“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 03, 2011

ဩစတေးလျား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ


စာလုံးပေါင်းတွေများစွာမှားနေပါတယ်။သတင်းရေးသူကတော့ ဘီဘီစီမှဖြစ်ပါတယ်။ကြိုးစားပြီးပြင်ပေမယ့် မောသွားလို့ ပြင်ပြီးဘဲဖတ်ကြပါလို့ ။ ဒေါင်းတမာန်

Published on July 2, 2011 by နော်နိုရင်း · DVB (ပေးပို့ သူ-ဗမာ့သွေး)
လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတေးလျား နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့ ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားနိုင်ငံပါတီနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေဆုံခဲ့ကြတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကယ်ဗင်ရပ်ဒ် တွေ့ဆုံစဉ် (ဓာတ်ပုံ-ရိုက်တာ)


ပထမဆုံးအေနနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတေးလျား နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ကယ်ဗင်ရပ်ဒ် (Kevin Rudd)ဟာ ဒီနေ့ ခင်းပိုင်းက အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်တို့ နဲ့ ရုံးအဖွဲ့တွေနဲ့  တွေ့ ဆုံခဲ့ ပါတယ် ။

ဒီနေ့  နေ့ ခင်း ၁၂ နာရီလောက် ဩစတေးလျားနိုင်ငံကလပ်မှာ တွေ့ဆုံခဲ့ တာဖြစ်ပြီး ဒီတွေ့ဆုံမှုအတွင်း ပြောဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကေရစီ အဖွဲ့ ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အမျိုးသားဒီမိုကေရစီအဖွဲ့ ချုပ် အထွေထွ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ကို နေ့ လည်စာ တည့်ခင်း ဧည့်ခံရင်းနဲ့ လက်ခံတွေ့ ဆုံပါတယ်။ အဲဒီတွေ့ ဆုံပွဲမှာ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံကို လူမှုရေး ထောက်ပံ့ ပေးနေတဲ့ ကိစ္စတွေကို ကျယ်ကျယ်ပြန့် ပြန့် ရှင်းပြတယ်လို့ သိရပါတယ်။

”မစ္စတာ ကယ်ဗင်ရပ်ဟာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီမှာလည်း အမျိုးသားဒီမိုကေရစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နဲ့ တိုင်းရင်းသားပါတီက ရခိုင်၊ ချင်း၊ မွန်၊ ကချင်၊ ကရင်က ပါတီ ခေါင်းဆောင် တချို့အတူတွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုအတွင်း ဩစတေးလျား နိုင်ငံသံအမတ်ကြီး ဆွေးနွေးပြောဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကေရစီ အင်အားစုပါတီ ခေါင်းဆေင် ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

သိပ်ထွေထွထူးထူးတော့ မရှိပါဘူး။ ဒီမှာဖြစ်နေတဲ့အဖြစ်အပျက်တွေ ကျေန်ာတို့ ကို မေးတာပါပဲ။ ဒီမိုကေရစီအပြောင်းအလဲပေါ်မှာ ဘယ်လိုမြင်သလဲပေါ့။ နောက်ပြီး ကျွန်နော်တို့ တိုင်းပြည်မှာ နိုင်ငံရေးသမား လူငယ်လူရွယ်တွေကို capacity လုပ်ပေးဖို့ အစီအစဉ်ရှိတယ်ပေါ့။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။

ကျနော် တို့ ပါတီတွေကိုလည်း ဒီအပြာင်းအလဲတွေကို ဘယ်လို ဖြစ်သလဲပေါ့။ အပြောင်းအလဲကတော့ ဖြည်းဖြည်းချင်းတော့ သွားမှာပဲ။ ချက်ချင်းကြီး ပြောင်းဖို့ ဆိုတာ မလွယ်ပါဘူး။ အဲတော့ ဒီလိုအဟန့် အတားတွေ အခက်အခဲတွေ အများကြီး ရှိတာတွေလည်း ပြောပါတယ်။ နောက်ပြီး နယ်စပ်ကိစ္စတွေမှာလည်းပဲ အခြေအေနမှန်တွေကို သိနိုင်တဲ့ဟာတွေပါ့ဗျာ။

ဥပမာ နယ်စပ်မှာ ပစ်တာခတ်တာကတဖက်၊ ဆွေးနွေးပွဲလုပ်နေတာက တဖက် လုပ်နေတဲ့ အခြားအကြောင်းတွေပေါ့ ဆွေးနွေးပွဲတွေက စတော့ စနေပြီ ပြေလည်မယ် မြေပလည်ဘူးဆိုတာ မသိနိုင်သေးဘူး။ စေတနာမှန်လို့ရှိရင်တော့ ပြီးသွားနိုင်တာပေါ့ဗျာ။

“ကျေန်ာတို့ကလည်း အဆိုပြုပါတယ်။ ဒါကေတာ့ စေတနာမှန်မှန်နဲ့ အပစ်ခတ်ရပ်စဲပြီးတော့ ဆွေးနွေးပွဲ လုပ်လာဖို့လိုပါတယ်။ အဲလိုလုပ်တဲ့အခါမှာ လွတ်တော်ထဲကနေပြီး ကော်မီတီတရပ်ဖွဲ့ပြီး အဲဒီကော်မတီက တာဝန်ယူပြီးတော့ ကချင်တခုတည်းမဟုတ်ဘဲနဲ့ အြခားတိုင်းရင်းသားတွေပါ ခေါ်ယူပြီး တပ်မတော်ဘက်ကေရာ၊ နိုင်ငံရေးသမား ပါတီတွေ နောက် သာမန် တိုင်းရင်သား အဖွဲ့အစည်းက ပုဂ္ဂိုလ် အပါအဝင် နိုင်ငံအေရး ဘယ်လို ရှေ့ဆောင်ရွက်ကြမယ်ဆိုတဲ့ ကတိကဝတ်တွေ၊ သေဘာတူညီမှုတွေ ရှာဖို့လိုပြီလို့ ကျေန်ာတို့ ပြောကြပါတယ်။

”၁ ရက်နေ့ မွန်လွဲပိုင်းက မစ္စတာကယ်ဗင်ရပ်ဒ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏေမာင်လွင် အပါအဝင် အခြား အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံခဲ့ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့နဲ့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောက်ရွက်ရေး မြင့်တင်ဖို့အတွက် ဆွေးနွေး ပြောဆိုကြတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။မစ္စတာ ကယ်ဗင်ရပ်ဒ်ဟာ ပြီးခဲ့တဲ့ ကြာသပေတးနေ့က မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး သူ့ရဲ့ ၃ ရက်ကြာ မြန်မာခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င် မြန်မာ့ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သားတွေ၊ တြခားနိုင်ငံရေးပါတီတွေ၊ အန်ဂျီအို အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကေရစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့ ဩစတေးလျနိုင်ငံအနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။



Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */