“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 07, 2011

စိန်နားကပ်အရောင်နဲ့ ပြောင်နေတဲ့ပါး

ဦးပိုင်၏ အဓိပတိ ယာဉ်လိုင်း (အဖြူ) အုပ်စုရဲ့ ဖျက်ဆီးရမ်းကားမှု
သင်းအောင်၊ မတ် ၇၊ ၂၀၁၁

မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ပိုင် ခရီးသည်တင် အဓိပတိယာဉ်လိုင်း (အဖြူ) မှ ယာဉ်လုပ်သား ၂၀ ဦးခန့် ဟာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁ နာရီခန့်က တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း၊ ပါရမီကားဝင်းရှေ့မှ ဖြတ် သန်း မောင်း နှင်နေတဲ့ အငှားတက္ကစီယာဉ်များရဲ့ မှန်တွေကို သံတုတ်တွေနဲ့ ရိုက်နှက်ဖျက်ဆီးခဲ့ကြပါတယ်။

တက္ကစီ အငှားယာဉ် ၁၅ စီးလောက်ရဲ့ မှန်တွေ ကွဲကုန်ပြီး ယာဉ်ကိုယ်ထည် အစိတ်အပိုင်းတချို့ ထိခိုက် ပျက်စီးခဲ့ သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

“ခရီးသည် စောင့်နေတဲ့ အငှားယာဉ်တွေ၊ ဖြတ်သွားနေတဲ့ အငှားယာဉ်တွေကို တ၀ုန်းဝုန်းနဲ့ ရိုက်နေတာ။ အငှားယာဉ်မောင်းတွေက အနိုင်ကျင့်လုပ်ရပ်မှန်း သိနေပေမယ့် ဘာမှ ပြန်မလုပ်ရဲဘူး။ ပါရမီကားဝင်းရှေ့ လမ်းမ ကျယ်ပေါ်မှာ ကားမှန်ကွဲစတွေ ဖွေးနေတာပဲ။ တကယ့်ကို ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်” လို့ အနီးအနားမှာ ဈေးရောင်း နေတဲ့သူတဦးက ဆိုပါတယ်။

အငှားယာဉ်တွေကို သံတုတ်ကိုယ်စီနှင့် ရိုက်နှက်နေတဲ့ မြင်ကွင်းကြောင့် လမ်းကြောပေါ်မှာရှိတဲ့ တခြား ယာဉ်များ ကွေ့ပတ်ရှောင်မောင်းခဲ့ကြရကြောင်း၊ အခင်းဖြစ်ပွားရာရှေ့မှာ ဖွင့်ထားသော ဆိုင်ခန်းတွေလည်း အမြန်ပိတ်သိမ်းနေတာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရကြောင်း၊ အခြေအနေကို လုံခြုံရေး တာဝန်ရှိသူများထံ ဆက်သွယ် အကြောင်းကြားပေမယ့် ဘယ်သူမှ ရောက်ရှိ ဟန့်တားခြင်း မရှိကြောင်း သိရပါတယ်။

မျက်မြင် တချို့ကလည်း “တက္ကစီ ယာဉ်မောင်း ၃၊ ၄ ဦး ပါရမီ၊ အဓိပတိ ယာဉ်လိုင်း တာဝန်ရှိသူတွေကို ၀င် ခေါ်ကြတယ်။ လူကြီး မရှိဘူးပြောပြီး ကျန်တဲ့လူတွေ တယောက်မှ ထွက်မတားကြဘူး” လို့ ပြောပါတယ်။

အခင်း စတင်ဖြစ်ပွားပုံနဲ့ ပတ်သက်လို့ ဈေးသည်တဦးက “အဓိပတိ (အဖြူ)ယာဉ်လိုင်းက ယာဉ်လုပ်သားနဲ့ အငှား တက္ကစီ ယာဉ်မောင်းတို့ ပါရမီ ကားဝင်းရှေ့ အရက်ဆိုင်မှာ အချင်းများ ရန်ဖြစ်ကြတယ်။ အဓိပတိ ယာဉ်လုပ်သားက ကားဝင်းထဲ ပြေးဝင်ပြီး သူ့ရဲ့ အဖော်တွေ ပြန်ခေါ်တယ်။ သံတုတ်ကိုယ်စီနဲ့ သူ့ရဲ့ အဖော် တွေ ပြန်ထွက်လာတော့ ခုန တက္ကစီယာဉ်က ထွက်ပြေးသွားပြီ။ သူ့ကို ရှာမတွေ့တာနဲ့ နီးရာ တက္ကစီ အငှား ယာဉ်တွေကို အုပ်စုဖွဲ့ ရိုက်နှက်တော့တာပဲ” လို့ ရှင်းပြပါတယ်။

ကားမှန်တွေ ပျက်စီးသွားတဲ့ အငှားတက္ကစီများက မင်းမဲ့စရိုက်ဆန်စွာ ရမ်းကားခဲ့ကြတဲ့ အဓိပတိယာဉ်အုပ်စုကို အရေးယူပေးဖို့ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၇) ရဲစခန်းမှာ တိုင်ကြားခဲ့ကြပါတယ်။

“နောက်မှန် ပျက်စီးသွားတာ ၆ စီး၊ ကျန်တဲ့ တက္ကစီတွေက ရှေ့မှန်၊ ဘေးမှန်၊ ကားဘော်ဒီ အကုန်ထိကြတယ်။ မနက် ၅ နာရီကျော်မှ တက္ကစီတွေ စခန်း (၁၇) ရှေ့က ပြန်သွားကြတယ်” လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဆိုပါ မင်းမဲ့ စရိုက်ဆန်တဲ့ ရမ်းကားမှုမျိုး ပါရမီ၊ အဓိပတိ ယာဉ်လုပ်သား အများစု မကြာခဏ ကျူးလွန် လေ့ရှိကြောင်း၊ အဓိပတိ ခရီးသည်တင် ယာဉ်မောင်း အချို့ဟာ အဖွဲ့အစည်းရဲ့ အရှိန်အ၀ါကို အသုံးချပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်ရန် ၀န်မလေးကြကြောင်း သိရပါတယ်။
တာဝန်ကျ ယာဉ်ထိန်းတွေကလည်း ဦးပိုင်အဖွဲ့အစည်းနဲ့ အတိုက်အခံ မဖြစ်လို၍ အပေါ့စား ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို မသိကျွိုးကျွံပြု လက်ရှောင်လေ့ရှိကြောင်း၊ စီမံချက်ကာလ (ဒါမှမဟုတ်) ယာဉ်တိုက်မှုများ ကျူးလွန်မှသာ အပြစ်ပေး အရေးယူလေ့ရှိကြောင်း သိရပါတယ်။

အဲဒီ အခင်းဖြစ်ပွားတဲ့နေ့က ရမ်းကားမှု ကျူးလွန်သူ အဓိပတိ (အဖြူ) ယာဉ်လုပ်သားအုပ်စုအား ဘယ်လို အ ရေးယူ ဆောင်ရွက်ထားသလဲဆိုတာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ဧရာဝတီက ဆက်သွယ် မေးမြန်း ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

အမှုဖွင့်ထားသူ တရားလို တက္ကစီယာဉ်မောင်းများအား ဦးစွာ စစ်ဆေးပြီးမှ အဓိပတိ (အဖြူ) ယာဉ် လုပ်သား အုပ်စု အား ဆက်လက်ဆောင်ရွက်ရန် ဖြစ်သော်လည်း မတ် ၄ ရက် ညနေအထိ တရားလိုများကိုပင် ခေါ်ယူ ခြင်း မရှိသေးကြောင်း သိရပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ပိုင် အဓိပတိယာဉ်လိုင်းဟာ ခရီးစဉ်ကို နံပါတ်နဲ့ သတ်မှတ်ခြင်း မပြုဘဲ အဖြူ၊ အနီ၊ အပြာ အပါအ၀င် အရောင် ၅ မျိုးနဲ့ လိုင်းခွဲခြားထားပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */