“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 03, 2011

အမေ့အိမ်ပညာဒါနေကျာင်း မတက်ရန် ကြံ့ခိုင်ရေးဖိအားပေး

Published on July 1, 2011 by နော်နိုရင်း (ပေးပို့ သူ-ဗမာ့သွေး) · DVBလက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အောက်ခြေတာဝန်ရှိသူတွေက အခမဲ့စာသင်ကျောင်းတွေ ကို ကျောင်းတက်တဲ့ ကျောင်းသားတွေကို မတက်ဖို့ မိဘတွေကို ခြိမ်းခြောက် ပြောဆိုနေပါတယ်။ထန်းတပင်မြို့နယ် မေးစုကျေးရွာက အေမ့အိမ်ကျောင်းရန်ကုန်တိုင်း ထန်းတပင်မြို့နယ် မေးစုကျေးရွာမှာ ပြီးခဲ့တဲ့လက ဒေသခံလူငယ်တွေစုပြီး ဖွင့်လှစ်သင်ကြားနေတဲ့ အမေ့အိမ်ပညာဒါန ကျောင်းမှာ ကျောင်းသားတွေ မတက်အောင် ပြောဆိုနေတာပါ။

ဒီကျောင်းကို ဇွန်လ ၁၇ ရက်နေ့က ဆိုင်းဘုတ်တင် ဖွင့်ပွဲကျင်းပခဲ့ပြီး အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် (ရန်ကုန်တိုင်း) စည်းရုံးရေးအဖွဲ့က ဦးနိုင်းနိုင်း နဲ့ လူငယ်ဖော်ဆောင်းရေးအဖွဲ့ ကိုမျိုးညွန့်တို့လည်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါတယ်။နယ်မြေခံ ကြံ့ခိုင်ရေးအတွင်းရေးမှူးက ဇွန် ၃၀ ရက်နေ့မှာ အစည်းအေဝး ခေါ်ယူပြီး ကလေးတွကို အဲဒီကျောင်းကေနထုတ်ဖို့ ခြိမ်းခြောက်ခဲ့ကြတယ်လို့ ကျောင်းသားမိဘတဦးက အခုလို ပြောပြပါတယ်။

“သူတို့က ဘယ်လောက်အထိ ခြိမ်းခြောက်သလဲဆိုတော့ ဒီကျောင်းသားမိဘ နာမည်တွေပါ နေပြည်တော်မှာ ရောက်နေတယ်။ ဒီအိမ်မှာ တက်နေတဲ့ ကလေးတွေက ကျောင်းမှာ စာရင်းမသွင်းဘူးတို့ ၉ တန်း၊ ၁၀ တန်း အောင်ခဲ့ရင်တောင်မှ အောင်မှတ်ကို မပေးဘူးတို့ ဘာတို့နဲ့အမျိုမျိုး ခြောက်လှန့်တာ။ တောသူတောင်သားတွေ ဆိုတော့လည်း ကြောက်ကြတယ်ပေါ့။

”ဒီကျောင်းတက်တဲ့ ကလေးတွေအများစုဟာ မရှိဆင်းရဲသူတွေရဲ့ သားသမီးတွေဖြစ်ပြီး အပြင်မှာ အခြေား ငွေရယူ ဖွင့်လှစ်တဲ့ ကျူရှင်တွေမှာ တက်ဖို့ အခက်အခဲ ရှိကြပါတယ်။အေမ့အိမ်အခမဲ့ ပညာဒါနေကျာင်းဟာ မေလဆန်းကစပြီး မူကြိုကနေ ဒဿမတန်းအထိ အခမဲ့ သင်ကြားပေးတာ ဖြစ်ပါတယ်။

လက်ရှိ အဲဒီကျောင်းမှာ ဆရာ/ဆရာမ သုံးဦးက အခမဲ့ စာသင်နေပါတယ်။ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကျောင်းသား ၆၀ ကျော်သာ ကျန်တော့တယ်လို့ စာသင်ပေးနေတဲ့ ဆရာမ စမ်းစမ်းကြူက ပြောပါတယ်။“အာဏာပိုင်တွေကေတာ့ ဒီကို တိုက်ရိုက်လာပြီးတော့ မပြောဘူးပေါ့နော်။

ဒီအေမ့အိမ်က အမဲရောင်နယ်မြေ ဖြစ်တယ်ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်မှုတွေ ပြုတယ်။ သွယ်ဝိုက်ပြီးတော့ပဲ မိဘတွေကိုပဲ ဖိအားပေးတာပေါ့။ ဒီကို သွားတက်ရင် ဘာဖြစ်မယ် ဆိုပြီးတော့ တားမြစ်တာ။ ကလေးတွေကလည်း သူတို့ ခြိမ်းခြောက်ထားတော့ ကြေက်တယ် မတက်ရဲဘူးလေ။ အရင်တုန်းက တရာကျော်လောက်ရှိတယ်၊ အခုတော့ ၆၀ ကျော် ၇၀ လောက်ပဲ ရှိတော့တယ်။ တော်တော်ကျသွားတယ် ကလေးတွေ။”ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမှာရှိတဲ့ အေမ့အိမ် အခမဲ့ပညာဒါနကျောင်းနဲ့ ဗေဒါ အင်စတိကျု တို့ကိုလည်း အိမ်ရှင်ဖြစ်သူကနေ တဆင့် ကျောင်းပြောင်းအောင် ဖိအားပေးနေပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */