“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 14, 2011

နိုင်ငံပိုင် ဂြိုလ်တု လွှတ်တင်ရန် ကော်မတီဖွဲ့စည်း

ရွှေမန္တလေး | နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ အမိန့် ကြေငြာစာ အမှတ် ၁၁/၂၀၁၁ ၌ ဖော်ပြထားရှိ ခဲ့သည့် နိုင်ငံအတွက် အရေးပါသည့် ဆက်သွယ်ရေးနှင့် ပြန်ကြားရေး စွမ်းဆောင်ရည် မြင့်မား နိုင်စေရန် နိုင်ငံတော်ပိုင် ဂြိုလ်တု လွှတ်တင်ရေး ဗပိာု ကော်မတီနှင့် လုပ်ငန်းကော်မတီအား ဖွဲ့စည်း လိုက်ပြီ ဖြစ်ကြောင်း ၂၀၁၁ ဇန်နဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာ လိုက်ကြောင်းသိရသည်။

၎င်း ဗပိာု ကော်မတီမှ လုပ်ဆောင်ရမည့် တာဝန် ဝတ္တရားများမှာ နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ရေး ဆိုင်ရာ မူဝါဒ ချမှတ်ပေးသည့် ကိစ္စရပ်များ၊ စာချုပ် စာတန်းများ အတည်ပြုနိုင်ရေး လမ်းညွှန် ကော်မတီနှင့် အကာသ ဆိုင်ရာ နည်းပညာများ ပြန့်ပွား နိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။


ယင်းလုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ကော်မတီအဖွဲ့ဝင် (၇) ဦးထားရှိပြီး ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး အဖြစ် ဦးဆောင် ညွှန်ကြားရေးမှူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနတို့မှ တာဝန်ယူပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဋ္ဌာန၊ အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာန များမှ တာဝန် ရှိသူများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ်များသည် နိုင်ငံတော်ပိုင် ဆက်သွယ်ရေး ဂြိုလ်တု လွှတ်တင်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပေါင်းစည်း၍ နည်းပညာ ဆိုင်ရာ ကိစ္စရပ်များ တိုးတတ်အောင် ဆောင်ရွက်ရေး၊ ဂြိုလ်တု လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်း၊ သုံးစွဲခြင်းနှင့် အခြား လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ စီမံဆောင်ရွက်နိုင်ရေး၊ International Telecon munication Union (ITU) အပါအဝင် ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးနှင့် အကာသဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ သဘောတူညီမှု ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် အကာသဆိုင်ရာ နည်းပညာများ ရရှိပြန့်ပွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး စသည့် လုပ်ငန်း ကိစ္စ ရပ်များကို ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။

source by : ရွှေမန္တလေး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */