“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 01, 2011

ပြောင်ကြီးရဲ့ ဟောင်ချက်များ

သမ္မတသိန်းစိန်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်


မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ် သမ္မတ၀ါး သမ္မတဘိလပ်မြေ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် နိုင်ငံတော် အုပ်ချုပ်ရေးကို လွှဲပြောင်း ရယူခဲ့တဲ့ သမ္မတသစ် သမ္မတ၀ါး သမ္မတဘိလပ်မြေ ဦးသိန်းစိန်ဟာ သူ့အစိုးရ အဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ့် မူဝါဒများကို ပြည်ထောင်စု လွှတ်တော်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက အရေးကြီးတဲ့ အချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး သမ္မတက မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်ပေမယ့် တိုင်းပြည် အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်လုပ်ခဲ့သလို ကြိုတင်မဲတွေနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို ပြောင်ပြောင်တင်းတင်း ရယူကြဖို့ တိုက်တွန်းသွားပါတယ်။ ကာကွယ်ရေး နိုင်ငံ ကာကွယ်ရေးကို ပေါ့ပေါ့ သဘောထားရင် ခေတ်သစ် ကျွန်ပြုတာ ခံရလိမ့်မယ်လို့ သတိပေးခဲ့ပြီး လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် တရုတ် ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် ကိုရီးယားဖြစ်ဖြစ် ရုရှဖြစ်ဖြစ် ၄င်းတို့ထံမှာ အောက်ကျို့ တပည့်ခံပြီး တည်ဆောက်မယ်၊ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် လူတိုင်းစစ်ထဲဝင်ရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး စီးပွားရေးမှာ ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးမယ်၊ ဈေးကွက်စီးပွားရေးက ရလာတဲ့ အကျိုးစီးပွားများကို စစ်ဗိုလ်ချုပ်တွေက ရသမျှ အကုန်အိတ်ထဲထည့်မယ်။ လက်ဝါးကြီးအုပ် စနစ် မဖြစ်အောင် အစိုးရက အကုန်လုံးကို လက်ဝါးကြီးအုပ်ထားပေးမယ်။ တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်ပေးမယ်၊ ထိန်းချုပ်မှုတွေလုပ်မယ်၊ ကန့်သတ်မှုတွေလုပ်မယ် လို့ပြောသွားပါတယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး အတွင် ဆင်းရဲသားတွေကို စစ်ထဲပို့ပြီး အပြတ်ရှင်းပေးမယ်။ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး မြို့သစ်တွေများများဆောက်မယ် လူတွေကို မီးမရှိ၊ရေမလာ၊အိမ်သာပိုက်လိုင်းမရှိ၊ အမှိုက်သိမ်းစနစ်မရှိတဲ့ မြို့သစ်တွေကို ပို့ပေးမယ်။ သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့ ကတိပေး သွားပါတယ်။ တောင်သူလယ်သမား တောင်သူ လယ်သမား များရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေများကို ခေတ်မီ ပြည့်စုံအောင် ပြဋ္ဌာန်းမယ်၊ လယ်ယာထွက်ကုန်များ ဈေးနှိမ်ပြီး အစိုးရက ၀ယ်ပေးမယ်။ စစ်တပ်က အဓမ္မသိမ်းပေးမယ်။ လယ်ယာထွက်ကုန် အရည်အသွေး မြင့်မားဖို့ လယ်တွေကို ကုန်းမြင့်မြင့် တောင်တန်းဒေသတွေမှာ ဖော်ထုတ် ဆောင်ရွက် သွားမယ်လို့ ကတိပေးသွားပါတယ်။ အလုပ်သမား အလုပ်သမားနဲ့ လက်လုပ် လက်စားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ပေးတဲ့အနေနဲ့ တပြည်လုံး လုပ်အားပေး၊ ပေါ်တာ၊ ခေါ်ယူပေးမှာဖြစ်ပြီး။ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်ဈေးနှုန်းမတက်အောင် ကုန်ဈေးနှုန်းကို ခဲဆွဲပေးထားမှာဖြစ်ပြီး လုပ်ငန်းခွင် သက်သာ ချောင်ချိရေးအတွက် ပိန်ပိန်ပါးပါးလူများကိုသာ အလုပ်ဦးစားပေးခေါ်ယူသွားမှာဖြစ်ကြောင်း၊ လူမှုဖူလုံရေး ခံစားခွင့် ရရှိရေးအတွက် စစ်ထဲများများဝင်ကြရန်နှင့် အနိမ့်ဆုံး လစာ သတ်မှတ်ချက်တွေကို ဗိုလ်ချုပ်ကြီးများအတွက် ဆယ်ဆ တိုးပေးပြီး လက်ရှိ လူနေမှုစရိတ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးမှာဖြစ်ကြောင်း။ ပြည်ပရောက် အလုပ်သမားများရဲ့ အခွင့်အရေး ကိုလည်း ကာကွယ် ပေးတဲ့အနေနဲ့ ဆိုင်ရာသံရုံးတွေကနေတဆင့် အခွန်အခများတိုးမြှင့်ကောက်ခံပေးသွားမှာဖြစ်ကြောင်း ကတိပေးသွားပါတယ်။ ပညာရေး ဖွင့်လှစ်ပြီး တက္ကသိုလ်များ၊ ကျောင်းများရဲ့ အရည်အသွေး မြင့်မားရေးအတွက် ထုံးတွေကို အချိန်မှီ သုတ်ပေးသွားမှာဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်း ပြည့်စုံရေး အတွက် ကျောင်းသားမိဘများထံမှ အခွန်အခများကောက်ခံသွားမှာဖြစ်ကြောင်း၊ ပညာရေး ၀န်ထမ်း များရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘ၀ မြင့်မားရေးအတွက် အချိန်ပိုင်းကျူရှင်များဖွင့်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းနေမှုနှုန်း မြင့်မားရေး အတွက် ကျောင်းလခ အဆောင်လခတို့ကို တို့မြှင့်ကောက်ခံ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများ၊ ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များထံမှာ လက်ဖြန့်တောင်းပြီး ရသမျှ အိတ်ထဲထည့်သွားမှာဖြစ်ကြောင်း၊ ပြည်တွင်းမှာ ပညာသင် ထောက်ပံ့ကြေးစနစ် အကောင်အထည်ဖော်မှာဖြစ်ပြီး ပညာသင်ကြားနေသူများအား သက်ဆိုင်ရာ မိဘဆွေမျိုးသားချင်းများက လွပ်လပ်စွာ ထောက်ပံ့ခွင့်တွေရရှိလာမှာဖြစ်ကြောင်း၊ ပြည်ပမှာ ပညာတော်သင်ဆုများ ရရှိရေးအတွက် ရုရှရောက် စစ်သားပညာတော်သင်များ အင်တာနက်မှာ ဖွန်ကြောင်ချိန် လျှော့ချသွားရမှာဖြစ်ကြောင်း၊ ငွေကြေးပစ္စည်းပြည့်စုံဖို့အတွက် ပညာသင်ရင်း တဖက်တလမ်းက ၀င်ငွေရအောင် ယောက်ျားပိုင်းလုံး မိန်းမပိုင်းလုံးများသဖွယ် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ကျန်းမာရေး ဆေးရုံများနဲ့ ကျန်းမာရေး ၀န်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်သွားမှာဖြစ်ကြောင်း၊ ကိုယ်ထူကိုယ် ထ လူမမာက ကုန်ကျခံတဲ့ ကျန်းမာရေးစနစ်၊ ပတ်တီး ဂွမ်း ဆေးဝါးကအစ ဆေးရုံတင်လူနာ ကုတင်ခ အဆုံး လူနာရှင်ဖက်က ကုန်ကျခံရမယ့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းမှာဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍမှာ လိုပဲ နိုင်ငံတကာ၊ ပြည်တွင်း အဖွဲ့အစည်း များထံမှ လက်ဖြန့်တောင်းပြီး ရသမျှ ပူးပေါင်း စားသောက်သွားမှာဖြစ်ကြောင်း၊၊ ရောဂါသုံးမျိုးနဲ့ ပတ်သက်ပြီး (လိပ်ခေါင်း၊ ဗရင်ဂျီနာ၊ ဒူလာ) နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေး သွားပါတယ်။ လူ့အခွင့်အရေး နိုင်ငံသားများရဲ့ မူလ အခွင့်အရေး (လူ့အခွင့်အရေး) တွေကို အခြေခံ ဥပဒေနဲ့အညီ ကျင့်သုံး နိုင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း၊ လူ့အခွင့်အရေးအပြင် ၀ အခွင့်အရေးကိုလည်း နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၀ တွေ လက်နက်ကိုင်ခွင့် ရထားပြီဖြစ် ကြောင်း၊ ၀ နယ်မြေတွေမှာ ၀တွေ လုပ်ချင်တာလုပ်ခွင့်ရပြီဖြစ်ကြောင်း နိုင်ငံတော်အစိုးရကလည်း ၀ ဆို လူ့ ထက် ပိုပြီးဂရုစိုက်လျက်ရှိကြောင်း၊ တည်ဆဲ ဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေသစ် ရေးဆွဲခြင်း များကို လုပ်ချင်တဲ့အချိန် ထ လုပ်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ုချက်ညီညီ ထိန်းနိုင်မယ့် မူဝါဒ တစ်ရပ် ချမှတ်သွားမှာဖြစ်ကြောင်း၊ သစ်တော ထိန်းသလို သစ်မှန်သမျှ အစိုးရက ခုတ်ပြီး တရုတ်ပြည်သို့ ရောင်းစားမှာဖြစ်ကြောင်း လေထု၊ ရေထု ညစ်ညမ်းမှုမဖြစ်ရအောင် လျက်ဆား ထုတ်လုပ်သူများ လျက်ဆားရောင်းချသူများအား ပြင်းပြင်းထန်ထန် ထိမ်းချုပ်သွားမှာဖြစ်ကြောင်း။ စက်ရုံသုံး စွန့်ပစ်ပစ္စည်းများအဖြစ် စက်ပစ္စည်းအသစ်များအား စာရင်းပြ ထုတ်ရောင်းသွားမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို ပြန်လည် သုံးသပ်ပြီး လမ်းလျောက်ရင်းကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အီးမပေါက်ရ စသဖြင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဥပေဒများ ပြဌာန်းသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ပိတောက်မြေဘလောဂ်မှကူးယူပြီး အခမဲ့ ဘာသာပြန်ဖော်ပြပါသည်။ ဘာသာပြန်သူ - သားဆွေ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး သမ္မတက မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်ပေမယ့် တိုင်းပြည် အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်လုပ်ခဲ့သလို ကြိုတင်မဲတွေနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို ပြောင်ပြောင်တင်းတင်း ရယူကြဖို့ တိုက်တွန်းသွားပါတယ်။ ကာကွယ်ရေး နိုင်ငံ ကာကွယ်ရေးကို ပေါ့ပေါ့ သဘောထားရင် ခေတ်သစ် ကျွန်ပြုတာ ခံရလိမ့်မယ်လို့ သတိပေးခဲ့ပြီး လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် တရုတ် ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် ကိုရီးယားဖြစ်ဖြစ် ရုရှဖြစ်ဖြစ် ၄င်းတို့ထံမှာ အောက်ကျို့ တပည့်ခံပြီး တည်ဆောက်မယ်၊ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် လူတိုင်းစစ်ထဲဝင်ရမယ်လို့ ပြောသွားပါတယ်။ စီးပွားရေး စီးပွားရေးမှာ ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးမယ်၊ ဈေးကွက်စီးပွားရေးက ရလာတဲ့ အကျိုးစီးပွားများကို စစ်ဗိုလ်ချုပ်တွေက ရသမျှ အကုန်အိတ်ထဲထည့်မယ်။ လက်ဝါးကြီးအုပ် စနစ် မဖြစ်အောင် အစိုးရက အကုန်လုံးကို လက်ဝါးကြီးအုပ်ထားပေးမယ်။ တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်ပေးမယ်၊ ထိန်းချုပ်မှုတွေလုပ်မယ်၊ ကန့်သတ်မှုတွေလုပ်မယ် လို့ပြောသွားပါတယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး အတွင် ဆင်းရဲသားတွေကို စစ်ထဲပို့ပြီး အပြတ်ရှင်းပေးမယ်။ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး မြို့သစ်တွေများများဆောက်မယ် လူတွေကို မီးမရှိ၊ရေမလာ၊အိမ်သာပိုက်လိုင်းမရှိ၊ အမှိုက်သိမ်းစနစ်မရှိတဲ့ မြို့သစ်တွေကို ပို့ပေးမယ်။ သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့ ကတိပေး သွားပါတယ်။ တောင်သူလယ်သမား တောင်သူ လယ်သမား များရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေများကို ခေတ်မီ ပြည့်စုံအောင် ပြဋ္ဌာန်းမယ်၊ လယ်ယာထွက်ကုန်များ ဈေးနှိမ်ပြီး အစိုးရက ၀ယ်ပေးမယ်။ စစ်တပ်က အဓမ္မသိမ်းပေးမယ်။ လယ်ယာထွက်ကုန် အရည်အသွေး မြင့်မားဖို့ လယ်တွေကို ကုန်းမြင့်မြင့် တောင်တန်းဒေသတွေမှာ ဖော်ထုတ် ဆောင်ရွက် သွားမယ်လို့ ကတိပေးသွားပါတယ်။ အလုပ်သမား အလုပ်သမားနဲ့ လက်လုပ် လက်စားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ပေးတဲ့အနေနဲ့ တပြည်လုံး လုပ်အားပေး၊ ပေါ်တာ၊ ခေါ်ယူပေးမှာဖြစ်ပြီး။ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်ဈေးနှုန်းမတက်အောင် ကုန်ဈေးနှုန်းကို ခဲဆွဲပေးထားမှာဖြစ်ပြီး လုပ်ငန်းခွင် သက်သာ ချောင်ချိရေးအတွက် ပိန်ပိန်ပါးပါးလူများကိုသာ အလုပ်ဦးစားပေးခေါ်ယူသွားမှာဖြစ်ကြောင်း၊ လူမှုဖူလုံရေး ခံစားခွင့် ရရှိရေးအတွက် စစ်ထဲများများဝင်ကြရန်နှင့် အနိမ့်ဆုံး လစာ သတ်မှတ်ချက်တွေကို ဗိုလ်ချုပ်ကြီးများအတွက် ဆယ်ဆ တိုးပေးပြီး လက်ရှိ လူနေမှုစရိတ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ပေးမှာဖြစ်ကြောင်း။ ပြည်ပရောက် အလုပ်သမားများရဲ့ အခွင့်အရေး ကိုလည်း ကာကွယ် ပေးတဲ့အနေနဲ့ ဆိုင်ရာသံရုံးတွေကနေတဆင့် အခွန်အခများတိုးမြှင့်ကောက်ခံပေးသွားမှာဖြစ်ကြောင်း ကတိပေးသွားပါတယ်။ ပညာရေး ဖွင့်လှစ်ပြီး တက္ကသိုလ်များ၊ ကျောင်းများရဲ့ အရည်အသွေး မြင့်မားရေးအတွက် ထုံးတွေကို အချိန်မှီ သုတ်ပေးသွားမှာဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်း ပြည့်စုံရေး အတွက် ကျောင်းသားမိဘများထံမှ အခွန်အခများကောက်ခံသွားမှာဖြစ်ကြောင်း၊ ပညာရေး ၀န်ထမ်း များရဲ့ အရည်အချင်းနဲ့ လူမှုစီးပွားဘ၀ မြင့်မားရေးအတွက် အချိန်ပိုင်းကျူရှင်များဖွင့်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ကျောင်းနေမှုနှုန်း မြင့်မားရေး အတွက် ကျောင်းလခ အဆောင်လခတို့ကို တို့မြှင့်ကောက်ခံ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများ၊ ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များထံမှာ လက်ဖြန့်တောင်းပြီး ရသမျှ အိတ်ထဲထည့်သွားမှာဖြစ်ကြောင်း၊ ပြည်တွင်းမှာ ပညာသင် ထောက်ပံ့ကြေးစနစ် အကောင်အထည်ဖော်မှာဖြစ်ပြီး ပညာသင်ကြားနေသူများအား သက်ဆိုင်ရာ မိဘဆွေမျိုးသားချင်းများက လွပ်လပ်စွာ ထောက်ပံ့ခွင့်တွေရရှိလာမှာဖြစ်ကြောင်း၊ ပြည်ပမှာ ပညာတော်သင်ဆုများ ရရှိရေးအတွက် ရုရှရောက် စစ်သားပညာတော်သင်များ အင်တာနက်မှာ ဖွန်ကြောင်ချိန် လျှော့ချသွားရမှာဖြစ်ကြောင်း၊ ငွေကြေးပစ္စည်းပြည့်စုံဖို့အတွက် ပညာသင်ရင်း တဖက်တလမ်းက ၀င်ငွေရအောင် ယောက်ျားပိုင်းလုံး မိန်းမပိုင်းလုံးများသဖွယ် ဆောင်ရွက် သွားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ကျန်းမာရေး ဆေးရုံများနဲ့ ကျန်းမာရေး ၀န်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်သွားမှာဖြစ်ကြောင်း၊ ကိုယ်ထူကိုယ် ထ လူမမာက ကုန်ကျခံတဲ့ ကျန်းမာရေးစနစ်၊ ပတ်တီး ဂွမ်း ဆေးဝါးကအစ ဆေးရုံတင်လူနာ ကုတင်ခ အဆုံး လူနာရှင်ဖက်က ကုန်ကျခံရမယ့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်းမှာဖြစ်ကြောင်း၊ ပညာရေး ကဏ္ဍမှာ လိုပဲ နိုင်ငံတကာ၊ ပြည်တွင်း အဖွဲ့အစည်း များထံမှ လက်ဖြန့်တောင်းပြီး ရသမျှ ပူးပေါင်း စားသောက်သွားမှာဖြစ်ကြောင်း၊၊ ရောဂါသုံးမျိုးနဲ့ ပတ်သက်ပြီး (လိပ်ခေါင်း၊ ဗရင်ဂျီနာ၊ ဒူလာ) နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်မယ်လို့ ကတိပေး သွားပါတယ်။ လူ့အခွင့်အရေး နိုင်ငံသားများရဲ့ မူလ အခွင့်အရေး (လူ့အခွင့်အရေး) တွေကို အခြေခံ ဥပဒေနဲ့အညီ ကျင့်သုံး နိုင်ရေးဟာ အစိုးရသစ်ရဲ့ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း၊ လူ့အခွင့်အရေးအပြင် ၀ အခွင့်အရေးကိုလည်း နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၀ တွေ လက်နက်ကိုင်ခွင့် ရထားပြီဖြစ် ကြောင်း၊ ၀ နယ်မြေတွေမှာ ၀တွေ လုပ်ချင်တာလုပ်ခွင့်ရပြီဖြစ်ကြောင်း နိုင်ငံတော်အစိုးရကလည်း ၀ ဆို လူ့ ထက် ပိုပြီးဂရုစိုက်လျက်ရှိကြောင်း၊ တည်ဆဲ ဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေသစ် ရေးဆွဲခြင်း များကို လုပ်ချင်တဲ့အချိန် ထ လုပ်မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များကို ဟန်ုချက်ညီညီ ထိန်းနိုင်မယ့် မူဝါဒ တစ်ရပ် ချမှတ်သွားမှာဖြစ်ကြောင်း၊ သစ်တော ထိန်းသလို သစ်မှန်သမျှ အစိုးရက ခုတ်ပြီး တရုတ်ပြည်သို့ ရောင်းစားမှာဖြစ်ကြောင်း လေထု၊ ရေထု ညစ်ညမ်းမှုမဖြစ်ရအောင် လျက်ဆား ထုတ်လုပ်သူများ လျက်ဆားရောင်းချသူများအား ပြင်းပြင်းထန်ထန် ထိမ်းချုပ်သွားမှာဖြစ်ကြောင်း။ စက်ရုံသုံး စွန့်ပစ်ပစ္စည်းများအဖြစ် စက်ပစ္စည်းအသစ်များအား စာရင်းပြ ထုတ်ရောင်းသွားမှာဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများကို ပြန်လည် သုံးသပ်ပြီး လမ်းလျောက်ရင်းကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အီးမပေါက်ရ စသဖြင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဥပေဒများ ပြဌာန်းသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ပိတောက်မြေဘလောဂ်မှကူးယူပြီး အခမဲ့ ဘာသာပြန်ဖော်ပြပါသည်။ ဘာသာပြန်သူ - သားဆွေ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */