Friday, 22 July 2011 12:52 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
သျှမ်းပြည်တပ်မတော် ဗဟိုဌာနချုပ်အားသိမ်းပိုက်ရန် မြန်မာအစိုးရတပ်မှ အပြင်းအထန်ထိုးစစ်ဆင်တိုက် ခိုက်မှုတွင် လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ပစ္စည်းလုယက်မှု ခိုးယူမှုများကျူးလွန်နေသောကြောင့် သျှမ်း ကေဒါ တပ်သားထု တရပ်လုံး ထိုကဲ့သို့မလုပ်ရန် - SSPP/ SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖှ မှ ယခုကဲ့သို့အမိန့် ထုတ် ပြန် တားမြစ်ခဲ့ခြင်းဖြစ်သည်။
ယခုလ ၁၉ ရက်နေ့ ရက်စွဲပါထုတ်ပြန်သော အဆိုပါစစ်ရေးအမိန့်ပြန်တမ်းကို အထွေထွေအတွင်း ရေးမှူး ချုပ်ရုံး ၊ သျှမ်းပြည်တိုးတက်ရေးပါတီမှ ထုတ်ပြန်ခြင်းဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူးအနေဖြင့်ဗိုလ်ချုပ် ပန်ဖှ ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည်။
စစ်ပွဲဖြစ်သော နေရာများတွင် ယောက်ကျားတွေ့လျှင်ပစ်သတ်၊ မိန်းမတွေ့လျှင် မုဒိန်းကျင့်ခွင့်ပေးထားသည့် မြန်မာစစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက်ကို ရှုပ်ချထားပြီး မိမိတပ်သား ကေဒါများအားလုံး လူမျိုးခွဲခြား ရေးမူဝါဒနှင့်စိတ်ဓါတ်များလုံးဝမရှိစေရဟုလည်း ထုတ်ပြန်ထားသည်။“ သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ်အောင်သန်းထွဋ်က လားရှိုးစစ်တိုင်းရုံးမှာ ဗျူဟာမှူး၊ စကခ မှူးတွေကို ပြော တယ်။
စစ်ပွဲဖြစ်တဲ့နေရာမှာ ယောကျာ်းတွေ့ရင် သတ်ပစ်၊ မိန်းမတွေ့ရင် လုပ်ချင်တာလုပ်တဲ့။ တဆင့်စကား တဆင့်နားနဲ့ လူထုက ပြန်ကြားတော့ ရွာထဲမှာ ဘယ်သူမှမနေချင်ကြဘူး။ တောတောင်တွေထဲ ထွက်ပြေး ပုန်းရှောင်နေကြတယ်။ ဗမာစစ်သားတွေကို မတွေ့ချင်ကြလို့လေ” ဟု SSPP ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။
သျှမ်းပြည်တပ်မတော်သားများအားလုံး - မည်သည့်လူမျိုးကိုမဆို မသတ်ဖြတ်ရ၊ လူ့အခွင့်အရေးများ မချိုး ဖောက်ရ၊ ပြည်သူပိုင်ပစ္စည်းများ အခမဲ့ လုံးဝ မယူရ ၊ လူထုအားဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်အလုပ် လုံးဝမလုပ် ရဟု အဓိက အချက် ၄ ချက်ဖြင့် တားမြစ်ထားပြီး အဆိုပါ စည်းကမ်းချက်အား ကျူးလွန်ချိုးဖောက်ပါကစစ်ရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဟုလည်း ညွှန်ကြားထားသည်။
မိုင်းကုတ်ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်း ထိုင်းပညာရှင်များ ကန့်ကွက်
Friday, 22 July 2011 15:33 မွေခေါဝ်Rest of your post
Sunday, July 24, 2011
မြန်မာ့တပ်မတော်အား အတုမခိုးရန် ကေဒါတပ်သားများအား ဗိုလ်ချုပ်ပန်ဖှ တားမြစ်မိန့်ထုတ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment