါသည်။

ပြည်တွင်းစားနပ်ရိက္ခာနှင့်ပါတ်သက်၍

ဆန် - လုံလောက်စွာရှိပါသည်။ ငလျင်နှင့်ဆူနာမီကျရောက်ရာနေရာများမှာ
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ပါသည်။
ရေ - လုံလောက်စွာရှိပါသည်။ ငလျင်နှင့်ဆူနာမီကျရောက်ရာနေရာများမှာ
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်ပါသည်။

ဆန် နှင့် သောက်ရေသန့် ဝယ်ယူ၍မရတော့ပါဟူသောပြဿနာမှာ မြို့နေလူထု၏စိုးရိမ်ပူပန်စွာဖြင့်
အရေအတွက်များပြားစွာဝယ်ယူထားခြင်းကြောင့် product & delivery flow ကမောက်ကမဖြစ်ရခြင်း
အကြောင်းအရင်းဖြစ်သည်။

ပေါင်မုန့် - မုန့်ဖုတ်သည့်စက်ရုံများ ငလျင်ဒဏ်ခံရပြီး ထုတ်လုပ်သည့်ပမာဏလျော့ ကျသွားသည်မှလွဲ၍
ပြဿနာကြီးကြီးမားမားမပေါ်ပေါက်ပါ။

ပုံမှန်အနေအထားဖြင့် ဝယ်ယူနိုင်ရန် ကြိုးစားဆောင်ရွက်နေပါသည်။

ရာသီဥတုအခြေအနေ

နွေဦးရာသီရောက်နေပြီဖြစ်သော်လည်း ငလျင်နှင့်ဆူနာမီအဓီကကျရောက်ရာ Iwate နှင့် Miyagi တို့တွင် နှင်းများကျရောက်နေပါသည်။
Tokyo မြို့မှာလည်းနေ့အပူချိန် ၆ ဒီဂရီစင်တီဂရိတ်သာရှိပြီး လာမည့် သောကြာနေ့ ( သို့ ) စနေနေ့လောက်အထိ ဆက်လက်ပြီးအေးဦးမည်ဟုဆိုပါသည်။

Fukushima အဏုမြူဓာတ်အားပေးစက်ရုံ ရေဒီယိုသတ္တိကြွမှု

Tuesday, 3/15

တိုကျိုမြို့ နံနက် ၁၁ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် က Fukushima စက်ရုံမှ နျူကလီးယား ဓာတ်ရောင်ခြည်တွေ အမြင့်ဆုံးအဆင့် ရောက်သွားပြီး
အဲဒီနေရာနဲ့ ကီလိုမီတာ ၃၀ ပတ်လည်ရှိ လူတွေ အိမ်တံခါး ပိတ်နေကြဖို့ ကြေငြာလိုက်သည်။
Fukushima စက်ရုံမှ ဓာတ်ပေါင်းဖို အမှတ် (၂) အင်္ဂါနေ့ မနက် စောစောပိုင်းတွင် ပေါက်ကွဲခဲ့သည်။ သောကြာနေ့ နေလည် ငလျင်နဲ့ ဆူနာမီ ပြီးကတည်း
လေးကြိမ်မြောက် ပေါက်ကွဲခြင်းဖြစ်သည်။
စွန့်စား လုပ်ဆောင်ခဲ့တဲ့ အလုပ်သမားတွေက အမှတ် (၂) ဓာတ်ပေါင်းဖိုကို ရေဒီယိုဓာတ်တွေ ယိုစိမ့်ပြန့်နှံ့မှု မဖြစ်အောင် ဟိုက်ဒရိုဂျင် ပေါက်ကွဲမှု လျှော့ချပေးနိုင်ပေမဲ့၊ ဒီနေ့မနက် ( 3/16 ) ၆ နာရီမှာ အမှတ် (၄) ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး မီးလုံးကြီးတွေ တက်လာသည်။ အမှတ် (၄) ဓာတ်ပေါင်းဖို မီးစလောင်နေပြီလို့ ၀န်ကြီးချုပ်က ကြေငြာလိုက်သည်။ အမှတ် (၃) ဓာတ်ပေါင်းဖိုလည်း ရေဒီယို ဓာတ်ရောင်ခြည် မြင့်တက်ပြီး ပေါက်ကွဲဖို့ ဆိုင်းပြင်းနေပြီဟုသိရသော်လည်း ယခုအချိန်အထိအခြေအနေမထူးခြားသေးပါ။

ယနေ့ နံနက် ( 3/17 ) ဂျပန်စံတော်ချိန် ၉ နာရီထုတ်ပြန်ချက်အရ

ဓာတ်ပေါင်းဖို နံပါတ် 1,2,3 မှာပိတ်ထားသည်။
ဓာတ်ပေါင်းဖို နံပါတ် 4,5,6 မှာလည်းပိတ်ထားပြီးစစ်ဆေးနေဆဲဖြစ်သည်။

အဆိုပါရေဒီယိုသတ္တိကြွမှု နှင့်ပါတ်သက်၍တိုင်းတာချက်များအရ

Fukushima မြို့မှာ 5 microsievert per hour, about 100 times higher than usual
Kanagawa ခရိုင်မှာ 10 times higher than usual
Saitama ခရိုင်မှာ 1,222 nanosievert per hour, about 40 times higher than usual
Tochigi ခရိုင်မှာ 1.318 microsievert per hour, 33 times bigger than usual

Tokyo မှာတော့ ပြောပလောက်တဲ့အနေအထားမရှိဘူးလို့ဆိုပါတယ်။

1 microsievert = 0.0001 REM




"သတင်းကို အမှန်အတိုင်းကြေငြာတယ်၊ TV မှာအမှန်အတိုင်း ပြသတယ်၊
ဝန်ကြီးချုပ်ကိုယ်တိုင် လူရှေ့သူရှေ့ ထွက်ပြောတယ်၊
ဒီလို လိမ်ညာမှုမရှိပဲ အချိန်နှင့်အမျှ အမှန်အတိုင်းဖော်ပြပေးနေတဲ့အစိုးရရှိနေလို့
ဒို့ဂျပန်လူမျိုးတွေဟာ အခုအချိန်မှာသေမယ်ဆိုရင်တောင်သေပျော်ပါတယ်" ဟု
ဂျပန်လူမျိုးတစ်ယောက်ကဂုဏ်ယူစွာပြောကြားခဲ့သည်ကိုဖော်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။


ပရလောကသားများ
http://burmesespirits.blogspot.com/
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */