“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 07, 2011

နောက်တယောက် ကံဆိုးသူက ဘယ်သူလည်း မောင်ရှင်

Dog eats Dog (သို့) ဇာတ်တူသား အစားခံရနိုင်သည့် စစ်အစိုးရ ဒေါက်တိုင် ပုဆိန်ရိုးများ (၁) .......
Who’s next? ...ဇာတ်တူသား စားကြသူများ ( Dog eats Dog )...

ရောစ် ဒန်ကလီ ပြီးတော့ ဘယ်သူ့ အလှည့် လဲ ......
မြန်မာ တိုင်း ဂျာနယ် ရဲ့ အမှု ဆောင် အရာ ရှိချုပ် ဖြစ်သူ မစ္စတာ ရောစ်ဒန်ကလီကို စစ်အစိုး ရ က သူ့ ရဲ့ ဂုဏ်သိက္ခာ ကို ပါ ထိခိုက်စေတဲ့ အမှု အပါအ၀င် အမှု မျိုးစုံ တပ်ပြီး ဖမ်းဆီး ထားလိုက်ပြီး ဖြစ်ပါတယ်။ အခု တော့ နာမည် ဆိုးနဲ့ ကျော်ကြားလှ တဲ့ ဒီ အင်းစိန် အကျဉ်းထောင် ထဲ မှာ ရောစ်ဒန်ကလီ ဟာ သူနဲ့  အရင်က လုပ် ဖော် ကိုင် ဖက် တွေ ဖြစ်တဲ့ ထောက် လှမ်း ရေး တွေ နဲ့  ကံရေစက် မကုန် သေးလို့ ပြန်ဆုံ စည်း နိုင်တဲ့အ ခွင့် အရေး ရရှိ တယ် လို့ ကြံဖန် ပြောရမှာပါ။

လက်ရှိ မြန်မာ စစ်အစိုးရ လက်ထက်မှာ သော် ၎င်း ယခင် မဆလ၊န၀တ အစိုးရ တွေ မှာ သော် လည်းကောင်း
ဇာတ် တူသား စားတဲ့ အစဉ် အလာ ( Dog Eat Dog) ဟာ ထွန်းကားခဲ့ပါတယ်။

စစ်အစိုးရ ရဲ့ ဇာတ်တူ သား စားတဲ့ အကျင့် ကြောင့် အခု ရွှေနန်းဆောင် မှာ စံနေ နေရာက နေ အခုထောင် နန်း စံ သွား ရတဲ့ သူတွေ မနည်း လှပါဘူး။ သူတို့ ထဲက တစ်ချို့ တွေ ကတော့အကျဉ်း ထောင်အခန်းကျဉ်း လေး ထဲ မှာ ပဲ စစ်အာဏာရှင်ကိုအံ ကြိတ် ၊ တောက်ခေါက်ပြီး ဘ၀ တပါးပြောင်းသွား ခဲ့ရပါတယ်။

ဒီစနစ်မှာ ပါဝင် ပတ်သက် သူတွေ အတွက် ကြမ္မာ ဆိုးနဲ့  အဆုံး သတ် ရတဲ့ ဒီစနစ် ဆိုး ဟာ ခောတ်သစ်လူ အဖွဲ့  အစည်းမှာ မရှိ သင့် တော့ ပါဘူး။ ဘယ်တော့ အဆုံး သတ် နိုင်မလဲ ။

Freedom News Group ရဲ့  နောက်ထပ် ဘယ် သူ ဖြစ်မလဲ (Who’s next?) အစီအစဉ် ကနေ စာနယ်
ဇင်း နယ် မှာ နောက် ထပ် ကံကြမ္မာ ဆိုး နဲ့ ကြုံ နိုင် သူ ငါးဦး ကို ရွေးချယ် ဖော်ပြ လိုပါတယ်။

နောက် တစ် ပတ် (Who’s Next?) အစီအစဉ် မှာ တော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျော်ကြားသူတွေ နဲ
ဖြစ် နိုင် ချေရှိ တဲ့ စစ်ဗိုလ်ချုပ် တွေ ကို ဖော်ပြ မှာပါ။

ဒီတစ် ပတ် မှာ ဖော်ပြထား တဲ့ စာ နယ်ဇင်း သမား များကတော့.....

ဒေါက်တာ နေ၀င်းမောင်

မြန်မာ E.gress ဆို တဲ့ လူမှု အခြေခံ အဖွဲ့ အစည်း တစ်ခု ကို ဖွဲ့ စည်း ခဲ့ပြီး အဲဒီ အဖွဲ့ က အဖွဲ့ ဝင်တွေ ကို လည်း စစ်အစိုး ရ လိုလား သူတွေ ဖြစ်စေခဲ့ သူ State Bully၊ စစ်အစိုးရ လက်ကိုင်တုတ် ပုဆိန်ရိုး နေ၀င်းမောင်
“တကယ်တော့ နေ၀င်း မောင် ဟာ သနား စရာ ငါးသတ္တ၀ါ လေး ပါ”
Living Color မဂ္ဂဇင်း နဲ့  The Voice ဂျာနယ် တို့ ကို တည်ထောင် သူ နဲ့ အယ်ဒီတာ ချုပ် ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ ယေလ်း တက္ကသိုလ် ကနေ ဘွဲ့ ရရှိခဲ့တယ် ဆို တာကြောင့် မြန်မာ စာနယ်ဇင်း အသိုင်းအ၀ိုင်း မှာ လစ်ဘရယ် ပညာ ရေး နဲ့  နိုင်ငံ တကာ ပညာရေး အတွေ့ အကြုံ အရှိ ဆုံး သူ တစ်ဦး ဖြစ်ပါတယ်။
အဲဒီအတွက် လည်း ကြီးကြပ် ဦးစီး တဲ့ မီဒီယာ ထုတ်လုပ်မှု တွေ မှာ နိုင်ငံ တကာ အဆင့် မှီ တဲ့ အဆင့် ကို တွေ့ ကြရမှာ ဖြစ်ပါတယ်။

ဒေါက်တာ နေ၀င်းမောင် ဟာ ယခင် စစ်ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း ရဲ့ သားဖြစ်သူ နဲ့  အကျိုးတူ စီး ပွား လုပ် ခဲ့ရာ ကနေ နောက်တော့ စစ်ထောက်လှမ်း ရေး တစ်ဇာတ်သိမ်း သွား တဲ့ အချိန်မှာ စစ်ဗိုလ်ချုပ် တွေ နဲ့  ဆက်ဆံ ရေး အသစ် ထူထောင်ရင်း သူကိုယ်တိုင် သော် လည်းကောင်း သူ့ ရဲ့  မီဒီယာ တွေ မှာ သော်လည်း ကောင်း စစ်အစိုးရ ရဲ့ ရွေးကောက်ပွဲ ကို ထောက်ခံ တဲ့ အကြောင်း တွေ စစ်တပ် ဖွဲ့ စည်းမှု နဲ့  စစ်အစိုးရ က ဒီမို ကရေ စီ ရေး အသွင်းပြောင်းမှု တွေ ကို ချီးမွမ်း ခန်း ဖွင့် ပြီး ရေးသား ခဲ့ပါတယ်။
ဒါအပြင် မြန်မာ E.gress ဆို တဲ့ လူမှု အခြေခံ အဖွဲ့ အစည်း တစ်ခု ကို ဖွဲ့ စည်း ခဲ့ပြီး အဲဒီ အဖွဲ့ က အဖွဲ့  ၀င်တွေ ကို လည်း စစ်အစိုး ရ လိုလား သူတွေ ဖြစ်စေခဲ့ပါတယ်။
သူ့ ရဲ့ အနာဂတ် ဖြစ် နိုင် ချေ

အနောက် နိုင်ငံ တက္ကသိုလ် တစ် ခု ကနေ ဘွဲ့ ရ ခဲ့တဲ့ ဟာ သူ့ အတွက် တော့ ပညာ မတတ်တဲ့ စစ်ဗိုလ်ချုပ် တွေ အတွက် မျက် စေ့ စပါး မွှေး ဆူးစရာပါ။ တစ်ခါတစ်လေမှာ လည်း သူ ကိုယ်တိုင် စစ်အစိုးရ ကိုထေ့ငေါ့ မှု လေးတွေ လုပ် တဲ့ အတွက် သူဟာ လည်း ဒန်ကလီ ပြီး နောက် ဖြစ် နိုင် ချေ အများ ဆုံး လူလို့  မြန်မာ စာနယ် ဇင်း အသိုင်း အ၀ိုင်း က သုံး သပ် ကြပါတယ်။
သူ က စစ်အစိုးရ ဘုန်းတော်ဘွဲ့ ကို တောင်စဉ် ခုနှစ် ထပ် ချီးမွမ်း ခန်း ဖွင့် ခဲ့ပေ မဲ စစ်အုပ် စု ကတော့ E.gress ကနေ လွှတ်တော် အမတ် နေ ရာ အတွက် ၀င်ရောက် အရွေးခံ ခဲ့ တဲ့ သူတွေ ကို တစ်နေ ရာ မှ မပေး ခဲ့ခြင်း အား ဖြင့် မင်း ကို တို့ အလို မရှိ ဆိုတာ အထင် အရှား ပြခဲ့ပါတယ်။ ဒေါက်တာ နေ၀င်းမောင် နဲ့ ပတ်သက်ပြီး ၀ါရင့် စာနယ်ဇင်း ဆရာ တစ်ဦးက “တကယ်တော့ နေ၀င်း မောင် ဟာ သနား စရာ ငါးသတ္တ၀ါ လေး ပါ”လို့ မှတ် ချက် ပြုပါတယ်။

(၂) ဒေါက်တာ တင်ထွန်း ဦး

၁၉၈၀ ပြည့်လွန် နှစ် တွေ မှာ ပညာ အခြေခံ နည်းတဲ့ လူတန်းစား ကို ပစ်မှတ် ထားပြီး ထုတ်ဝေခဲ့တဲ့သူ့ ရဲ့  သုတ စွယ်စုံ မဂ္ဂဇင်း ဟာ အထို အလျှောက် အောင်မြင် ခဲ့ပါတယ်။ စစ်အစိုး ရ လက်ထက် ဂျာနယ် တွေ ထုတ်ဝေခွင့် ရချိန် မှာ တော့ သူက ဂျာနယ် ခောတ်ဦး ပိုင်းမှာ ပဲ ပြည်မြန် ဂျာနယ်၊ ထွန်းတောက်ကြယ် ဘောလုံး ဂျာနယ် နဲ့  Family Health ဆေး ဂျာနယ်တွေ ကို ထုတ်ဝေခဲ့ ပါတယ်။

နောက်တော့ သူ ဟာ အင်္ဂလိပ်-မြန်မာ နှစ် ဘာသာနဲ့  ထုတ်တဲ့ မြန်မာ တိုင်း ဂျာနယ် ရဲ့  ရှယ်ယာ တစ်ဝက် ကို ပိုင် ဆိုင် သူ လို့  ဆိုင်းမဆင့် ဗုံမပါ နဲ့  လူသိများလာ ပါတယ်။

သူ နဲ့ ရင်းရင်း နှီနှီး ရှိ ခဲ့တဲ့ ဆရာဝန် တစ်ဦး ကတော့ သူ ရဲ့ စွယ်စုံ မီဒီယာ တိုက် က ၀င်ငွေ ဟာ မြန်မာ တိုင်း
ဂျာနယ် အရှင်သခင် တွေ ဖြစ်တဲ့ ယခင် စစ်ထောက် လှမ်းရေး ဟောင်းတွေ ဆီ က ရှယ်ယာ ကို ၀ယ်ယူ နိုင်
လောက် တဲ့ အင်အား မရှိ ဘူး လို့ ဆိုပါတယ်။
ဒေါက်တာ တင်ထွန်းဦး ရဲ့ ဂျာနယ် တိုက် မှာ တာဝန်ထမ်းဆောင် ဖူးခဲ့တဲ့ တစ်ယောက် ကတော့ သူဟာမြန်မာ တိုင်းလို ဂျာနယ် တစ်စောင် ကို ဦးစီးထုတ် နိုင်လောက်အောင် စွမ်းဆောင် နိုင်သူ မဟုတ်ဘူးလို့ ဆိုပါ
တယ်။

ဒါပေမယ့် ပြန်ကြား ရေး ၀န်ကြီး ဗိုလ်ချုပ် ကျော်ဆန်း အပါအ၀င် ၊နအဖ စစ်အရာ ရှိ တစ်ချို့ ရဲ့ မြှောက်စား ခံရသူ ဖြစ်ပါတယ်။

သူ့ ရဲ့ အနာဂတ် ဖြစ် နိုင် ချေ

ဒေါက်တာ တင်ထွန်း ဦးဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲ ကို ပုဇွန်တောင် မြို့ နယ် ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ ဖြိုးရေး ပါတီ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပေ မယ့် အနိုင် မရရှိ ခဲ့ပါ ဘူး။ သူဘာကြောင့် အနိုင် မရဘူးလဲ ဆိုတာ သူ့ ဘာသူ သိပါလိမ့်မယ်။ စစ်အစိုးရ ကတော့ စာနယ်ဇင်းသမားတွေ ကို ပစား ပေးချင်တဲ့ သဘော မရှိတာရော ၊ ရှင်းဖို့ ကြုံလာတဲ့ အခါမျိုး မှာ အမတ် မင်း ဖြစ်နေရင် နဲနဲ အခက်ကြုံနေပါမယ်။ နဲနဲ လွယ်အောင် လုပ်ထားတဲ့ သဘော ဆိုတာ သူ ရိပ်စား မိမှာပါ။
......... @@@@ .........

ကိုကို (စက်မှုတက္ကသိုလ်)

ဆယ်စုနှစ် တစ်စု ကို သမင် လည်ပြန် ကြည့် မယ်ဆိုရင် တော့ သူဟာ ထောင်ထဲ မှာ ကွယ်လွန် သွား ခဲ့ရတဲ့
နိုင်ငံခြားရေး ၀န်ကြီး ဟောင်း ဦးဝင်းအောင် ရဲ့ သားဖြစ်သူ တည်ထောင်ထားတဲ့ 7 Days News Journal ကနေမှ ဘ၀ စတယ်ပြောရင် ရပါတယ်။

အဲဒီနောက် တော့ ပန်းသတင်း ဂျာနယ် ကို Flower News ဂျာနယ် အဖြစ်ပြောင်း လဲ ထုတ်ဝေပါတယ်။
နောက် တော့ ၀န်ကြီး သားမက် စာရေးဆရာ မာဂျေ ဗိုလ်မှုး ၀ဏ္ဏ နဲ့  သိကျွမ်း ရာကနေ ရန်ကုန်တိုင်း ဂျာနယ် ကို ထုတ်ဝေပါတယ်။

လတ်တလော မှာ တော့သူလဲ မြန်မာ နိုင်ငံ စာပေ နှင့် စာနယ်ဇင်း (ဗဟို) မှာလည်း ရာထူး ကြီးကြီး ရထားပြီး အသစ် ဖွဲ့ စည်း ထားတဲ့ သတင်းထောက် များ ကာကွယ်ရေး အဖွဲ့ ကိုမှာ လည်း သြဇာ ရှိတဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ သူ့ ရဲ့ သတင်းထောက်များ ကာကွယ်ရေး အဖွဲ့  ရောစ်ဒန်ကလီ ကို တော့ မကာကွယ်ပေး နိုင် ဘူး လို့ ဆိုပါတယ်။

ဒါဆို နိုင်ငံ ရေး နဲ့ ပတ်သက် ဆက်နွယ်မှု တွေကြောင့် ထောင် ကျနေသူ တွေ ကို ရော ကာကွယ် မပေး နိုင်ဘူးလား လို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။

နာဂစ် မုန်တိုင်း မှာ ဒုက္ခရောက်သူတွေ ကို ကူညီခဲ့လို့ ထောင်ကျခံ နေရတဲ့ ကိုဇော်သက်ထွေး လို လူမျိုးဆို ကူညီ နိုင်ကောင်းပါရဲ့ လို့ မေးစရာ ရှိပါတယ်။

သူ့ ရဲ့ အနာဂတ် ဖြစ် နိုင် ချေ
သူကို တော့ နအဖ က သိပ် မျက် မုန်းကျိုးနေတာ မရှိပေမယ့် သူ့ ထက် သူ လူစွမ်းကောင်း မြန်မာစာနယ်ဇင်း လောက မှာ တော့ သူဟာ အခြား အခါ တစ်ပါးက ဆရာ သမား များရဲ့ မျက်စေ့ နောက်ခြင်းကို ခံနေရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း ရဲ့ လူအရင်းတစ်ယောက်ပေမယ့် သူ ဗိုလ်ချုပ် ကျော်ဆန်း အလွန်ကာ လတွေမှာ သူဟာ ခေါင်းပေါင်းစ ဖြူ နိုင်မယ် မထင် ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေ ဟာ ပထမ လူ ကို ရှင်းတဲ့ အခါ မှာ သူရဲ့ တူသားနောင်မယ် တွေကို အကုန် ရှင်းတာ အကျင့်ပါနေ လို့ ပါပဲ။
......... @@@@ .........

မြတ်ခိုင်
၁၉၈၀ ပြည့်လွန် နှစ် ကာလ များက ရုပ်ရှင်ဝေဖန် ရေး ဆောင်းပါးများ ဖြင့် နာမည် ကျော်ကြားတဲ့ ကွယ်လွန် သူ ဆရာ စိန်ခင်မောင်ရီ ၏ တပည့်ရင်း ဟု လူသိများ ပါတယ်။ ၁၉၉၅ ခုနှစ် မတိုင်ခင်အထိ တော့ မြန်မာ မဂ္ဂဇင်း တွေ မှာ အနုပညာနယ်ထဲက ကျော်ကြားသူတွေ ရဲ့ ဆောင်းတွေရေးပြီး ရပ်တည် ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ဂျာနယ် ခောတ်ဦးမှာ လျှပ်တပျက် ဂျာနယ် ကိုထုတ်ဝေခဲ့ပြီး နောက်တော့ ရပ်နား ခဲ့ရပါတယ်။

၁၉၉၉ ခု နှစ်မှာ စစ်ထောက်လှမ်းရေး ဟောင်းဗိုလ်မှုးချုပ် ကျော်ဝင်း နဲ့ ရင်းနှီးရာကနေ မဟာဂျာနယ် ကို ထုတ်ဝေခွင့် ရခဲ့ ပါတယ်။ နောက် တော့ စစ် ထောက်လှမ်း ရေး ကိုဖယ်ရှား လိုက်တော့မဟာ ဂျာနယ် ဟာ တစ်နွယ် ငင် တစ် စင် ပါ ရပ်တန့်  သွားခဲ့ရပါတယ်။

ဗိုလ်မှုးချုပ် ကျော်ဝင်း ဟာစစ်ထောက်လှမ်း ရေး အရာရှိ တွေ ထဲ မှ တစ်ဦးတည်း သော အဖမ်း မခံ ရသူ ဖြစ်ပါတယ်။သူဟာ စွန်ရဲ ဆိုတဲ့ ကလောင် နာမည် နဲ့  မဟာဂျာနယ်မှာ ဆောင်းပါးတွေ ရေးပါတယ်။

စစ်ထောက်လှမ်း ရေး ပြည်ဖုံးကား ချချိန် မှာ သူဟာ ပြန်ကြား ရေးဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်းနဲ့  ပိုမိုခိုင်မာတဲ့ ဆက်ဆံရေး တွေ ကို ထူထောင် နိုင်ခဲ့ပြီး နောက်ပိုင်း မှာ ဂျပုကျော်ဆန်း လို့ လူသိများ တဲ့ ပြန်ကြားရေးဝန်ကြီး ရဲ့  လူယုံ ဖြစ်လာခဲ့ပါတယ်။

ပြန်ကြားရေး ၀န်ကြီး နဲ့ ရင်းနှီးတာကြောင့် သူ ဟာ နာမည် ဆိုးနဲ့ ကျော်ကြားတဲ့ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ ကိုတောင်လျှပ်တပျက် ဂျာနယ် နဲ့ မော်နီတာ ဂျာနယ် တွေ ကို ထုတ်ဝေပါတယ်။

ဒီဂျာနယ် တွေ ကို ထုတ်ဝေနိုင် ဖို့ အတွက် သူ့ ဂျာနယ်မှာ ငွေကြေးထည့်ဝင် ပေး နေသူတွေ ကတော့ IDEA ဗီနိုင်းကုမ္ပဏီက ဖြစ်ပါတယ်။

နောက်ပိုင်းမှာ တော့ စစ်အင်ဂျင်နီယာ တစ် ဖြစ်လဲ အဆိုတော် နေရဲမာန်က မော်နီတာ ဂျာနယ် အတွက် ငွေကြေး ထည့် ၀င်ထားတယ် လို့ ဆိုပါတယ်။

Freedom News Group က ရွေးချယ်ထုတ် နှုတ် ပြထားတဲ့ စာနယ်ဇင်း နယ်ပယ်က ပုဂ္ဂိုလ်ငါးဦးထဲမှာတော့ မြတ်ခိုင် ဟာ စာရေးပြီး အသက်မွေးဝမ်း ကျောင်းသူ စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။

သူဟာ ပြေလည်တဲ့ ဆက်ဆံ ရေး ကို အလွှာ ပေါင်းစုံနဲ့  ထူထောင် နိုင်ပြီး ကိုကိုကြီးကျယ်၊ လမ်းလျှောက် အယ်ဒီတာ စတဲ့ သူ့ ရဲ့ ကလောင်ခွဲ တွေ က လည်း ထင်ရှားပါတယ်။
၁၉၇၀ ပြည့်လွန် နှစ်တွေ မှာ နိုင်ငံရေး လှုပ်ရှားမှု မှာ ပါဝင်မှု ကြောင့် ဖမ်းဆီးထိန်း သိမ်းခံရပေမယ့် အခု တော့ ပြည်သူ့ အကျိုးစီးပွား ကို ဆန့် ကျင် တဲ့ အာဏာပိုင် အုပ်စုနဲ့ အလွမ်းသင့် ပါတယ်။

အချစ်ဂျာနယ် ပြီး နောက် သူထပ်မံ ထုတ်ဝေ တဲ့ လျှပ်တပျက်ဂျာနယ်မှာ အမျိုးသမီး ၀န်ထမ်းအများစု ကို ခန့် ထား ခဲ့ပြီး ဆုကဗျာ ဆို တဲ့ မော်ဒယ် တစ် ဖြစ်လဲ သတင်း ထောက် မလေး နဲ့ ထောင်မှုး(အင်းစိန်-ရုံးအဖွဲ့ စီမံခန့် ခွဲမှု) တစ်ဦး ဖြစ်ပြီး စူးရှမြတ်မြတ် ဆိုတဲ့ အမည်နဲ့ မအောင်မြင်တဲ့ အချစ် ၀တ္ထု ရေး တဲ့ စာရေး ဆရာမ တစ်ဦး နဲ့ ရင်းနှီးမှု တွေ ရှိတယ်ဆိုတာ ကတော့စာနယ်ဇင်း လောက ရဲ့ သူ့ နောက် ကွယ်မှာ ပြောကြားတဲ့ တီးတိုး သံတွေ ထဲ က တစ် ခု ဖြစ်ပါတယ်။

သူ့ ရဲ့ အနာဂတ် ဖြစ်နိုင်ချေ
မြတ်ခိုင် နဲ့ ပတ် သက် ပြီး သူနဲ့ အရင်းနှီးဆုံး စာနယ်ဇင်း သမား တစ်ဦးက မှတ်ချက် ချတာကတော့ “သူဟာ သိပ်ဆုံးရှုံးမှု မရှိဘဲ နဲ့  စာနယ်ဇင်း လောက ကနေ ကွယ် ပျောက်သွားနိုင်တယ်” လို့ မှတ် ချက် ပြုပါတယ်။

သူ့  ကို မျက်စိစပါးမွေး စူးစရာ အဖြစ် စစ်အစိုးရက မြင်ထားတာ ကတော့ သူဟာ အမေရိကန်ထောက်လှမ်း ရေး အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ စီအိုင်အေ အတွက် ပဲ လုပ်ပေး နေသလိုလို လေသံ ပစ်ထားလို့  ဖြစ်ပါတယ်။
အရင်က တော့ သံယံဇာတ လောက်ပဲ အာရုံထားတဲ့ စစ်အစိုးရ ဟာ အခု တော့ မီဒီယာတွေကို ပါ အာရုံစိုက်နေတာ ကလည်း သူ့ အတွက် ရင်လေး စရာ ဖြစ်ပါတယ်။

သူ့ ကို မလိုမုန်း ထားတဲ့ သူတွေ ကတော့ ဗိုလ်ချုပ် ကျော်ဆန်း မရှိရင် မြတ်ခိုင် ပြီးပြီ လို့ ဆိုပါတယ်။

ရေးသားသူ တင်ကျော်ကျော်စိုး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */