“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, March 01, 2011

ပြိုင်တူအားကို သုံးရန်လိုပြီ။ ညီညွတ်အားကို မျှဝေကြစေလိုသည်။

ကိုအောင်မင်းရဲ့ facebook ကတင်ထားတဲ့ post ကလေးပါ။ အားလုံးဝိုင်းစဉ်းစားပြီးဘယ်လို ပြည်သူ့ လှုပ်ရှားမှု အရေးတော်ပုံ ကြီးကို အကောင် အထည်ဖော်မယ်ဆိုတာ ဆွေးနွေးကြည့်ကြပါလားဗျာ။ သေချာတာကတော့ ကိုယ့်ဖက်က နည်းနည်းတော့ ရင်းရမှာဘဲ။ ကမ္ဘာကလည်း ကဒါဖီပြီး ဘယ်သူအလှည့်လာမှာ.စောင့်ကြည့်နေကြတဲ့အချိန် ပြည်သူ တွေ ဂုတ်သွေးစုတ်ခံရပြီး ဒုံရင်းအတိုင်း ဘိုးစဉ်ဘောင်ဆက် သန်းရွှေပြီး စိန်မျောက်မျောက် ဒူးထောက်ကျွန်မခံချင်ရင် သေတနေ့  မွေးတနေ့  မြေးမြစ်တွေ ကောင်းစားရေး..အာဇာနည်မျိုးဆွေ တွေ ရင်းကြဖို့ တော်ပါပြီ။
လစ်ဗျားမှာ လူထောင်ကျော်ဘဲ ရင်းရပါတယ်။ ပြည်သူတွေရဲ့ ရင်းရတဲ့ အဖြစ်အပျက်ကိုလည်း ကမ္ဘာသိအောင် တာဝန်သိသိ ထုတ်ပြနိုင်ဖို့  အရေးကြိးပါတယ်။ သေခြင်း၏အတူတူ အမြတ်ထွက်ပြီးနောက်လူတွေအတွက် ကောင်းစားမဲ့ သေခြင်းမျိုးဖြစ်ရမှာပါ။
အသေခံရဲသူ အမာခံတွေက ရှေ့ ကတိုက်ပြီး. တခြား မျိုးချစ်တွေက လည်း ကမ္ဘာသိ အောင် ထင်ထင် ရှားရှား ပြသပေးကြပါ။ မီဒီယာများ သတင်းဌာနများ ဘလော့ဂါများအား ပေးပို့ ပေးကြပါ။ ကျနော်တို့ ဘက်က ကျနော်တို့ တာဝန်ကြေရပါစေ့မယ်။ အကြောင်းလိုက ဆက်သွယ်ပါ။ ဆက်သွယ်ရန် လိပ်စာ sidebar ပေါ်မှာရှိပါတယ်။
အရေးတော်ပုံ အောင်စေလိုလျှင် အောင်မြင်အောင် ပါးနပ်ဖို့ တော့လိုနေပါပြီ။

အာဇာနည်ဘလော့အဖွဲ့ သာများ

စမ်းချောင်းလေးများနိုးထကြ ၊ ပင်လယ်ပြင်ဆီသွားကြစို့။

အခုရက်ပိုင်းအတွင်း ဖေ့ဘုတ်ပေါ်မှာ အဆက်မပြတ် ဖတ်နေရတဲ့ အကြောင်းအရာတွေကတော့ မတ်လ အတွင်းမှာ စစ်အုပ်စုကို အန်တုဖို့ လှုံဆော်သံတွေဘဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုအခြေအနေတွေနဲ့ ဘာတွေလုပ်ရမယ်ဆိုတာတော့ တိတိကျကျပြောဆိုတာမျိုးမတွေ့ရပါဘူး။

ဒါကြောင်း ဒီအကြောင်းနဲ့ ပါတ်သက်ပြီး နဲနဲ ရေးခွင်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ စစ်အုပ်စုကို ဖြုတ်ချဖို့ မြန်မာပြည်သူတွေကို အထွေအထူးတိုက်တွန်းနေစရာ မလိုပါ ဘူး။ဘာကြောင့်လည်းဆိုရင် မြန်မာပြည်သူတွေ ကိုယ်တိုင်ကိုက စစ်အုပ်စုနဲ့ လက်ပါးစေတွေရဲ့ အုပ်ချုပ်မှုကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ စစ်အုပ်စုကို မြန်မာပြည်က အပြီးတိုင် မောင်းထုတ်ဖို့ အခြေအနေနဲ့ အချိန်အခါကောင်းကို စောင့်နေကြတာ ကြာပါပြီ။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါဆိုတာ တခါတလေမှာ သူ့အလိုလို ရောက်လာတတ်ပေမယ့် တခါတလေမှာတော့ မိမိကိုယ်တိုင်က ဖန်တီးရတာတွေ ရှိပါတယ်။ ဒီလိုဖန်တီးရာမှာလည်း မိမိလုပ်နိုင်တဲ့ဘောင်အတွင်းက မိမိဖြစ်ချင်တာကို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အခြေခံပြီး ဖန်တီးမှသာ မိမိလိုချင်တဲ့ ရည်မှန်းချက်ကို တိုက်ရိုက် မဟုတ်ရင်တောင် ရည်မှန်းချက်နဲ့ အနီးဆုံးနေရာကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတော့ ပြည်တွင်းကလူတွေအသိဆုံးဖြစ်မှာပါ ဒါကြောင့် ဒီကိစ္စကိုတော့ ကျွန်တော် မပြောလိုတော့ပါဘူး။ဒါပေမယ့် လုပ်လို့ရနိုင်တဲ့ အနေအထားကိုတော့ ကျွန်တော့် အတွေအကြုံအချိုနဲ့ တင်ပြခွင်ပြုပါ။

ဒီလိုပါ အစိုးရတဖွဲ့ကို လူထုနည်းနဲ့ ဖြုတ်ချတယ်ဆိုတာ အကြမ်းမဖက်လှုပ်ရှားမှု တခုဘဲဆိုတာတော့ ပြောပြနေ စရာ မလိုဘူးထင်ပါတယ်။ ဒါပေမယ် ဒီနည်းရဲ့ အဓိကသော့ချက်ကတော့ အုပ်ချုပ်သူကို မကြိုက်ပါဘူး ဆိုတဲ့သူတွေကို တနေရာထဲမှာ တစုတစီးထဲဖြစ်အောင် လုပ်ရတာပါဘဲ။ ဒီကိစ္စဟာ လွတ်လပ်တဲ့ တိုင်းပြည်တွေမှာတော့ အကြိုးအကြောင်းခိုင်လုံရင် ထမင်းစားရေသောက် ကိစ္စဖြစ်ပေမယ့် အာဏာရှင် အုပ်စိုးတဲ့ တိုင်းပြည်တွေမှာတော့ အခန့်မသင့်ရင် အသက်သေတဲ့အထိတောင် ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်လို စစ်အစိုးရကြီးစိုးတဲ့ အာဏာရှင်နိုင်ငံတွေမှာ ဒီကိစ္စမျိုးကို လုပ်ရင် သေချာဖို့လိုပါတယ်။ ဒီအလုပ်ရဲ့ ပထမပိုင်းမှာ အာဏာရှင်ကိုဖြုတ်ချလိုစိတ် ရှိတဲ့သူတွေကို သတ္တိရှိလာအောင် (UG)နည်းနဲ့ စည်းရုံးရပါတယ်။ ဒုတိယပိုင်းမှာ သေးငယ်တဲ့ အားစမ်းပွဲလေးတွေ ဆင်နွဲရပါတယ် ဒီအချိန်အထိ မိမိကို အာဏာရှင်က ခြေရာမခံမိအောင် သိုသိုသိပ်သိပ် လုပ်ဆောင်ရပါတယ် ဒါကြောင့် ဒီအဆင့်အထိကို(UG) အဆင့်လို့ခေါ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးပြီ မိမိလုပ်ရပ်ဟာ ပထမနဲ့ ဒုတိယအဆင့်ကို ထိထိမိမိ ဖေါ်ဆောင်နိုင်လိုက်တယ်ဆိုရင်တော့ တတိယအဆင့်ကို အမြန်ဆုံးစတင်ရပါမယ်။ ဒီတတိယအဆင့်ဟာ မိမိတို့အတွက်အရေးကြီးတဲ့အဆင့်ဖြစ်သလို၊ အာဏာဆုပ်ကိုင်ထားတဲ့ အာဏာရှင်တွေ အတွက်လည်း အရေးကြီးတဲ့ အဆင့်ဖြစ်သွားပါပြီ ဥပမာပေးရရင် ကျားနဲ့ဆင် တွေ့သလိုပါဘဲ။ ဦးသူက စားရမှာပါ။

သူတို့က အာဏာကို ဆုပ်ကိုင်ထားသူတွေဖြစ်နေတော့ အများသောအားဖြင့် သူတို့ကသာ နိုင်သွားတာ များပါတယ်။ ထားလိုက်ပါ အထက်က ကျွန်တော်ပြောခဲ့တာတွေက သီအိုရီတွေပါ။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ လုပ်လို့ရနိုင်တဲ့ အခြေအနေအချို့ကို သုံးသပ်ခွင့်ပြုပါ။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိအနေအထားဟာ ကျွန်တော်အထက်က ပြောခဲ့တဲ့ အဆင့်တွေကို ပြန်အသေးစိပ်ရပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအနေအထားက ကျွန်တော် အထက်က ပြောခဲ့တဲ့ အဆင့်တွေထဲက ဒုတိယအဆင့်ရဲ့ နောက်ဆုံးပိုင်းမှာရှိနေလို့ပါ။ ဒီလိုပါ အခု အချိန်ဟာ မြန်မာပြည်မှာရှိတဲ့သူတိုင်းဟာ မျှော်လင့်ချက်တွေ မဲ့နေကြပါတယ်။ မျှော်လင့်ချက်မဲ့တယ်ဆိုတာ သူတို့ မှာ မျှော်လင့်ချက်မရှိတာကို ပြောတာမဟုတ်ပါဘူး သူတို့ဘဝအသီးသီးရဲ့ မျှော်လင့်ချက်တွေကို ယ္ခုအာဏာရှင် စစ်အုပ်စုက ဘယ်လိုမှ ဖြည့်စည်းပေးနှိုင်မှာ မဟုတ်ဘူးဆိုတာ လက်ခံထားကြတဲ့ မျှော်လင့်ချက်မဲ့ခြင်းမျိုးပါ။နောက်တခုက ပြည်သူတရပ်လုံးဟာ အစိုးရကို မယုံကြည်သလို အစိုးရကလည်း ပြည်သူလူထုကို ယုံကြည်မှုမရှိတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ဒုက္ခပေးနေတာဟာ အထူးအထွေဝါဒဖြန့်စရာမလိုဘဲ ပြည်သူတွေ ကိုယ်တိုင် နေ့တဒူဝ လက်တွေခံစားနေရလို့ပါ။နောက်တချက်က လူကြီးလူငယ်အားလုံးဟာ မိမိတို့ သက်ဆိုင်ရာအလိုက် စုဖွဲမှုတွေ ရှိပြီး ပီပြင်တဲ့အချက်ပေးသံကို နားစွင့်နေကြတဲ့ အနေအထားမှာ ရှိပါ တယ်။လူထုဆက်သွယ်ရေး နည်းတွေလူငယ်တွေဆီမှာ ရှိနေပါတယ်။ ဒီအချက်တွေဟာ ကျွန်တော်အပေါ်က ပြောခဲ့တဲ့ ပထမအချက်နဲ့ ဒုတိယအချက်ရဲ့ ပထမပိုင်းတွေဘဲ ဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးဟာ အစိုးရတဖွဲ့ကို ဖြုတ်ချဖို့ အကောင်းဆုံးအခြေအနေပါဘဲ။

ဒုတိယအဆင့်ရဲ့ နောက်ဆုံးပိုင်းဆိုတာကတော့ လူထုကို တိကျပြီးအန္တရာယ် ကင်းတဲ့နည်းနဲ့ တစုတဝေး ထဲဖြစ်အောင် စုစည်းးဖို့ပါဘဲ။ ဒီအချက်ဟာ အရေးအကြီးဆုံးအချက်ပါ။လူထုဟာ စည်းရုံးလှုံဆော်သူတွေ ပြောတဲ့စုရပ်ကို အန္တရာယ်ကင်းစွာ လာနိုင်တဲ့နည်းတွေကို လမ်းညွန်မှသာ လူထုဟာ လာကြမှာပါ အဲ့ဒီလိုမှ မဟုတ်ရင် လူထုဟာလက်ရှောင်သွားပါလိမ့်မယ်။ ဒီလိုလူထုက အစပထမမှာ ကတည်းက လက်ရှောင် သွားပြီဆိုရင် မိမိဘက်က ရှုံးတယ်လို့ ပြောလို့မရပေမယ့် ရန်သူကနိုင်လိုက်တယ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့် ဒီနောက်ဆုံးအဆင့် အတွက် ကျွန်တော် ကြိုတင် တွက်ဆထားတာတွေကို အကြံပေးပါရစေ။

(၂၀၀၇) သံဃာအရေးအခင်းကြီးရဲ့ လူစုပုံကို အရင်ဆုံး သုံးသပ်ကြည့်ရအောင်ပါ။

ဒီလိုပါ (၂၀၀၇)သံဃာ့ အရေးအခင်းကြီးရဲ့စုရပ်ဟာ ယေဘူရအားဖြင့် ရွေတိဂုံဘုရားလို့ သုံးသပ်ကြပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလိုမသုံးသပ်ပါဘူး။

သံဃာ့အရေးအခင်းရဲ့ တကယ့်စုရပ်ဟာ ရန်ကုန်မြိုလည်က ဆူးလေဘုရားတဝိုက်ပါ။ ဒီအချက်ကို အဲ့ဒီအချိန်က စည်းရုံး လှုံဆော်သူတွေ ကောင်းကောင်းသိပုံမပေါ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အဲ့ဒီအချိန်က စည်းရုံးသူတွေ က ရွေတိဂုံ ဘုရားမှာ ဘယ်နေ့ဘယ်အချိန်မှာ စုကြပါလို့ ပြောပေမယ့် လူထုအများစုကြီး ကတော့ ရန်ကုန်မြိုလည်ကောင် တဝိုက်မှာ စုစည်းနေကြတာများပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုရင် လူထုကြီးရဲ့စဉ်းစားပုံကဒီလိုပါ သံဃာ့ သပိတ်တပ်ကြီးဟာ ဘယ်လိုဘဲဖြစ်ဖြစ် ရွေတိဂုံဘုရားကနေ ရန်ကုန်မြိုထဲ ကို ချီတက်လာမယ်ဆိုတာ သိတာရယ်။ ပြည်သူလူထု တရပ်လုံးက သပိတ်ထဲမှာ ပါဝင်နေပေမယ့် ဒိုတော့ တချိန်ချိန်မှာ အကြမ်းဖက်ခြေမှုန်းခံရမှာပါဘဲ ဆိုတာကို ယုံယုံကြည်ကြည် လက်ခံထား တာတွေကြောင့် သူတို့အတွက် ကိစ္စတခုခုဖြစ်လာရင် ရွေတိဂုံဘုရားထက် တက်လွယ်ဆုတ်လွယ်ရှိတဲ့ ရန်ကုန်မြို့ထဲကိုဘဲ သွားရောက် စောင့်ဆိုင်းနေကြတာဖြစ်တယ်။

နောက်ဆုံးအရေးကြီးဆုံး တချက်ကတော့ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဘဲ ဖြစ်တယ်။ ဒီအချက်ဟာ (၂၀၁၁) အရေးတော်ပုံ ကို ဖေါ်ဆောင်မယ့်သူတွေ အသုံးပြုသင့်တဲ့ အချက်လို့လဲ ကျွန်တော် အကြံပေးချင်တယ်။ ဒီအချက်က ဘာလဲဆိုရင် ရန်ကုန်မြို့မှာ ဘတ်(စ်)ကားအားလုံးဟာ ဆူးလေဘုရားကို ဦးတည်ပြီး ရန်ကုန်မြို့ရဲ့ အရပ်လေးမျက်နှာကနေ လာကြရတယ်။ နောက်တခုက ရန်ကုန်ဒေသ တွင်းမှာနေ နေကြ တဲ့ ပြည်သူလူထုရဲ့ သုံးပုံနှစ်ပုံဟာ နေ့စဉ် နေ့တိုင်း ဒီလမ်းကြောင်းတွေကိုဘဲ အားထားနေကြရတယ် ဘယ်လို မှ ရှောင်လွဲလို့မရနိုင်ဘူး။

အဲ့ဒီလို လာတဲ့အခါမှာ သူ့အရပ်မျက်နှာအလိုက် စုံရပ်တွေ ထပ်ရှိနေတာကို သွားတွေ့ရတယ်။ ဥပမာ- ရှေ့ပိုင်းခရိုင်ရဲ့ဆုံရပ်ဟာ တာမွေဈေး၊ အနောက်ပိုင်းခရိုင်က လှည်းတန်း ၊မြေနီကုန်း၊ စသည်အားဖြင့် ရှိနေကြ တယ်။ အဲ့ဒီလို ရှိနေကြတာတွေကို အသေးစိပ်လေ့လာသုံးသပ်ပြီး လူထုကြီးကို လမ်းကြောင်းပေး စုစည်း မယ်ဆိုရင် လူထုအတွက်လည်း အန္တရာယ်ကင်းတာကြောင့် ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေဟာ အဆင့်တခုကို ရောက်လာနိုင်တယ်။

ကျွန်တော်ဆိုလိုတာကဒီလိုပါ။ ကျွန်တော်တို့က လူထုကြားရောက်နှိုင်တဲ့ အသံလွင့်ဌာနတွေကနေ တဆင့် သို့မဟုတ် ကျွန်တော်တို့ရဲ့ ကွန်ယက်တွေကနေတဆင့် လူထုကြီးကို စည်းရုံးရာမှာ ဒီနေ့ဒီရက်မှာ ကျွန်တော်တို့ ရန်ကုန်မြို ထဲမှာ ဘာလုပ်မယ်။ဒါကြောင့် လူထုကြီးအနေနဲ့ အရှေ့ပိုင်းခရိုင်မှာနေရင် ပုဇွန်တောင်ဈေးမှာ ဘတ်(စ်)ကားတွေ ပေါ်ကဆင်းပြီး ဆူးလေအထိလမ်းရှောက်ကြပါ။ အနောက်ပိုင်းခရိုင်မှာနေရင် လသာ၊ သီရိမင်္ဂလာင်္ဈေး စသည့်မှတ်တိုင်တွေကနေဘတ်(စ်)ကားပေါ်ကဆင်းပြီး ဆူးလေဘုရားကိုလမ်းရှောက်ကြပါ။ စသဖြင့် လမ်းကြောင်းပေး လှုံဆော်မယ်ဆိုရင် လူထုအနေနဲ့ အစိုးရရဲ့ ဟန့်တားနှောက်ယှက်မှုတွေရှိခဲ့ရင် တောင် သူတို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေတာကြောင့် သူတို့အနေနဲ့ ရဲရဲဝံ့ဝံ့ ပါဝင်လာကြမယ် လို့ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် အချိန်တိကျဖို့ရယ် လူထုကြီးကို ဆင်းပြီးလမ်းရှောက် ခိုင်းတဲ့မှတ်တိုင်ဟာ မိမိစုရပ်နဲ့ လွန်စွာဝေးတဲ့နေရာ ဖြစ်မနေဖို့ အရေးကြီးပါတယ်။(ဥပမာ-စုရပ်က ဆူးလေ။ ဆင်းရမယ့် မှတ်တိုင်က လှည်းတန်းလောက်ဆိုရင် အရမ်းဝေးသွားပါပြီ ဒါမျိုးမဖြစ်ဖို့ပါ)

အစိုးရဖက်က လုပ်လာနိုင်တာက လမ်းတွေကိုပိတ်မယ်၊ လူတွေကို ဒီမှတ်တိုင်မှာ မဆင်းရဘူး ဟိုမှတ်တိုင် ရောက်မှဆင်း စတာတွေကလွဲပြီး ဘာမှမလုပ်နိုင်ပါဘူး။ အကယ်၍အစိုးရက အဲ့ဒီလိုလုပ်လာရင်လည်း ဘယ်နှစ်ရက် လုပ်နိုင်မှာလဲ။ ဒါပေမယ့် အဲ့ဒီလိုလုပ်လာရင် ကျွန်တော်တို့ နိုင်ပြီ လို့သာ မှတ်လိုက်ကြပါတော့။ ပင်လယ်ထဲ စီးဝင်နေတဲ့ စမ်းချောင်းလေးတွေလိုပေါ့၊ ဘယ်သူက ဘယ်လောက်ကြာကြာ ပိတ်ထားနိုင်မှာလဲ။ ရေတို့ရဲ့ သဘော သဘာဝအရ အပေါက်ရှာပြီးစီးဆင်းလာပါလိမ့်မယ် လိုပြောရင်း ဒီနေ့ ခဏ နားမယ်နော်။ ကျေးဇူးတင်ပါတယ်။ စာကြွင်းစာကျန်။ ရေးသားပုံ အမှားပါရင် ကျွန်တော့်တာဝန်ပါ။ လိုအပ်တာဖြည့်စွက် ဆွေးနွေးပေးစေချင်ပါတယ်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */