“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, May 15, 2011

သောက်ကျိုးနဲ့ မီးသတ်ဌာန

မီးသတ်ဌာန ပေါ့လျော့မှုကြောင့် နေအိမ်သုံးလုံး မီးသင့်ဆုံးရှုံးခဲ့ရ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ မီးသတ်အာဏာပိုင်များ၏ ပေါ့လျော့မှုကြောင့် နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။

ယခုလ ၆ ရက်နေ့ည ၁၂ နာရီခန့်တွင် ဟင်္သာတမြို့၊ မြရပ်ကွက်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်ရာ သက်ဆိုင်ရာ မီးသတ်ဌာနမှ မီးငြိမ်းသတ်ခြင်းမရှိသည့်အတွက် ယင်းကဲ့သို့ လူနေအိမ်များ ဆုံးရူံးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“မီးလောင်တော့ မီးသတ်ဌာနကို အကြောင်းကြားတယ်၊ မီးသတ်ကားသုံးစီးရောက်လာပြီး ဒီတိုင်းကြည့်နေတာ၊ မီးကို လုံးဝမငြိမ်းဘူး၊ အဲဒီမှာ ရပ်ကွက်က လူတွေအော်ဟစ်ပြီး မီးငြိမ်းဖို့ပြောတော့မှ မီးသတ်ကားတွေက ရေမပါလို့ ပြန်သယ်ဦးမယ်ဆိုပြီး ပြန်သွားပြီး ရေယူလာတယ်၊ အဲဒီမှာ အိမ်သုံးလုံး အကုန်ပါသွားတာ” ဟု ပြောသည်။

ယင်းကဲ့သို့ မီးသတ်နဌာ၏ ပေါ့လျော့မှုကြောင့် နေအိမ်များဆုံးရှုံးသွားသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ မီးသတ်ဌာနများတွင် မော်တော်ယာဉ်၊ စက်သုံးဆီ လုံလောက်မှုမရှိခြင်းနှင့် မီးသတ်ကားများတွင် ရေအဆင်သင့်ထားရှိခြင်းမရှိသည့်အတွက်ကြောင့် မီးလောင်မှုများဖြစ်ပွားလျှင် ပြည်သူများအနေဖြင့် ဆုံးရှုံးမှုများစွာ ကြုံရသည်ဟု မြို့ခံက ပြောသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */