“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 10, 2011

ဆန္ဒပြ ယီမင် ကျောင်းဆရာများ အကြမ်းဖက် နှိမ်နှင်းခံနေရ

Friday, 08 April 2011 23:36 Editor
ပြီးခဲ့သည့် ၂ ပတ်အတွင်း ဆန္ဒပြပွဲများတွင် ကျောင်းဆရာ ၃ ဦး အနည်းဆုံး အသတ်ခံခဲ့ရကြောင်း ယီမင် ကျောင်းဆရာ အစည်းအရုံး Yemen Teachers Syndicate က ပြောဆိုလိုက်သည်။

“သိပ်မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ကျောင်းဆရာ ၃ ဦး အနည်းဆုံး သေဆုံးခဲ့ရတာကို ကျနော်တို့ သတင်းရပါတယ်” အစည်းအရုံး ပြောရေးဆိုခွင့် ရှိသူ ယေဟအလီနိုင်က ဆိုသည်။

“ဂျော့ဒေသမှာ ဆရာအဘ်ဒူလာ မိုဟာမက်ချီဟတ်နဲ့ ဆရာအာမတ်အယ်ဂျဘာ ကူဝိတ်တာတို့ရယ်၊ တိုင်အက်စ်မြို့မှာတော့ အဘ်ဒယ်ဆလမ်ကာဆင် ရှမီရီတို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။”

ဆန်နားဒေသတွင် လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် ဆရာ မာဖို့ဖက်အယ်ရှာဘီ၏ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်နေရကြောင်း အစည်းအရုံးက ပြောပြခဲ့သည်။ ဒါဇင်ပေါင်းများစွာတို့မှာလည်း နေအိမ်များမှ ခေါ်ထုတ်သွားခြင်း၊ ရိုက်နှက်ခြင်း၊ သို့မဟုတ် မျက်ရည်ယိုဗုံးများကြောင့် အဆိပ်သင့်ခြင်းတို့ကို ခံနေရကြောင်း အစီရင်ခံ တင်ပြထားသည်။

နိုင်ငံတကာ ပညာရေး သမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး ဖရက်ဗန်လီယူဝန်က ယခုကဲ့သို့ ပြောဆိုလိုက်သည်။ “ဆန္ဒပြသမားတွေ၊ အထူးသဖြင့် သမဂ္ဂ၀င်များကို ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းတွေ လုပ်နေတဲ့အပေါ် EI အနေနဲ့ လုံးဝ ပြစ်တင်ရှုတ်ချပါတယ်။ သူတို့က အခြေခံ အခွင့်ရေးများနဲ့ လွတ်မြောက်မှုအတွက် တရားဝင် တောင်းဆိုမှုတွေ လုပ်နေကြတာပါ။”

အခြေအနေများ ပြောင်းလဲနေမှုမှာ မြန်ဆန်လှသည်။ ဤအတွက် ဆရာအသင်းအနေဖြင့် ကျောင်းဆရာမည်မျှ ထပ်မံပြီး စော်ကားခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ အသတ်ခံရခြင်း တို့ကို အသေအချာသိရန် အခက်အခဲရှိနေသည်။ သို့ရာတွင် ဆရာအသင်းအနေဖြင့် ဆန္ဒပြသူများအား နှိပ်ကွပ်မှုတို့ကို နိုင်ငံတကာသို့ သတင်း ပေးသွားမည်ဟု ဆို၏။

EI က အာဏာပိုင်များ၏ လုပ်ရပ်တို့ကို ပြစ်တင်ရှုတ်ချလိုက်သည်။ သမဂ္ဂအခွင့်အရေးနှင့် အခြေခံ လူ့ အခွင့်အရေးတို့ အပေါ် စော်ကားနေမှုတို့ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ထိရောက်စွာ ဖိအားပေး အရေးယူရန် EI က လှုံ့ဆော်ထားသည်။

မောက္ခနိုင်ငံတကာ ဆရာသမဂ္ဂသတင်းRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */