“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, April 04, 2011

ဟုတ်တုတ်တုတ် အပြောင်းအလဲရှိမှကိုယ်ကလည်း ဟုတ်တုတ်တုတ်

စစ်မှန်တဲ့ ပြောင်းလဲမှုမရှိရင် အမေရိကန်မူဝါဒ မပြောင်းနိုင်
2011-04-03 RFA

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ပြောင်းလဲတယ်လို့ ပြောဆိုနေပေမယ့် အမေရိကန်နဲ့ မြန်မာအကြား မနီးစပ်နိုင်အောင် ခွဲခြားထားတဲ့ ပြဿနာတွေ မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆက်ပြီး ရှိနေမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျိုးဇက် ဆေးဗားစတိန်း (Josef Silverstein) က ပြောကြားလိုက်ပါတယ်။
မြန်မာ စစ်အစိုးရကနေ အစိုးရသစ် ဖြစ်လာတဲ့ ကိစ္စ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်တော့မယ့် သတင်းတွေ ထွက်ပေါ်လာတဲ့ ကိစ္စနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းလဲတွေနဲ့ ပတ်သက်လို့ နယူးဂျာစီ ပြည်နယ် Rutgers တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ဂျိုးဇက် ဆေးဗားစတိန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားတာ ဖြစ်ပါတယ်။

“အမှန်တကယ် ပြောင်းလဲတယ်ဆိုတာကို သက်သေပြနိုင်တဲ့ အချက်တခုက နိုင်ငံရေး အကြောင်းပြပြီး လူတွေကို ဖမ်းဆီးအပြစ်ပေး ထောင်ချတတ်တဲ့ မူဝါဒကို အဆုံးသတ်ဖို့၊ တနည်းပြောရရင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသား ၂ ထောင်ကျော်ကို ဆက်ပြီး ဖမ်းဆီးချုပ်နှောင်ထားရင် အစိုးရပိုင်းမှာ အပြောင်းလဲဆိုတာ မရှိဘူးဆိုပြီး အမေရိကန် နိုင်ငံဘက်က ထောက်ပြမှာ ဖြစ်တယ်လို့ ကျနော် ကြိုပြောရဲပါတယ်၊ ဒါကြောင့် ပိတ်ဆို့ အရေးယူမှုဟာ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */