2011-05-14 RFA(ပေးပို့ သူ-ဗမာ့သွေး)
မုဒုံမြို့ ဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့က ဒီကနေ့ မနက် ၆ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပြီး မိုင်းခွဲ ဖျက်ဆီးလိုက်ကြတယ်လို့ သတင်း ရရှိပါတယ်။
အဲဒီ အမည်မသိ လက်နက်ကိုင်တွေနဲ့ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ကြရာမှာ အစောင့် ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရန်ကုန်-မော်လမြိုင် မော်တော်ယာဉ်လိုင်း ပိုင်ရှင်တဦးက ပြောပါတယ်။
သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြုချက် ရဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ ချိန်ကိုက်မိုင်း ဝင်ကပ်သွားတာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေး အဆောက်အအုံ အပေါ်ထပ် အနောက်ဘက်ခြမ်း ပွင့်ထွက်သွားတယ်လို့လည်း သိရှိရပါတယ်။
သေနတ်သမားတွေဟာ မုဒုံ-မော်လမြိုင် လိုင်းကားတစီးပေါ်က ခရီးသည်တွေကို ရပ်တန့် ဆင်းခိုင်းပြီး အခုလို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မုဒုံမြို့နဲ့ အနီးတဝိုက်မှာ ကမ်းရိုးတန်း တယ်လီဖုန်းတွေ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရှိရပါတယ်။Rest of your post
Sunday, May 15, 2011
မုဒုံမြို့ ကြေးနန်းဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့ တိုက်ခိုက်မိုင်းခွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment