“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, April 03, 2011

စီးပွားရေးလုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု အမည်ပေါက်ဖြင့် လွှဲပေးရ

ရန်ပိုင် Saturday, 02 April 2011 17:13
တနင်္သာရီတိုင်းရှိ ရာဘာစိုက်ခင်း ဧက ၁၀၀၀ ကျော် အပါအ၀င် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သားသမီးများအား ၎င်းတို့၏ အမည်ပေါက်ဖြင့် နအဖ စစ်အစိုးရဟောင်းက အပြီးအပြတ် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်ဖြင့် လွှဲပြောင်းပေးခဲ့သည့် ရာဘာစိုက်ခင်း ဧက ၁၀၀၀ ကျော်မှာ အရှေ့တောင်တိုင်းနှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ပိုင်ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကို ဗိုလ်ချုပ်မှူးကြီး၏ သမီးများ အမည်ပေါက်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနက သမ္မတ ဦးသိန်းစိန် အစိုးရသစ် တာဝန်မယူမီ အပြီးလွှဲပေးခဲ့ရကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်၊ နေပြည်တော်နှင့် မေမြို့ရှိ အိမ်ခြံမြေများနှင့် ယခင် နအဖ အစိုးရဟောင်းလက်ထက်က ပေးအပ်ထားသည့် ကားအစီး ၃၀ ကျော်ကိုလည်း သားသမီးနှင့် မြေးများ၏ အမည်ဖြင့် လွှဲပြောင်းပေးပြီး ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်းကို အစိုးရ အလွှဲအပြောင်းအတွင်း အပြီးတိုင် လုပ်ဆောင်ရခြင်းဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေ တပြားတချပ်မျှ ပေးဆောင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ကိုယ်တိုင်ပင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ်အတွင်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အဏုမြူ စွမ်းအင်ဦးစီးဌာန၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ အခွန်လွတ်ဈေး စသည့် နေရာများကို ရယူထားကြောင်း သိရှိရသည်။

ထို့အပြင် ၀န်ကြီးဌာန အဆောက်အဦးများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဟု အကြောင်းပြချက်ဖြင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများရှိ အချက်အခြာကျသည့် နေရာများကိုလည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူများဖြစ်သည့် အေးရှားဝေါလ်၊ မက်စ် မြန်မာ၊ ထူး၊ IGE စသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို လွှဲပြောင်းဝယ်ယူစေကြောင်းလည်း သိရသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပြီး အမည်နာမ အမျိုးမျိုးဖြင့် နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ခဲ့သည့် စစ်အစိုးရအဖွဲ့ကို မတ်လ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ဖျက်သိမ်းခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုပါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှဲအပ်လိုက်သည်။

ထိုသို့ နအဖ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး နိုင်ငံတော် အကြီးအကဲရာထူးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုပါ လွှဲအပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ကိုမူ အသေအချာ မသိရသေးပေ။

နေပြည်တော် စစ်တပ်အသိုင်းအဝန်း၏ ပြောဆိုချက်အရ နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ဖြစ်လာမည့် နိုင်ငံ့ဥသျှောင် အဖွဲ့ကို မကြာမီကြေညာမည်ဖြစ်ပြီး ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်နှင့် အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ အဆင့်မြင့်အရာရှိတဦးက ဆိုသည်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ဥပ္ပါတသန္တိ စေတီနားမှာရှိတဲ့ရုံးကို မတ်လ ၃၁ ရက်နေ့က လာတက်တယ်” ဟု အမည်မဖော်လိုသူ စစ်တပ် အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် နေပြည်တော်ရှိ ယင်းတို့၏ ရုံးသစ်တွင် အာဏာလွှဲပြောင်း ရယူခဲ့သော အစိုးရသစ်မှ ထိပ်တန်းပုဂ္ဂိုလ် ၇ ဦးနှင့် အစည်းအဝေးကို မတ်လ ၃၁ နေ့က ကျင်းပခဲ့ကြောင်း နေပြည်တော်သတင်းများအရ သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့လည်း တက်ရောက်ခဲ့ကြောင်း အဆိုပါ စစ်တပ်အရာရှိတဦးက ဆက်လက်ပြောသည်။

လေ့လာသူများက ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တိုင်းပြည်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၊ စင်ကာပူ ၀န်ကြီးချုပ် ဟောင်း လီကွမ်ယူတို့၏ နောက်ကွယ်မှ ကြိုးကိုင်အုပ်ချုပ်သည့် ပုံစံအတိုင်း နမူနာယူ၍ အုပ်ချုပ်မည်ဟု ဆိုသည်။

ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း အား ခန့်အပ်ခြင်းနှင့် ပတ်သက်၍ စစ်ဗိုလ်ချုပ်ကြီးများအကြား သဘောထားကွဲလွဲမှုများ ရှိနေကြောင်းလည်း သိရသည် ။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */