“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 01, 2011

လုမ၀သော ဒါးပြများ

မုတ္တမကမ်းလွန်ရှိ ဇောတိကနှင့် ရခိုင်ကမ်းလွန်ရှိ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓါတ်ငွေ့မြေတို့မှ ဓါတ်ငွေ့များကို တရုတ်နှင့် ထိုင်းသို့ ၂၀၁၃ ခုနှစ် မေလနှင့် အောက်တိုဘာလတွင် စတင်ရောင်းချမည်

31/Mar/2011 မြန်မာနိုင်ငံ မုတ္တမကမ်းလွန်ရှိ ဇောတိက ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရခိုင်ကမ်းလွန်ရှိ ရွှေ၊ ရွှေဖြူ၊ မြရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းတို့မှ သဘာဝဓာတ်ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလနှင့် အောက်တိုဘာလတွင် စတင်ရောင်းချရန် ပြင်ဆင်လျက်ရှိကြောင်း အဆိုပါ အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရပါသည်။ "မြန်မာနိုင်ငံက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေက အရည်အသွေးမြင့်ပါတယ်။ ရေပါဝင်မှု နည်းတဲ့ Dry Gas တွေဖြစ်ပြီး သန့်စင်တဲ့ဓာတ်ငွေ့တွေပါ။ အခု ရတနာနဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ မြေတွေကနေ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချ နေပါတယ်။ နောက်ထပ် ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝ ဓာတ်ငွေ့ စီမံကိန်းတွေက ဓာတ်ငွေ့တွေကို တရုတ်နဲ့ ထိုင်းကို ရောင်းချဖို့ ပြင်ဆင်ထားသလို ပြည်တွင်း သုံးစွဲဖို့လည်း စီမံထားပါတယ်"ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ ၂၀၀၃ ခုနှစ်တွင် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်း ဖြစ်လာရန် ရှာဖွေမှုပြုခဲ့သော လုပ်ကွက်အမှတ် အမ်-၇၊ အမ်-၉ နှင့် ၂၀၀၅ ခုနှစ်တွင် အမ်-၁၁ တို့ကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ်တွင် ဇောတိက သဘာဓာတ်ငွေ့မြေမှ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုလျက်ရှိပြီး ၂၀၁၃ ခုနှစ်တွင် စတင်ရောင်းချရန် ပြင်ဆင်နေကြောင်း သိရသည်။ ရခိုင်ကမ်းလွန်ဒေသရှိ A-1နှင့် A-3 တို့တွင် တွေ့ရှိရသော အချက်အလက်များအရ ရွှေ၊ ရွှေဖြူနှင့် မြ သဘာဝဓာတ်ငွေ့မြေ အသီးသီးတွင် စုစုပေါင်း ဓာတ်ငွေ့ပမာဏ ၄ ဒသမ ၅၃၂ TCF ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ အဆိုပါ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချနိုင်ရေး အတွက် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းလျက်ရှိပြီး ပထမဆုံး ပို့လွှတ်မည့် ဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ် မေလတွင် ပို့လွှတ်နိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။ ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ပို့လွှတ် ရောင်းချမည့် မုတ္တမကမ်းလွန်ရှိ ဇောတိက ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းကို ထိုင်းနိုင်ငံ အခြေစိုက် PTTEPI ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည်။ တရုတ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် မေလတွင် စတင်ပို့လွှတ် ရောင်းချမည့် ရခိုင်ကမ်းလွန်ရှိ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့ စီမံကိန်းတို့ကို တောင်ကိုရီးယား အခြေစိုက် Daewoo International Corporation မှ ရင်းနှီးမြှုပ်နှံထားကြောင်း ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်၊ အတွဲ(၆)၊ အမှတ်(၂၆)တွင် ဖော်ပြထားပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */