“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 03, 2011

နိုင်ငံတော် လဒ ကြီးရဲ့ ပထမ ဆုံး မိန့်ခွန်း

သမ္မတကြီးရဲ့ ပထမ ဆုံး မိန့်ခွန်း
ပြည်သူလူထု ကြီး ခင်ဗျာ....

ကျနော်ကတော့ ပြည်သူလူထုကြီးက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ အသစ်မှ သမ္မတကြီးဖြစ်ပါတယ် ခင်ဗျာ ။

ဒီနေ့ ကျနော် ပြောချင်ခဲ့တဲ့ အကြောင်းအရာများကတော့ ကျွန်ူပ်တို့ အုပ်ချုပ်လာခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် အချိန်အတွင်း မြန်မာနိုင်ငံကြီး ကို အဖက်ဖက်မှ ဆုတ်ယုတ်ပျက်စီးလာသည်ဟု ပြောဆိုနေကြသူများ ကို တွေ့ရ၍ များစွာ ၀မ်းနည်းမိပါသည် ။ ထို့ကြောင့် ကျွန်ူပ်၏ ပထမဆုံး မိန့်ခွန်း တွင် တိုးတက်လာသည့် အချက်အလက်များကို ပြည်သူလူထု သိသာစေရန် စုစည်း တင်ပြ ပြောဆိုလိုပါတယ်


( ၁ ) နိုင်ငံတကာ နှင့် ကုန်ဈေးနှုန်းများ ရင်ပေါင်တန်းနိုင်စေရန် ကုန်သည်များကို စိတ်ကြိုက် ဈေးကစားခွင့် ပေးထား၍ ကုန်းဈေးနှုန်းများ
အဆမတန် တိုးတက်လာခြင်း

( ၂ ) အရွယ်မရောက်သေးသည့် ကလေးငယ်များကိုပင် အလုပ်ပေးချင်သည့် စိတ်ဆန္ဒဖြင့် စစ်တပ် အတွင်းသို့ ဇွတ်အတင်း
သွတ်သင်းမှု ကြောင့် စစ်တပ်အင်အား ပိုမို တိုးပွားလာခြင်း

( ၃ ) ကိုယ့်နိုင်ငံသား အချင်းချင်း ပြန်လည် သတ်ဖြတ်ရန် ဆိုသည့် ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
ခေတ်မှီ လက်နက်များ ၀ယ်ယူရခြင်းကြောင့် စစ်အသုံး စရိတ်များ ပိုမို တိုးပွားလာခြင်း

( ၄ ) ပညာတတ်သူများသည် တွေးခေါ်စဉ်းစားသည် အခါ ပင်ပန်း ဆင်းရဲမည် ကို စိုးရိမ်သော ကြောင့် ဘာမှ မသိနားမလည်လျှင်
ဘာမှတွေးလေ့မရှိကြ၍ ပြည်သူများ အား ချစ်ခင် လေးစားသည့် ကျွန်ူပ်တို့ အနေဖြင့် ရည်ရွယ်ချက် မြင့်မားစွာ
ဖြင့် ပညာရေး သင်ကြားမှု အစီအစဉ်များ ကြောင့် ပညာမတတ်သူ အရေ အတွက် ပိုမို တိုးပွားလာခြင်း

( ၅ ) သဘာဝ ဘေးအန္တာရယ် ကို ကြိုတင်သိနေရင် ပြည်သူအများ စိုးရိမ်ထိတ်လန့်နေမည်စိုး၍ ကိုယ်ချင်းစာ တရားများ ဖြင့် အချိန်မှီ
သတင်း မထုတ်ပြန်နိုင်မှု ကြောင့် အသက်ဆုံးရှုံးမှုများ တိုးပွားလာခြင်း

( ၆ ) ပင်ပန်း နွမ်းနေသော ပြည်သူလူထု အပန်းဖြေနိုင်ပါစေ ဆိုသည့် စိတ်ထားဖြင့် လွတ်လပ်စွာ ခွင့်ပြုပေးမှု အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပါဝင်
ဆောင်ရွက်မှုများ ကြောင့် အနှိပ်ခန်း များနှင့် ပြည့်တန်ဆာများ ပိုမို များပြားလာခြင်း

( ၇ ) ကိုယ်ပိုင် အိမ်ယာများ ဖြင့် နေထိုင်ကြလျှင် ငါအိမ် ဆိုသည့် အစွဲများဖြင့် စွဲလမ်းကာ စိတ်ဒုက္ခရောက်ကြရမည် ဆိုးသည့် အတွက် အိမ်ပိုင် ၊
ယာပိုင်များ မရှိစေရန် ရည်ရွယ် ဆောင်ရွက်မှု ကြောင့် အိုးမဲ့ အိမ်မဲ့များ နှင့် အလုပ်လက်မဲ့များ ပိုမို တိုးပွားလာခြင်း

( ၈ ) နှစ်ပါင်းများစွာ ပညာ သင်ကြားရ၍ ပင်ပန်းဆင်းရဲ ခဲ့သည့် အပြင် အလုပ်လုပ် ကိုင် ဆောင်ရွက်နေရသည့် ကိုယ့်နိုင်ငံသားမျာကို ကြည့်ကာ
သနား ဂရုဏာ သက်မိ၍ နှောင်းလူအများ ထိုသို့ ပင်ပန်းဆင်းရဲ မခံစားရစေ ရန် ဖန်တီးပေးထားမှု ကြောင့် ဘွဲ့ရ အလုပ်လက်မဲ့များ ပိုမို
တိုးပွားလာခြင်း

( ၉ ) တရားရေးရာ အမှုထမ်းများ အလုပ် အကိုင် အခွင့်လမ်းကောင်းများ ရရှိစေရေး အတွက် ထိုအဖွဲ့အစည်းများ အလုပ်အကိုင်
ပေါများလာစေရေးကို ဦးတည်ထားသည့် အပြင် ဥပဒေ စိုးမိုးရေး ကို အာရုံစိုက် အားထုတ်မှု ကို သက်သေပြသည့် အနေဖြင့်
အတည်ပြု ထုတ်ပြန်ထားသည့် ပြည်သူများ လိုက်နာ ရန် ခက်ခဲသော ဥပဒေ အသစ်များ ပိုမို တိုးပွားလာခြင်း

( ၁၀ ) အာဏာရှင် စနစ်ဟု ကျွန်ူပ်တို့ကို စွပ်စွဲ ပြောဆို၍ တွန်းလှန်ရန် ကြိုးစားကြသည့် အတွက် ဖမ်းဆီးထိန်းသိမ်းထားရသည့်
နိုင်ငံရေး အကျဉ်းသားများ ပိုမို တိုးပွားလာခြင်း

( ၁၁ ) အင်တာနက်ကို စတင် အသုံးပြုသည့် လူငယ်များက ကော်နက်ရှင် ကောင်းပါစေလို့ ဆုတောင်းကြသည့် အတွက် ဘာသာတရားကို
ပိုမိုအလေးထားလာစေရန် အကြံအစည်များဖြင့် ဆက်သွယ်ရခက်သည့် တယ်လီဖုန်းလိုင်းများနှင့် နှေးကွေးသည့် အင်တာနက်လိုင်းများ
ပိုမိုများပြားလာခြင်းကြောင့် ကုန်ကျစရိတ်များ ပိုမိုတိုးပွားလာကာ ထိုအရာများကို သုံးစွဲသူများ ဖြုန်းတီးပစ်လိုက်ရသည့်
အချိန်များ ပိုမို တိုးပွားလာ ခြင်း

( ၁၂ ) လျှပ်စစ် ဓါတ်အားများ အလျှံပယ် ထုတ်ယူကာ ဖြန့်ဖြူးလိုက်လျှင် ပြည်သူလူထု အမြဲတမ်း အလုပ်လုပ်နေရကာ အနားမယူရမည်ကို
စိုးရိမ်သည့် ကျနော်တိုသည် လျာထားချက်နှင့် ပြည့်မှီအောင် မထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စက်ရုံများ နှင့် ထိုစီမံကိန်းများ
ထုတ်လုပ်သည့် လျှပ်စစ် ဓါတ်အားများ အပြင် တိုင်းပြည် သယံဇာတ ရင်းမြစ်များကို တိုင်းတပါးသို့ တင်ပို့ရောင်းချမှုများ ပိုမို တိုးပွားလာခြင်း


( ၁၃ ) ကိုယ့်နိုင်ငံတွင် အလုပ်မ လုပ်ကိုင်ရသည်ကို ပျင်းရိပါသည်ဟု အကြောင်းပြလျှက် တိုင်းတပါးသို့ ထွက်ခွါ၍ ပင်ပန်း
ဆင်းရဲ ဒုက္ခ ခံလိုကြသည့် မြန်မာနိုင်ငံသားများ ပိုမို တိုးပွားလာခြင်း

( ၁၄ ) ရှေးဟောင်း ယဉ်ကျေးမှုများကို မြတ်နိုးထားသည့် ကျနော်တို့ တိုင်းပြည်မှ လူအများ အတွက် တိုင်းတပါးမှ အသုံးမလိုတော့သည့် ယဉ်ယန္တား
အစုတ်အပြတ်များ တင်သွင်းကာ အသုံးပြကြခြင်းကြောင့် လေထု ညစ်ညမ်းမှုများ ပိုမို တိုးပွားလာစေအောင် စီမံဆောင်ရွက် သည့် အခါ
အချို့သော လူအများက အဟောင်းမသွင်းဘဲ အသစ်များ တင်သွင်းလာမည် ကို စိုးရိမ်သော ကြောင့် လုပ်ပိုင်ခွင့် အာဏာကို အစိုးရမှ
ကိုယ်တိုင်ရွေးချယ် ခွင့်ပြုမှု ကြောင့် အခွန်အခများ တိုးပွားလာကာ ကမ္ဘာမှာ ယာဉ်ယန္တာရား ဈေး အကြီးဆုံး နိုင်ငံ အထိ တိုးတက်လာခဲ့ခြင်း

( ၁၅ ) စစ်မှန်သော ဗုဒ္ဓဘာသာ၏ အကျင့်မှန်များသည် ပင်ပန်းဆင်းရဲကာ လိုက်နာရန် ခက်ခဲသည့် အတွက် နိုင်ငံတော် အကြီးအကဲများ၏
လမ်းညွှန်ချက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မှု ကြောင့် ဗုဒ္ဓဘာသာဝင် အမည်ခံ အတုအယောင် များ
ပိုမို တိုးပွားလာသလို တဖက်ကလည်း ဗုဒ္ဓရဲ့ စစ်မှန်တဲ့ ဓမ္မကို ဆန့်ကျင်ကန့်ကွက်လိုသည့် အယူအဆများ ကို လက်ကိုင်ထားသည့်
လူအင်အား ပိုမိုများပြားလာခြင်း

( ၁၆ ) အဖော်အချွတ်ကို ဦးစားပေးကာ ညစ်ညမ်းစကားလုံးများကို များများ သုံးစွဲမှ အနုပညာ အစစ်ပါလို့ ထင်မှတ်ထားကာ ထိုကဲ့သို့သော
ဖျော်ဖြေမှုမျိုးကို အနစ်နာခံကာ နေရာပေါင်းစုံမှ မျှဝေ ပေးနေသည့် အနုပညာရှင်များ ပိုမိုတိုးပွားလာခြင်း

(၁၇ ) အမှု အခင်း တခု ဖြစ်ပွားသည့် အခါ အမှုမှန် ပေါ်စေရေးထက် ထိုအမှုကို အမြန်ဆုံး ပြီးပြတ် ဆောင်ရွက်လိုသည့် ရဲတပ်ဖွဲ့နှင့်
ထောက်လှမ်းရေးတပ်များ၏ အင်တိုက်အားတိုက် ဆောင်ရွက်မှု ကြောင့် အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီး ညှင့်းပန်း နှိပ်စက်ခံရသည့်
ပြည်သူလူထု အရေအတွက် ပိုမို တိုးပွားလာခြင်း

( ၁၈ ) လယ်ပိုင် ယာပိုင်များ ရှိခြင်းကြောင့် တောင်သူလယ်သများများ နေ့မအား ၊ ညမနား ကြိုးစားလုပ်ဆောင် နေရသည်ကို သနားဂရုဏာ
သက်မိသည့် အတွက် စီမံကိန်းများကို အကြောင်းပြ၍ လယ်ယာ မတရား သိမ်းယူမှုပေးမှု များ လုပ်ဆောင်ခဲ့သည့် အတွက်
လယ်ယာလက်မဲ့ ဖြစ်ခဲ့ရသည့် တောင်သူလယ်သများ အရေအတွက် ပိုမို တိုးပွားလာခြင်း

( ၁၉ ) အစိုးရ အတိုက်အခံများက ကျွန်ူပ်တို့ကို အဖက်ဖက်က နိမ့်ကျနေအောင် လုပ်နေသည်ဟု စွပ်စွဲ ပြောဆို၍ တွေ့သမျှ မြစ်ချောင်းများကို
ဆည်မြောင်းများ ဆောက်လုပ်မှု ကြောင့် ယခုအခါ မြစ်များ အတွင် ရေစီးအားနည်း၍ မြစ်ကြမ်းပြင် မြင့်တက်လာအောင် စွမ်းဆောင်ပြခဲ့ခြင်း

( ၂၀ ) ယခင်က ပိန်းပိတ်အောင် မှောင်မည်းနေသည့် တောကြီး မျက်မည်းများသည် အန္တာရ ယ်ရှိသည်ဟု ယူဆသောကြောင့်
စေတနာနှင့် ခုတ်ထွင် ရှင်းလင်းမှု ကြောင့် ပြုန်းတီးလာသည့် သစ်တောများ နှင့် တောင်ဂတုံးများ တိုးပွားလာခြင်း

( ၂၁ ) လယ်ယာ စိုက်ပျိုးရေး ဂဏ္ဍများတွင်လည်း အထွက်တိုး သီးနှံများ စိုက်ပျိုး၍ တကယ် အထွက်တိုးလာလျှင်
တောင်သူလယ်သများ ဦးကြီးများ သိမ်းဆည်းရ ဒုက္ခရောက်မည် ကို စိုးရိမ်သော စိတ်စေတနာကို အရင်းခံကာ
အထွက်လျော့နည်းသည့် သီးနှံများကို စိုက်ပျိုးနေရသည့် စိုက်ဧကများ တိုးပွားလာခြင်း နှင့် မြန်မာနိုင်ငံထွက်
သီးနှံများတွင် တွင် အာဟာရဓါတ်များ အပြည့်အ၀ ပါရှိပါက ပြည်သူများ သွေးတိုး ဆီးချို အစရှိသည့် ရောဂါများကို
ခံစားရကာ ဒုက္ခရောက်မည်ကို စိုးရိမ်စိတ်ဖြင့် အာဟာရ ဓါတ် လျော့နည်းသည့် မျိုးစိတ်များကို စိုက်ပျိုးခိုင်းမှု ကြောင့်
ယခုအခါ မြန်မာသီးနှံ ကို ကမ္ဘာ့နိုင်ငံ တော်တော်များများ က လက်မခံအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း


ယခုကဲ့သို့ ဘက်စုံထောင့်စုံ ၊ ဂဏ္ဍပေါင်းစုံမှ တိုးတက်နေသည်ကို မနာလို မရှု စိမ့် နိုင်ကြကာ အမျိုးမျိုး ဝေဖန်၍ ပြစ်တင်ပြောဆိုနေကြသည်ကို
ပြည်သူလူထု တရပ်လုံး သိရှိပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်တွင်းမှ ဒီမိုကရေစီ အင်အားစုများကလည်း ကျွန်ူပ်တို့ စွမ်းဆောင် နိုင်မှုကြောင့် တိုင်းပြည် တိုးတက် ဖြစ်ထွန်းနေသည့် မြင်ကွင်းများကို တွေ့မြင်နေရ၍ ထိုအချက်များနှင့် ဆန့်ကျင်ဘက် များ ဖြစ်ပွားအောင် ပြည်သူလူထု အား သွေးထိုးလှုံ့ဆော် ပေးလျှက် ရှိတာကို တွေ့နေရတုန်းပါဘဲ ။

အထက်ပါ အချက်အလက်များသည် ချွင်းချက် မရှိ ပြည့်စုံမှန်ကန်နေပါတယ်လို့ ပြည်သူအများဆီက အတည်ပြု ပြေားကြားတဲ့ အသံများကို ကြားလိုပါတယ် ။ ကျွန်ူပ် တာဝန် ထမ်းဆောင်တဲ့ ငါးနှစ်သက်တမ်း အတွင်း အထက်ပါ အချက်အလက်များ ပိုမိုတိုးတက်စေအောင် ဆောင်ရွက်မည့် အပြင် အခြားခြားသော တိုးတက်မှု အသစ်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားရင် ကျနော့်ရဲ့ မိန့်ခွန်းကို အဆုံးသတ်ပါရစေ ခင်ဗျာ....။


သမ္မတကြီး၏ ပထမ မိန့်ခွန်းတွင် ဖော်ပြခဲ့သည့် အချက်များသည် ယနေ့မြန်မာနိုင်ငံ ပကတိ အခြေအနေများကို ဖော်ပြနေ၍ မှန်ကန်ပါကြောင်း ထောက်ခံသည့် အနေဖြင့် အများသိအောင် စီစဉ် တင်ဆက် ရေးသားလိုက်ပါတယ် ။
http://www.facebook.com/login/setashome.php?ref=home#!/note.php?note_id=206082702742718

ခင်မင်လေးစားလျှက်
ဗမာ့သွေး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */