“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 02, 2011

ဇတ်လမ်းတွေကလည်း တမျိုးနဲ့ တမျိုး မရိုးရအောင်

တန်ချိန် ပိုတင်သည့် ကုန်ကားများကို အစိုးရပိုင်အဖြစ်သိမ်းမည်
ဧရာဝတီ Wednesday, 02 March 2011 12:56

မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်ကားများကို အစိုးရပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန (ကညန) ဥပဒေအရ မတ်လ ၁ ရက်နေ့က တရားဝင်အမိန့် ထုတ်ပြန်လိုက်သည်။

မူဆယ်နယ်စပ် ၁၀၅ မိုင်ဂိတ်ကိုဖြတ်၍ တရုတ်ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းလာသည်ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ခေတ်ပြိုင်)
အဝေးပြေး လမ်းများပေါ်တွင် ဖြတ်သန်းသွားလာသော ကုန်ကားများသည် အာဆီယံစံချိန်စံညွှန်းနှင့်အညီ ယာဉ်တွင်ပါရှိသည့် ၀င်ရိုးအရေအတွက်အလိုက် ခွင့်ပြုသည့် ပမာဏအတိုင်းသာ ကုန်စည်များ တင်ဆောင်ကြရန် ယမန်နှစ်ကတည်းက တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ကုန် တန်ချိန်ထက် ပိုမိုကုန်တင်ဆောင်သော ကုန်ကားများကို ယခင်က ကုန်များ လျှော့ချရန်သာ ပြောဆိုခဲ့ကြောင်း၊ ယခု အခါတွင်မူ ကုန်စည်များ လျှော့ချခိုင်းရုံ မဟုတ်တော့ဘဲ ကုန်စည်များနှင့် ကားကို အစိုးရပိုင်အဖြစ် သိမ်းယူသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်သယ်ယူ ပို့ဆောင်ရေးအသင်းမှ ကုန်ကားပိုင်ရှင်တဦးက ပြောသည်။

အဆိုပါအမိန့်ကြောင့် ဆန်၊ ဆီ အပါအ၀င် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ပြောဆို နေကြသည်။

“အခုဟာက အရမ်း တင်းကျပ်လာတယ်။ ကုန်ကား ပိုင်ရှင်တွေကလည်း ဈေးနှုန်းတွေ မြှင့်မှာပဲ။ တချက်မှားတာနဲ့ ကုန်ကားပါ အသိမ်းခံရမှာဆိုတော့ ကုန်စည် သယ်ယူပို့ဆောင်တဲ့ စရိတ်တွေလည်း ထပ်မြင့်သွားမယ်” ဟု ကျောက်ပန်းတောင်းမှ ရန်ကုန်သို့ ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ကိုင်နေသာ အဝေးပြေး ကုန်ကားပိုင်ရှင်တဦးက ရှင်းပြသည်။

အာဆီယံစံချိန်စံညွန်း နှင့်အညီ ကုန်တန်ချိန် သတ်မှတ်တင်ဆောင်သည့် စနစ် စတင် ကျင့်သုံးစဉ် ၂၀၁၀ ပြည့်နှစ် အတွင်းကလည်း ကုန်သယ်ဆောင် စရိတ်များမြင့်တက်ခဲ့ပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။

“ဒီစနစ် စစချင်းမှာ ကုန်စည် သယ်ယူ စရိတ် နှစ်ဆလောက် တက်သွားတယ်။ အရင် ကုန်တတန် သယ်မယ်ဆိုရင် ကျပ် ၃ သောင်းလောက် ကျတဲ့နေရာမှာ ၆ သောင်းလောက် ဖြစ်သွားတယ်။ အဓိက ဆန်တွေဈေးတက်တယ်။ ကားနဲ့ သယ်ရတဲ့ တခြား ကုန်စည်တွေလည်း တက်သွားတယ်” ဟု ဘုရင့်နောင်ဈေးကွက်မှ ကုန်ကားပိုင်ရှင်က ပြောသည်။

ယခုအခြေအနေတွင် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လျက် ရှိခြင်းကြောင့် ကုန်ကားများ တွက်ခြေမကိုက် ဖြစ်နေပြီး လုပ်ငန်း ခေတ္တ ရပ်နားမှုများပင် ရှိကြောင်း သိရသည်။

“ဒီဇယ်က ရန်ကုန်မှာ တဂါလန် ကျပ် ၄၀၀၀၊ နယ်တွေမှာ ၅၀၀၀ လောက်ဖြစ်နေတယ်။ နယ်တွေက တက်လာမယ့် ကုန်ကားတွေက ဒီဇယ်ဈေး တအားမြင့်နေတော့ မကိုက်ဘူး၊ လုပ်ငန်းရပ်ထားတယ်။ ဒီရက်ပိုင်းအတွင်း ကုန်စည် သယ်ယူ ပို့ဆောင်တဲ့စရိတ်တွေ ထပ်တက်ဖို့ရှိတယ်” ဟု ဘုရင့်နောင်ဈေးကွက်မှ ကုန်ကားပိုင်ရှင်က ဆက်ပြောသည်။

ကုန်စည်သယ်ယူစရိတ်များ မြင့်လာသည့် အပြင် လာမည့် ဧပြီလမှ စတင်ပြီး အစိုးရ၀န်ထမ်း လစာများကို ၄ ဆနီးပါး တိုးမြှင့်မည်ဆိုသော သတင်းများလည်း တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် ဆန်၊ ဆီ စသည့် အခြေခံ စားသောက်ကုန်များ အပါအဝင် လူသုံးကုန် ပစ္စည်းဈေးများ တရိပ်ရိပ် တက်လျက်ရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */