“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 07, 2011

ြုဖုတ်ထုတ်သတ် လည်ပြတ်တော့မဲ့ အောင်သိန်းလင်း..

အိန္ဒြာကျော်ဇင်ရဲ့ မင်္ဂလာဆောင်တက်ရောက်တဲ ရန်ကုန်မြို့တော်ဝန်ဟောင့်း အောင်သိန်းလင်း ကို ဖမ်းထား
ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်း ကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်မှာ သတင်းတွေပြန့် နေပါတယ်။

နောက်ထက်ဆက်လက်ရရှိသောသတင်းအရ အောင်သိန်းလင်း ဟာ လွန်ခဲ့တဲ့တနှစ်က သူမြေးနဲ့ အတူကားတိုက်မှုဖြစ် တုန်းက သူသားနဲ့ချွေးမတို့ဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ကြတယ်။ သူတို့ကို စင်္ကာပူမှာ သွားရောက်ဆေးကုသပေးခဲ့ရ စဉ် ရန်ကုန်မြို့မြူနီစပယ် ဖွံ့ဖြိုးမှုကော်မတီ (Yangoon City Development Committee) ပိုင်ငွေ ဒေါ်လာ ၇ သောင်း ကို ယူသုံခဲ့တယ်။ ဒီငွေကိစ္စနဲ့ သူ့ကိုဆွဲထားတာလို့ သိရှိရတယ်။

အောင်သိန်းလင်း ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သန်းရွှေ အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ကြိုးပန်းပေးခဲ့ရပေမယ့်လဲ ရွေးကောက်ပွဲပြီးလို့ အာဏာခွဲဝေချိန်မှာတော့ သန်းရွှေက နေရာကောင်းမပေးဘဲ ချောင်ထိုးထားတဲ့အတွက် သန်းရွှေ ကို စိတ်ကောက်ပြီး ကတုံးကတိုက် လုပ်မိခဲ့တာ ပြောမိခဲ့တာတွေ ရှိတယ်။ သန်းရွှေ အတွင်းစည်းကနေ ကန် ထုတ်ခံရတဲ့အတွက် သူက စိတ်နာနေသူ ဖြစ်ပါတယ်။ တင်အေး၊ မြင်အောင့် တို့နဲ့  ၀င်ရိုးတန်းဖွဲ့ မိတယ်လို့ သိရတယ်။ ဒီအတွက် သန်းရွှေ အဖွဲ့ရဲ့စောင့်ကြည့်ခြင်းကို ခံရသူ ဖြစ်လာပါတယ်။

နောက် အကြီးဆုံးအမှားကို သူကျူးလွန်မိတာတခုကတော့ သူဟာ အိန္ဒြာကျော်ဇင် မင်္ဂလာဆောင်မှာ သူနဲ့ သူ့  မိန်းမ လည်း တက်ရောက်ခဲ့တယ်။ ဒါကလည်း သန်းရွှေမိသားစုရဲ့ အမျက်သိုခြင်းကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ မင်္ဂလာဆောင်ဟာလည်းလူပြောစရာဖြစ်ခဲ့တယ်။ အဓိကကတော့ လူထုတွေ ငတ်မွတ်ခေါင်းပါးနေချိန်မှာ မင်္ဂလာဆောင် ၆ ပွဲကို သန်းရွေသမီး နဲ့အပြိုင် သာအောင် ဂုဏ်တုဂုဏ်ပြိုင် လုပ်ခဲ့တဲ့အတွက် လူအများကဲရဲ့ ပြစ် တင်ခြင်းကို ခံနေရပါတယ်။ ဒီမင်္ဂလာဆောင်မှာ အောင်သိန်းလင်း မိန်းမ ခင်ဆန်းနွယ် ကလည်း စိန်တွေညွတ်အောင် ၀တ်ပြီး တက် ရောက်ချီးမြှင့်ခဲ့တာက သန်းရွှေ အတွင်းစည်းက လူတွေ မျက်စိစပါးမွှေး ဆူးစေခဲ့တယ်လို့ ဆိုပါတယ်။ အဓိ က အချက်အနေနဲ့ တပ်ချုပ်ကြီး မိသားစုက မနာလိုဖြစ်နေတာပါလို့ အောင်သိန်းလင်း မိန်းမ ကလည်း ပြန်လည် ထိုး နက်ပါတယ်။

ဘာပဲဖြစ်ဖြစ် နအဖ ထိပ်သီးအတွင်းမှာ အကျိုးစီးပွားခွဲဝေပုံ မညီမျှမှုတွေက အက်ကွဲ ကြောင်း ရာပေးနေပြီဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေ၊ ခေါ်ယူမေးမြန်းမှုတွေ၊ တာဝန်မှ ရပ်ဆိုင်းတာတွေအားလုံးကို လူထု ကိုတရားဝင်အသိပေးမှုမရှိခဲ့ပါ ဘူး။ ခိုင်လုံတဲ့ သတင်းရပ်ကွက်အဆိုအရတော့ အောင်သိန်းလင်းကို နေပြည် တော်မှာ ခေါ်ယူမေးမြန်နေတယ်။ တချို့က ဖမ်းလိုက်ပြီ၊ သူရဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းဆည်းဖို့ စာရင်းပြုစု နေပြီလို့ သတင်းတွေထွက်ပေါ်လျက် ရှိပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */