“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 03, 2011

ဆန့်ငင်ဆန့်ငင် ဖြစ်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ဘဝ

ပေးပို့ သူဗမာသွေး
နအဖအနေနဲ့ အသွင်ကူးပြောင်းရေးကို လုပ်ထုံးလုပ်နည်းအတိုင်း ညင်သာစွာ ပြောင်းလဲရန် စီစဉ်ထားသော်လည်း အစိုးရအဖွဲ့သစ်ရဲ့ အဓိက အာဏာအရှိဆုံးဖြစ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ချင့်ချိန်နေလို့ ၀ရုန်းသုန်းကား ကြုံတွေ့နေရကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ မကြာသေးမီ ကလေးကပင် သတင်းပေးပို့လာပါတယ်။ အထူးသဖြင့် ကောင်စီမှာ အရေးပါသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ရွေးချယ်ရာမှာ တာဝန်ပေးအပ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ခက်ခဲနေဟန် ရှိတယ်လို့ သိရပါတယ်။ လောလောဆယ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား တိုးမြှင့် ခန့်အပ်လိုက်သော်လည်း ဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးပေး/မပေးက မသေချာသေးကြောင်း၊

အလားတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးပေးရန် အလှမ်းဝေးနေသေးကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ကိုမူ ဗိုလ်ချုပ်ကြီး ရာထူးအဆင့်သို့ တိုးမြှင့်ပေးလိုက်မှုကြောင့် ကြည်း/ရေ/လေ ချိန်ခွင်ညှာ ရာထူးတူဖို့ ညှိလိုက်ဟန်ရှိကြောင်း စစ်ဘက်နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

ဆက်လက်ပြီး သတင်းပို့ရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် ကာကွယ်ရေးဝန်ကြီးအား ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ပေးရန်လျာထားသော်လည်း အမိန့်ထွက်ခါနီးမှ ဗိုလ်ချုပ်လှမင်းကို ပြောင်းလဲတာဝန် ပေးလိုက်တဲ့အပေါ် စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်များက အံ့သြသွားကြောင်း သိရှိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနှင့် နောက်ကွယ်မှ ကြိုးကိုင်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးရာထူး တိုးမပေးဘဲ ဆက်ထားနိုင်တယ်လို့ စစ်ဘက်နီးစပ်သူများက သုံးသပ်နေကြပါတယ်။

မတ်လ (၃၀) ရက်နေ့ ၀ရုန်းသုန်းကား ဖြစ်စဉ်များ အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အနေနဲ့ လွှတ်တော်တွင် ၀င်ရောက်မည့် အစီအစဉ်ကို စတင်ခါနီးမှ ကပ်သိရပြီး ကြိုဆိုနေရာချထားမှုအား ဖုတ်ပူမီးတိုက် ပြုလုပ်လိုက်ရသလို သမ္မတနှင့် ဒုသမ္မတများ ကျမ်းသစ္စာ ဆိုသည့်အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် အနေနဲ့ ကျမ်းသစ္စာတိုင်ပေးရမည့် နေရာ လွဲချော်သွားကြောင်း၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခွင့်အမိန့်ကို သတင်းကြေငြာခွင့် ပြုပြီးမှ ပြန်လည်ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ စစ်ဘက်နီးစပ်သူများက ဝေဖန်ရာမှာ အခြေခံဥပဒေအရ အခန်း (၇) ပုဒ်မ (၃၄၂) တွင် ပါရှိတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၏ အဆိုပြုသည့် ထောက်ခံချက်ဖြင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်။

တကယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ မဖွဲ့သေးလို့ အမြန်လုပ်ချင်ရင်တောင်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စောစီးစွာ မတ်လ (၂၇) ရက်နေ့ မတိုင်ခင် ခန့်ထားရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖွဲ့စည်းရာတွင် လုပ်ထုံးလုပ်နည်းအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှတ်တော်မှာ မိတ်ဆက်ပေးရမှာ ဖြစ်သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းမည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဗိုလ်ချုပ်လှမင်း၊ ဗိုလ်ချုပ်သိန်းဌေးတို့အား လွှတ်တော်တွင် တင်ပြရမှာဖြစ်ပြီး လွှတ်တော်က အတည်ပြု ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ထုံးလုပ်နည်း လွဲမှားနေသလို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့အား ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဘေးတွင် နေရာချထားပေးတဲ့ အစီအစဉ်မှာ နိုင်ငံတကာအမြင်တွင် မသင့်လျော်လှပါကြောင်း သုံးသပ် ဝေဖန်သွားပါတယ်။ ဆက်တိုက် ၀င်လာတဲ့သတင်းအရ စစ်ရာထူးခန့်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် အဆင့်နှင့် အထက် အရာရှိကြီးများ အချို့ လေတပ်စခန်းမှူးများ အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန ကဲ့သို့သော အရပ်ဘက် ၀န်ကြီးဌာနများသို့ ပြောင်းရွှေ့ရန် ယနေ့နှင့် သောကြာနေ့တွင် အမိန့်ထွက်ရန်ရှိကြောင်း သတင်းရရှိပါတယ်။


ထိပ်ပိုင်း တပ်မတော်ခေါင်းဆောင်များ သတင်း
Friday, 01 April 2011 00:30


စည်းလုံးခြင်းရဲ့ အင်အား ဝက်ဆိုဒ်သို့ စစ်ရုံး အသိုင်းအဝိုင်းက တပ်မတော်အတွင်း ထိပ်တန်းခေါင်းဆောင်များ အပြောင်းအရွှေ့သတင်းကို ဆက်လက် ပေးပို့လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ဟာ နေပြည်တော် ဇဗ္မူသီရိရှိ မြေကွက် အကျယ်ကြီး တစ်ခုတည်း၊ ခြံဝင်း တစ်ခုတည်းမှာ အိမ်ကိုယ်စီဆောက်ပြီး ပြောင်းရွှေ့ နေထိုင်ရန် ပြင်ဆင်နေပြီလို့ သိရပါတယ်။



ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ဓာတ်ပုံများကို ဖြုတ်ရန် အမိန့် မပေးသေးကြောင်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းအား အတည်ပြု ရွေးချယ်လိုက်သလို စစ်တပ်ရဲ့ တတိယအဆင့် အကြီးဆုံး အရေးပါသော နေရာဖြစ်တဲ့ ညှိနှိုင်း ကွပ်ကဲရေးမှူးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းအား ထပ်မံရွေးချယ် ခန့်အပ်လိုက်ကြောင်း သိရှိရပါတယ်။



ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့စဉ်က ရွှေဝါရောင် အရေးအခင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ထိုနေရာမှ ရာထူးတိုး၍ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်ခဲ့ကာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရေပန်းစားနေရာမှ ဒေါ်ကြိုင်ကြိုင်ရဲ့ ဗေဒင်ကိန်းခန်း စစ်ဆေးမှုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ အရင်နေရာဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုသာ ရရှိသွားခြင်း ဖြစ်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ (DSA - 20) ကျောင်းဆင်းဖြစ်ပြီး ကက (ကြည်း) တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် (လေ) နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) တို့အား ယခုအခါ ဗိုလ်ချုပ်ကြီး Officiating လစာ စတင်ခံစားစေပြီဖြစ်ကြောင်း သတင်း ပေးပို့လာပါတယ်။


ကျားသေကို အသက်သွင်း အာဏာရှင်တို့သတင်း
Sunday, 03 April 2011 09:04

စစ်တပ်နှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ နောက်ဆုံးပေးပို့လာသည့် သတင်းအရ စစ်တပ်အနေဖြင့် ယခင်က ပါဝင် ကြီးကြပ်လျက်ရှိသော စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကွပ်ကဲမှုအဖွဲ့များတွင် ယခုအခါ ပါဝင်ပတ်သက်ခြင်း မပြုကြတော့ရန် ကက(ကြည်း)မှ ညွှန်ကြားလာကြောင်း သိရှိရပါသည်။ ဥပမာ - ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ သင်္ဘောဆိပ်ကမ်း၊ တပ်နယ်ကုန်ဈေးနှုန်း ကြီးကြပ်ရေး၊ တရားမဝင် ဂိတ်ကြေးများ စသည်တို့ကို စစ်တပ်မှ ကိုင်တွယ်ခြင်း မပြုကြရန် ဖြစ်ပါသည်။ ထိုကဲ့သို့ ညွှန်ကြားချက်ကို မည်မျှလောက် အတိုင်းအတာအထိ လိုက်နာနိုင်မည် ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်မည်ဟု ပြောဆိုနေကြပါသည်။ ထို့အပြင် ထိုလုပ်ငန်းများမှ ရရှိနေသော သက်သာချောင်ချိရေး ခေါင်းစဉ်အောက်မှ ဆက်ကြေးများကို မရရှိတော့ပဲ တိုင်းစစ်ဌာနချုပ်ရော တပ်ရင်း တပ်ဖွဲ့များပါ အပိုဝင်ငွေ မရှိကြတော့သည့် အခြေအနေ ဖြစ်နေရာ စီးပွားရေးကြပ်တည်းမှုကြောင့် တပ်တွင်းပေါက်ကွဲမှုလည်း အချိန်မရွေး ဖြစ်ပေါ်နိုင်ကြောင်း၊ ကျားသေကို အသက်သွင်းသလို ကိုယ့်ရူးကိုယ်ပတ်မည့် အာဏာရှင်တို့၏ လုပ်ရပ်ဖြစ်ကြောင်း သတင်းပေးပို့လာပါသည်။



တိုင်းမှူးကတော်များ ဈေးဝယ်ထွက်လျှင် ယခင် ငွေလိုက်ရှင်းပေးနေသည့် စီးပွါးရေးသမားများက အနားကပ် မလာတော့သဖြင့် ကိုယ်တိုင် ငွေချေနေရသော အဖြစ်များကြောင့် မကျေနပ်သံများ ထွက်လာနေကြောင်းလည်း သိရှိရပါသည်။ တပ်ရင်းများမှလည်း အပိုငွေ မ၀င်တော့သဖြင့် ယခင်လို လူကြီးများ တပ်စစ်လာသည်ကို ဧည့်မခံနိုင်တော့သည့်အပြင် အချင်းချင်း လုပ်ပိုင်ခွင့် အာဏာလုကြမည့် အခြေအနေ ရှိနေကြောင်း သိရှိရပါသည်။



ပို၍ဆိုးသည်မှာ တိုင်းနဲ့ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ်များသည် စီနီယာ အရာရှိကြီးများ ဖြစ်ခဲ့သည့်အားလျော်စွာ ဂျူနီယာ အရာရှိကြီးများ ဖြစ်ကြသည့် တိုင်းမှူးများနှင့် လုပ်ပိုင်ခွင့် အာဏာလုမှုကြောင့် သက်သာချောင်ချိရေး၊ စီးပွားရေးလုပ်ငန်းများတွင် ပြဿနာတက်မည့် အရိပ်အရောင်များ ပေါ်ထွက်လာကြောင်း သတင်းရရှိပါသည်။ အမှန်တကယ် စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်ကာ ပြည်သူ့လက်တွင်း အာဏာအပ်နှင်းပါလျှင် တိုင်းပြည်အတွက် များစွာအကျိုးရှိနိုင်သလို တပ်မတော်အနေဖြင့် ဂုဏ်သိက္ခာရှိမည် ဖြစ်သော်လည်း အာဏာရူး ထိပ်ပိုင်းစစ်ခေါင်းဆောင်များကြောင့် မိအေးနှစ်ခါနာရကြောင်း၊ နောက်ပိုင်းတွင် ရဲနှင့် စစစတို့ နေရာရလာကြမည် ဖြစ်ကြောင်းလည်း သုံးသပ် တင်ပြလာပါသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */