“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 08, 2011

တရုတ် နာမည်ကျော် ဒီဇိုင်းအနုပညာရှင် အိုင်ဝေေ၀ကို ဖမ်းဆီး

Tuesday, 05 April 2011 02:34 မောက္ခ နိုင်ငံတကာသတင်း
တနင်္ဂနွေနေ့က တရုတ် နာမည်ကျော် အနုပညာရှင် အိုင် ဝေေ၀ ရဲ့ စတူဒီယိုကို ရဲများ ၀ိုင်းထားခဲ့သည်။ စတူဒီယို ၀န်ထမ်း ၈ ယောက်ကို တရုတ်ရဲတွေက ဖမ်းပြီး စစ်ဆေး မေးမြန်းမှုများလုပ်ခဲ့သည်။

မကြာပါ ဒီဇိုင်းနာ အိုင်ဝေေ၀ နှင့် သူ့လက်ထောက်ကို ပေကျင်း လေဆိပ်မှာ ဟောင်ကောင်ကို ထွက်ဖို့ လုပ်နေစဉ် ဖမ်းဆီးခဲ့သည်။

ကမ္ဘာသိ အနုပညာရှင် အိုင်ဝေေ၀ က တရုတ်ကွန်မြူနစ်ပါတီကို ပြည်တွင်းမှာ ကျယ်ကျယ်လောင်လောင် ဝေဖန်သူ တစ်ဦးဖြစ်သည်။ ၂၀၀၈ ခုနှစ် တရုတ်အိုလံပစ်ပွဲတော်အတွက် ‘ငှက်သိုက် အားကစားရုံ’ ဒီဇိုင်းကို လုပ်ပေးခဲ့သူဖြစ်ပြီး၊ နောက်ပိုင်း အားကစားပွဲများကို သပိတ်မှောက်ခဲ့သည်။ အကြောင်းမှာ အစိုးရက အိုလံပစ်ကို ၀ါဒဖြန့်မှုသက်သက် အတွက် လုပ်ဆောင်နေခြင်းကြောင့်ဟု ဆိုသည်။

နာမည်ကြီး တရုတ် ကဗျာဆရာကြီးရဲ့ သားဖြစ်တဲ့ အိုင်ဝေေ၀ မှာ ဆွေမျိုးအသိုင်းအ၀ိုင်း ကြီးသူ ဖြစ်သည်။ ကွန်မြူနစ်ပါတီ အရာရှိများကို တန်းတူထား ပြောဆို ဆက်ဆံနိုင်သူ ဖြစ်သည်။ သူ့ရဲ့ ပေကျင်း အိုလံပစ် တည်ဆောက်ခဲ့တုန်းက အင်စတော်လေးရှင်း ပညာရပ်များကို ယခု လန်ဒန်ရှိ Tate Modern gallery တွင် ပြသထားသည်။

အိုင်ဝေေ၀က လက်ရှိအစိုးရကို လုံးဝ စိတ်ပျက်ကြောင်းနဲ့ တရုတ်လူငယ်တွေအနေနဲ့ အင်္ဂလိပ်စာ လေ့လာဖို့နဲ့ ပြင်ပထွက် ပညာသင်ယူဖို့ အမြဲ တိုက်တွန်းတတ်သူ ဖြစ်သည်။ ပြီးခဲ့တဲ့နှစ်ကစပြီး သူ့ကို နိုင်ငံခြား ခရီးမသွားနိုင်အောင် အစိုးရက ပိတ်ပင်ခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောင်ဘိုအတွက် ဆုကို နော်ဝေနိုင်ငံ အော်စလိုမှာ ကိုယ်စားသွားမယူဖို့ တားမြစ်ထားခြင်း ဖြစ်သည်။ မကြာခဏ အကျယ်ချုပ်ဖြင့် စောင့်ကြည့်ခံရပြီး၊ ယခုနှစ် ဇန်န၀ါရီတွင်တော့ ရှန်ဟိုင်းရှိ သူ့ စတူဒီယို အပိတ်ခံခဲ့ရသည်။

အခု ရဲတွေက အထက်အမိန့်နဲ့ သူ့ စတူဒီယိုကနေ ကွန်ပျူတာ ၁၃ လုံးကို သိမ်းလိုက်သည်။ အာရပ် နိုင်ငံတွေမှာ ဖြစ်နေတဲ့ တော်လှန်ရေးမျိုး အိုင်ဝေေ၀က တရုတ်ပြည်တွင်းမှာ လှုံ့ဆော်နေတာကြောင့် အရေးယူခြင်း ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက အခုထိ တရုတ်အစိုးရက ရှေ့နေ၊ ဘလော့ဂါနဲ့ အက်တစ်ဗစ် ၂၅ ဦးကို ဖမ်းဆီးခဲ့သည်။

မောက္ခ နိုင်ငံတကာသတင်း Source: CNNRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */