“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, March 03, 2011

လေသူရဲတွေ ကျော်သူဆီသာ ဆက်သွယ်ကြတော့

တေဇဘတ်ထားတဲ့ တိုက်လေယာဉ်အစုတ်တွေ မကြာခင်ရောက်လာတော့မည်။

တိုက်လေယာဉ် ပထမအသုတ် မတ်လတွင် ရောက်မည်
စိုင်းဇွမ်ဆိုင်း Wednesday, 02 March 2011 19:14

မြန်မာ့လေတပ်တွင် အသုံးပြုရန် ရုရှား နိုင်ငံမှ မှာယူထားသော MiG-29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ အနက် ပထမ အသုတ် မတ်လအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။


Mig-29_Myanmar400

မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်တွင် မြင်တွေ့ရသော MiG-29B တစင်း (ဓာတ်ပုံ - Airliners)
ရုရှားနိုင်ငံမှ မှာယူထားသော တိုက်လေယာဉ်များမှာ MiG-29B အမျိုးအစား ၁၀ စီး၊ MiG-29SE တယောက်စီး ၆ စီးနှင့် အမောင်းသင် ၂ ဦးစီး ၄ စီး ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ကျသင့်သည့် တန်ဖိုးမှာ ယူရို သန်း ၄၀၀ (အမေရိကန် ဒေါ်လာ ၅၅၃ သန်း) ခန့် ရှိကြောင်း Flightglobal အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းသို့ ဝယ်ယူမှုများသည် မြန်မာ့လေတပ်တွင် MiG-29 လေယာဉ်များ အသုံးပြုမှုကို တိုးမြှင့်ရန် ဖြစ်သည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

MiG တိုက်လေယာဉ်များကို ရုရှားကုမ္ပဏီတခုဖြစ်သည့် လူခိုဗစ်စီ ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်များ အတွက် လေယာဉ်ကိုယ်ထည်များ၊ အပိုပစ္စည်းများကို ၁၉၈၀ နှစ်များ ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တိုက်လေယာဉ်များကို ဝယ်ယူခဲ့ရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဆင်မှုများ၊ အထောက်အပံ့များနှင့် Phazotron N-019 အမျိုးအစား ရေဒါများကိုပါ လေယာဉ်တွင် တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ရောက်ရှိလာမည့် MiG-29 တိုက်လေယာဉ်များ ဝယ်ယူရန် ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်လည်း ယင်းအမျိုးအစား တိုက်လေယာဉ် ၁၂ စင်းကို မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သေးသည်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းကလည်း တိုက်ချင်းပစ် ဒုံးကျည်အပြင် တခြားဒုံးကျည်များ တပ်ဆင်နိုင်သည့် တရုတ် နိုင်ငံထုတ် K-8 အမျိုးအစား လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို လေ့ကျင့်သင်တန်းပေးရန်နှင့် စစ်ဆင်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့သည်။

တိုက်လေယာဉ်များသာမကဘဲ Antonov-148 (An-148) အမျိုးအစား ခရီးသည်တင်လေယာဉ် ၂ စီးကို ရုရှားနိုင်ငံ United Aircraft Corporation မှ လည်းကောင်း၊ MA-60 အမျိုးအစား ကုန်တင်လေယာဉ် ၃ စီးကို China National Aero-Techonology Import and Export Coporation မှ လည်းကောင်း စစ်အစိုးရက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

လာမည့် ဘတ်ဂျက်နှစ်တွင် စစ်အစိုးရက နိုင်ငံ့ဝင်ငွေ၏ လေးပုံ တပုံနီးပါးကို ကာကွယ်ရေးနှင့် စစ်ရေး အသုံးစရိတ်အတွက် အသုံးပြုမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
0
Set as favorite
Bookmark
Email this
Hits: 6698
Comments (3)Add Comment
0
မောင်သန်းရွှေထံသို့ ဖွားဖွားထံမှ ပေးစာ
written by လင်းလက်ကြယ်, March 03, 2011
မောင်သန်းရွှေ ရဲ့ လုပ်ရပ်တွေက ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ရုရှာြး ပည်သူတွေ ပေါင်မုန့်ကို ကောင်စီ ရုံးမှာ တန်းစီပြီး တောင်းစား ရလောက်အောင် ဆင်းရဲေ နချိန်မှာ ရုရှား အစိုးရက လကမ္ဘာတ က်ဖို့ အာကာသ ယာဉ်တွေ ဆောက်ပြီး ငွေဖြုန်းနေတဲ့ အဖြစ် သနစ်ကို ပြန်သတိရ မိစေခဲ့တယ် ။ တိုက်လေ ယာဉ်တွေ နဲ့ ဘယ်သူ့ကို တိုက်မ လို့လဲကွဲ့ ။ မင်းရဲ့ ဂျီးတော် တရုတ် နဲ့ မြောက်ကိုရီးယား ကို တိုက် မလို့လား ။ စဉ်းစဉ်းစား စားလည်း လုပ်ပါကွယ် ။ မိကြိုင် ညည်းလည်း ကြပ်ကြပ်မြှောက်ပေးနေ သိလား ? နင့်လင် မှာလည်း နင့်အလို လိုက်နေတာနဲ့ သေခါ နီးပြီ တရား အားထုတ်ဖို့ အချိန် တောင် မရတော့ဘူး ။

report abuse
-1
vote down
vote up

0
let it be
written by kinghtattha, March 03, 2011
Everyone know what is their next step.They never ever care about the people ,just for their power.wish the military split in pieces and fight each other.want to see killing each other one day.

report abuse
+0
vote down
vote up

0
...
written by Ko J J, March 02, 2011
ပြည်သူတွေ ဆင်းရဲ ဒုက္ခ ရောက်ေ နတာကို များများ မသုံးဘူး...မလိုအပ်တဲ့ လူသ တ်လ က်နက် တွေကိုဘဲ
များများ ဝယ်တဲ့ စစ်အစိုးရ အသုံးကို မကျဘူး.... ပညာရေး ကျန်းမာရေး စားဝတ်နေရေး ချောင်လ ည်ဘို့
များများ သုံးပါလား....

report abuse
+0
vote down
vote up


Write comment
Name
Email
Title
Comment
bold italicize underline strike url image quote Smile Wink Laugh Grin Angry Sad Shocked Cool Tongue Kiss Cry
smaller bigger
I have read and agree to the Terms of Usage.

<>

ads-1
article
Ads-for-article006
Ads-for-Cmnat006
ads-memorial
cartoon
ads-interview2

သူ့အတွေး သူ့အမြင်
အယ်ဒီတာ့အာဘော်

အီဂျစ်ကပေးသော သင်ခန်းစာများ

နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို ဦးတည်တဲ့ အီဂျစ်နိုင်ငံက နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေကို အာရပ်ဒေသတွင်းက သာမကဘဲ အမေရိကန် ပြည်ထောင်စုလိုမျိုး အနောက်ကမ္ဘာခြမ်းက သူ့ရဲ့ သေနင်္ဂဗျူဟာအရ အရေးပါတဲ့
အပြည့်အစုံသို့
စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ

မကြာသေးမီက ရေးသားတင်ပြခဲ့သော “ဒဏ်ခတ်အရေးယူမှုနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အနောက်နိုင်ငံများ စောင့်မျှော်နေကြ
အပြည့်အစုံသို့
ရုပ်သံသတင်း
MORE VIDEOS >>>
ငွေလဲနှုန်း
မတ် ၁၊ ၂၀၁၁
us ၁ ဒေါ်လာ = ၈၈၂ ကျပ်
th ၁ ဘတ် = ၂၈.၂၀ ကျပ်
Donate to Irrawaddy

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */