Tuesday, March 8, 2011 / ဧရာဝတီ ဘလော့ဂ်
လန်ဒန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ထိပ်ဆုံးက အမျိုးသမီး ၁၀၀ စာရင်းကို စာရင်းပြုစုလိုက်ပါတယ်။ သူတို့ တွေကတော့ နိုင်ငံရေးနယ်ပယ်မှာ လွှမ်းမိုးမှု အရှိဆုံး၊ သြဇာအရှိဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမှတ်စဉ် ၁ ကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။
၂ က ချီလီ သမ္မတဟောင်းနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း မီရှဲလ် ဘက်ခ်ျလက်ပါ။
သူကတော့ အခု ကုလသမဂ္ဂ အကြီးအကဲပေါ့။ ၃ ယောက်မြောက်က ဂရို ဟာလန် ဘရန်ဒလန် ဖြစ်ပါတယ်။ သူက နော်ဝေ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ ဆရာဝန်အဖြစ် အသက် မွေးခဲ့တဲ့ သူဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ နံပါတ် ၄ ကတော့ အားလုံးသိကြတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ပါ။ ကျန်တဲ့သူတွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။

0 comments:
Post a Comment