“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 08, 2011

ဘိုပြုတ်လာမယ် ကြံဖွတ်ဘေးဖယ်

ကြံ့ခိုင်ရေး အမတ် ၂ ဦး ထုတ်ပယ်ခံရ
ကိုဝိုင်း | သောကြာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးပါတီဝင် အမတ်နှစ်ဦးမှာ ဧည့်နိုင်ငံသားများဖြစ်နေသဖြင့် လွှတ်တော်အမတ်အဖြစ်မှ သောကြာနေ့က ထုတ်ပယ်ခံလိုက်ရကြောင်း အမတ်များက ပြောသည်။

ထုတ်ပယ်ခံရသူများမှာ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင်အဖြစ် ယမန်နေ့က ခန့်အပ်ခဲ့သော ပဲခူးတိုင်း မဲဆန္ဒနယ်-၇ မှ ကြံ့ခိုင်ရေးအမတ် ဒေါ်ချိုနွယ်ဦးနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော်အမတ် ဦးအံ့ကြီးတို့ဖြစ်သည်။

ဦးလှမြင့်ဦး (၆၉ နှစ်)
ဇာတိ နေပြည်တော်၊ ပျဉ်းမနားမြို့။
ပညာ ဝိဇ္ဖာဘွဲ့၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ခု။
လက်ရှိအလုပ်အကိုင်။ အဖွဲ့ဝင် (ဒုဝန်ကြီး။ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့)
၁၉၆၂-၇၈ တပ်မတော် (ရေ) ဗိုလ်မှ ဗိုလ်မှူးအဆင့်အထိ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးအရာရှိ/ စစ်ရေယာဉ်မှူး၊ ၁၉၇၉ ၌ တပ်မတော်မှ အငြိမ်းစားယူခဲ့။ ၁၉၇၉-၉၁ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူး၊ သံမှူးအဆင့် အထိ နိုင်ငံခြားရေးဝန်ကြီးဌာန တရုတ်၊ အင်ဒိုနီးရှား၊ အမေရိကန်တွင် လည်းကောင်း၊ ၁၉၉၁-၉၈ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာဖရိကနိုင်ငံများတွင် သံအမတ်ကြီးအဖြစ် လည်းကောင်း တာဝန် ထမ်းခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ၃ ကြိမ်၊ ဘက်မလိုက် ထိပ်သီး အစည်းအဝေးသို့ ၂ ကြိမ် တက်ရောက်ခဲ့သည်။ ၁၉၉၈ တွင် သံအမတ်အဖြစ်မှ အငြိမ်းစားယူ။ ၁၉၉၈ မှ ယနေ့အထိ ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့တွင် ဒုဝန်ကြီး တာဝန် ထမ်းဆောင်နေသည်။ ဦးလှမြင့်ဦး၊ မောင်သံငြိမ်း၊ ဗိုလ်မြင့်ဦး စသည့် ကလောင်အမည် များဖြင့် ဆောင်းပါးများရေးသည်။
တရုတ်အမျိုးသားဖြစ်သော ဦးအံ့ကြီးသည် ကုန်သည်တဦးဖြစ်ပြီး ကြံ့ခိုင်ရေးတွင် တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်ခဲ့သူဟု လူသိများသည်။

“သူတို့အချင်းချင်း ဘယ်လိုကလှော်ကြလည်း မသိပါဘူး။ သူက (ဦးအံ့ကြီး) FRC (Foreign Registration Card) တရုတ် ဆိုပြီးတော့ နုတ်ထွက်သွားတယ်။ အိပ်ယာလိပ်ပြန်သွားပြီ” ဟု အမတ်တဦးကပြောသည်။

ဒေါ်ချိုနွယ်ဦးနှုတ်ထွက်ကြောင်းလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမတ်များသို့ ကြေညာခဲ့သည်။

နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်ရှိကြောင်း ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယခုမှ ဧည့်နိုင်ငံသားဖြစ်ကြောင်း ပေါ်ထွက်လာခြင်းအပေါ် အတိုက်အခံ ပါတီအမတ်များကတော့ ပဟေဋ္ဌိဖြစ်နေသည်။

အမျိုးသားလွှတ်တော်မှ လစ်ဟသွားသည့် ကော်မတီဝင်နေရာကို အခြားကြံ့ခိုင်ရေးအမတ် အသက် ၆၃ နှစ် အရွယ် အနာကြီးရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်လေး (ပဲခူး-၈) နှင့် အစားထိုးလိုက်သည်။

မနက် ၁ဝ နာရီ၌ စတင်ပြီး ၁၁ နာရီကျော်ခန့်တွင်ပြီးဆုံးသည့် လေးရက်မြောက် လွှတ်တော်နှစ်ရပ်ကို သီးခြားခွဲ စည်းဝေးကျင်းပကြသည်။ အစည်းအဝေးများမှ အဖွဲ့ဝင် ၁၅ ဦးစီပါသည့် လွှတ်တော်အခွင့်အရေး ကော်မတီများကိုလည်း ဖွဲ့စည်းအတည်ပြုခဲ့ကြသည်။

ဦးအောင်ငြိမ်း (၅၉ နှစ်)
ဇာတိ ရေနံချောင်းမြို့
အမြဲတမ်းလိပ်စာ ချောင်းဆုံကျေးရွာ၊ ရေနံချောင်းမြို့နယ်
ပညာ BSC, DSA၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်-၁၅၊
၁၉၇၃ တွင် ပြန်တမ်းဝင်အရာရှိ၊ ဗိုလ်မှူးဟောင်း၊ ၁၉၈၆-၉၁ တပ်ခွဲမှူး ခလရ ၆၇ (မိုင်းရယ်မြို့)၊ ၁၉၉၁-၉၂ ဒုရင်းမှူး ခမရ ၁၃ စစ်ကိုင်း၊ ၁၉၉၂-၉၈ ခမရ ၃၈၅ နမ္မား တပ်ရင်းမှူး၊ ၁၉၉၈-၉၉ စစ်ဦးစီးမှူး ပထမ စစ်ဗျူဟာမှူး၊ ၂ဝဝ၅ စပခ မိုးမိတ်အခြေချ စစ်ဗျူဟာမှူး၊ ၂ဝဝ၅-၂ဝ၁ဝ ပြန်ကြား ရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူး၊ နိုင်ငံအကျိုးဆောင်တံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်အပါအဝင် ဂုဏ်ထူးတံဆိပ် ပေါင်း ၁၆ ခုရထားသည်။
လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌများအဖြစ် ဥပဒေမူကြမ်း ကော်မတီ ဥက္ကဋ္ဌများနှင့် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ပြီးနေသော ဦးနန္ဒကျော်စွာ (ဒဂုံ) နှင့် ဦးမြညိမ်း (ရန်ကုန်-၇) တို့ကို ထပ်မံခန့်အပ်လိုက်သည်။

ထို့အပြင် အတွင်းရေးမှူးများအဖြစ် ပြည်သူ့လွှတ်တော်အတွက် ဦးလှမြင့်ဦး (ပျဉ်းမနား) ကြံ့ခိုင်ရေးနှင့် အမျိုးသားလွှတ်တော်အတွက် ဦးအောင်ငြိမ်း (မကွေး-၂) ကြံ့ခိုင်ရေး တို့ကိုခန့်အပ်သည်။

လွှတ်တော်အဖွဲ့အစည်းများ ဥပဒေအရ အမတ်တဦးသည် ကော်မတီ ၂ ခုတွင် ပါဝင်ခွင့်ရှိသော်လည်း လွှတ်တော်ကော်မတီများဆိုင်ရာ နည်းဥပဒေအရမူ ကော်မတီဝင်များသည် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ခွင့်မရှိသဖြင့် အမတ်များအကြား ဒွိဟဖြစ်နေကြသည်။

ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အဖွဲ့ဝင်များမှာ ဦးစိုင်းဆောင်ဆီ (ကျောက်မဲ) SNDP၊ ဒေါ်မိမြင့်သန်း (ရေး) AMRDP၊ ဒေါက်တာသန်းဝင်း (မြောက်ဥက္ကဌလာ) NDF၊ ဦးစောသိန်းအောင် (လှိုင်းဘွဲ့) ဖလုံ-စဝေါ်၊ ဦးအေးဖေ (ကိုကိုကျွန်း) ကြံ့ခိုင်ရေး၊ ဒေါက်တာစိုးရင် (ကမာရွတ်) ကြံ့ခိုင်ရေး၊ ဦးမင်းဆွေ (ဒိုက်ဦး) ကြံ့ခိုင်ရေး၊ ဦးသိန်းလွင် (ချောက်) ကြံ့ခိုင်ရေး၊ ဒေါက်တာ စံလှိုင် (တောင်ကုတ်) ကြံ့ခိုင်ရေး၊ ဦးပိုက်ထွေး (ကံမ) ကြံ့ခိုင်ရေး၊ ဦးတင်မောင်ဦး (ရွှေပြည်သာ) ကြံ့ခိုင်ရေး၊ ဦးမြင့်စိုး (ပျော်ဘွယ်) ကြံ့ခိုင်ရေး၊ ဒေါ်နန်းနွံ (ရှားတော) ကြံ့ခိုင်ရေး တို့ဖြစ်သည်။ ထူးခြားချက်မှာ ယခင်ကော်မတီများတွင် ကြံ့ခိုင်ရေးပါတီက ၁ဝ နေရာသာယူသော် လည်း ယခုမူ ၁၁ နေရာယူထားခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် လွှတ်တော်အခွင့်အရေးကော်မတီဝင်များမှာ ဂျေယောဝူ (ကချင်-၁၂) တစည၊ ဦးဘိုးရယ် (ကယား-၃) ကြံ့ခိုင်ရေး၊ စောတော်ပလဲ (ကရင်-၇) KPP၊ ဦးဝှေ့ယိန်း (ချင်း-၁၁) CPP၊ နိုင်ထွန်းအုံ (မွန်-၅) AMRDP၊ ဦးမြတ်ကို (စစ်ကိုင်း-၁၂) ကြံ့ခိုင်ရေး၊ ဦးတင်မောင်မြင့် (တနင်္သာရီ-၃) ကြံ့ခိုင်ရေး၊ ဦးရဲမြင့် (ပဲခူး-၄) ကြံ့ခိုင်ရေး၊ ဦးဝင်းမောင် (မန္တလေး-၂) ကြံ့ခိုင်ရေး၊ ဦးညွန့်တင် (ရန်ကုန်-၂) ကြံ့ခိုင်ရေး၊ ဦးနု (ရန်ကုန်-၁ဝ) ကြံ့ခိုင်ရေး၊ ဦးကျော်ကျော် (ရခိုင်-၂) RNDP၊ ဦးနေဝင်းထွန်း (ရှမ်း-၉) ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်တို့ ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် စုစုပေါင်းအမတ် ၂၂၃ ဦးသာ ကျန်ရှိတော့ပြီး ယနေ့ တဦး ခွင့်ဖြင့် ပျက်ကွက်သည်။ ပြည်သူ့လွှတ်တော်တွင် အမတ် စုစုပေါင်း ၄၃၃ ဦးသာကျန်ရှိတော့ပြီး ယနေ့ ခွင့်ဖြင့် နှစ်ဦးပျက်ကွက်သည်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */