2011-07-22 (ပေးပို့ သူ ဗမာ့သွေး)
SSA (မြောက်ပိုင်း) တပ်ရဲ့ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ၀မ့်ဟိုင်းဌာနချုပ်နဲ့ (၅) မိုင်အကွာမှာ မြန်မာအစိုးရတပ်က တပ်ရင်း(၁၄) ရင်း စစ်အင်အား (၁) ထောင်နီးပါးနဲ့ အနီးကပ် ၀ိုင်းထားပြီး ၀မ့်ဟိုင်းဌာနချုပ် လေးဘက်လေးတန်မှာ စုစုပေါင်း တပ်ရင်း(၄၀)လောက် ချထားတယ်လို့ SSA (မြောက်ပိုင်း) တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လက RFAကို ပြောပါတယ်။
လောလောဆယ်မှာ SSA (မြောက်ပိုင်း) တပ်တွေကို ဖြတ်လေးဖြတ်နည်းနဲ့ ပိတ်ပင်ထားပြီး ဂျူလိုင် (၂၀) (၂၁) ရက် တွေမှာ အစိုးရတပ်ဘက်က ထိုးစစ်တွေ လုံးဝရပ်ထားပြီး SSA (မြောက်ပိုင်း) တပ်ဘက်တော့ ပြောက်ကျား အလစ်သုတ် တိုက်ခိုက်မှု တချို့ ရှိနေပါတယ်။ SSA (မြောက်ပိုင်း) တပ်ဘက်ကတော့ ၀မ့်ဟိုင်းဌာနချုပ် မကျအောင် ခုံခံသွားမယ် လို့ ဆိုပါတယ်။ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ SSA (မြောက်ပိုင်း) တပ် ပြောခွင့်ရသူ ဗိုလ်မှူးစိုင်လကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။
Rest of your post
Sunday, July 24, 2011
SSA မြောက်ပိုင်းဌာချုပ် ၀မ်ဟိုင်းကို ၀ိုင်းထားစဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment