“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 05, 2011

အာဏာရူးချင်လို့ ကတော့ နှစ်ခြမ်းမက အစိတ်စိတ်ကွဲမှာ

NDF နှစ်ခြမ်းကွဲ
ဧရာဝတီ Monday, 04 April 2011 17:44

ဦးသိန်းညွန့် ဦးဆောင်သော အဖွဲ့သည် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) နှင့် လမ်းခွဲလိုက်ပြီ ဖြစ်ပြီး အခွင့်သင့်လျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြန်လည် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သော ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်းမြင့်တို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဧပြီလ ၂ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဦးသိန်းညွန့်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးသိန်းညွန့်က “အခုအချိန်ကစပြီး တရားဝင်ကြေညာတယ်။ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နှစ်ခုကွဲသွားပြီ။ ကျနော် ဦးဆောင်တဲ့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနဲ့ ဆွေငြိမ်း (ဦးခင်မောင်ဆွေနဲ့ ဒေါက်တာ သန်းငြိမ်း) ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဆိုပြီး နှစ်ခုလုံးဝကွဲသွားပြီ။ NLD က ပြန်ပြီးမှတ်ပုံတင်ခဲ့မယ်၊ ရွေးကောက်ပွဲဝင်ဖို့ ရှိလာခဲ့ရင် NLD နဲ့ ပြန်ပေါင်းမယ်” ဟု ပြောသည်။

ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်း တို့သည် ပြည်ပနိုင်ငံများမှ အထောက်အပံ့ရယူခဲ့သော အဖွဲ့အစည်းများထံမှ အကူအညီငွေကြေးများ လက်ခံခဲ့ကြောင်း၊ မိမိတို့အနေနှင့် မည်သူ့အကူအညီမျှ ယူမည်မဟုတ်ဘဲ နိုင်ငံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ဆွေငြိမ်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ကိစ္စကို ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအခါကျလို့ရှိရင် ပြဿနာပြေလည်သွားရင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ နှစ်ခုပေါ်လာမယ်။ တကယ်လို့ ပြဿနာမပြီးဘဲ ဆွေငြိမ်းပါတီ ဖျက်သိမ်းခံရရင် ကျနော်တို့ သင်္ဃန်းကျွန်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက နိုင်ငံရေးကို ဆက်ဦးဆောင်သွားမယ်” ဟု ၄င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် အဆိုနှစ်ခုကို လွှတ်တော်တွင် ၄င်းက တင်ပြခဲ့သော်လည်း လွှတ်တော်က ပယ်ချခဲ့ရုံမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၏ အဆိုဖြစ်သော စီးပွားရေးပိတ်ဆို့မှုများ ကန့်ကွက်သည့်အဆိုကို ၄င်းက ထောက်ခံဆွေးနွေးခဲ့ရာတွင် ၄င်းပြောကြားခဲ့သော စကားအများစုကို ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာတွင် မဖော်ပြဘဲ ချန်လှပ်ခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“ဦးဌေးဦးက စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်တဲ့အဆိုလည်းတင်ရော ကျနော်က ကျနော်ပြောချင်တာတွေကို သူ့အဆိုကို ထောက်ခံရင်းနဲ့ ထပြောတယ်။ လွှတ်တော်ကိုယ်စားလှယ် တဦးကို မိနစ် ၂၀ ပြောခွင့်ရတော့ ကျနော်က ၁၈ မိနစ် ထပြောတယ်။ ဘာပြောလဲဆိုရင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်။ နောက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ် ဖော်ဆောင်ပေးဖို့လိုတယ် ဆိုတာကို ကျနော်တင်ပြတယ်။ ကျနော်တို့နိုင်ငံက စီးပွားရေးပိတ်ဆို့မှု တခုတည်းကြောင့် ဆင်းရဲတာ မဟုတ်ဘူး။

တခြားအကြောင်းတွေ ရှိသေးတယ်။ အဲဒီအထဲက တချက်ကို ပြောပြရရင် ‘ဤဌာနတွင် ငွေပေးရန်မလို’၊ သို့သော် ငွေမပါလျှင် ဘာအလုပ်မှ လုပ်မပေးတဲ့ကိစ္စ။ တရားရုံးတွေမှာ ‘ပုဒ်မ လေး၊ ပေးမှ လုပ်’ ဆိုတဲ့အထိ လူထုရဲ့ အော့နှလုံးနာစရာတွေ ဖြစ်နေပြီဆိုတာ တင်ပြတယ်။ ဒါပေမယ့် အဲဒါတွေကို သတင်းစာထဲမှာ မဖော်ပြဘူး။ ကျနော်က ဦးဌေးဦးရဲ့အဆိုကို ထောက်ခံတယ်ဆိုတာပဲ ပါတယ်” ဟု ၄င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အစိုးရကို မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအမိန့်ဖြင့် နအဖ စစ်အစိုးရက တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */