by Yeyint Nge on Thursday, April 7, 2011 at 2:09pm ယနေ့ (၇.၄.၂၀၁၁)နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေချ အမှတ် (၄) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံတိုက်ကြီးမြို့နယ် အခြေစိုက်ခမရ (၇၀၉)၊ (၇၁၀)တပ်ရင်းတွေနဲ့ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အထူးတပ်ရင်းတွေတိုက်ပွဲ ဖြစ်ပွားတယ်လို့BBC မြန်မာဌာနရဲ့ စာမျက်နှာဖော်ပြထားပါတယ်။ မတရား ၀င်ရောက် တိုက်ခိုက်ခံရတဲ့ ခမရ (၇၀၉)၊ (၇၁၀)တပ်ရင်းတွေဟာ ... (၁) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊ (၂) စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာ တိုးပေးရေး၊ (၃) နိုင်ငံအတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်း ပေးရေး၊ (၄) ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေး၊ အထက်ပါ အချက် (၄)ချက်ကို လွန်ခဲ့တဲ့ (၁.၄.၂၀၁၁)နေ့က စကခမှူး ဗိုလ်မှူးကြီး အောင်သီဟ ကတ ဆင့်ရန်ကုန်တိုင်းတိုင်းမှူးထံ တင်ပြ တောင်းဆိုရကစပြီး တင်းမာမှုတွေ စတင်ဖြစ်ပေါ် လာတယ် လို့သိရပါတယ်။ အဲဒီတင်းမာမှုကြောင့် ယနေ့ (၇.၄.၂၀၁၁)နေ့ နံနက်ပိုင်းမှာရန်ကုန်တိုင်း အထူးတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မ ၀င်ရောက်ပြစ်ခတ်မှုကြောင့် ခမရ (၇၀၉)နဲ့ (၇၁၀) ဖက်မှ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိရပါ တယ်။ http://www.pyustate.com/2011/04/blog-post_07.html
Friday, April 08, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment