“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 28, 2011

၁၃ နှစ်ကလေးအား မြန်မာတပ်မှ ရှေ့တန်း သတင်းယူရန် အဓ္ဓမ အသုံးချ

Wednesday, 27 July 2011 14:41 KNG (ပေးပို့ သူ ဗမာ့သွေး)
မြန်မာစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က နိုင်ငံမြောက်ပိုင်း ယခုကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ဖြစ်သောစစ်ပွဲတွင် အသက် ၁၃နှစ် ယောက်ျားလေးအား ရှေ့တန်းသတင်းအချက်အလက် ရယူရာတွင် အဓ္ဓမအသုံးချကြောင်း သိရသည်။

ကချင်ပြည်နယ်အရှေ့ဘက် ချီဖွေမြို့ စရဖ က ထို ကလေးကို ချီဖွေမြို့အနောက်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA တပ်မဟာ ၁ အောက် တပ်ရင်း ၁၀ ၏ စစ်ရေးလှုပ်ရှားမှု သတင်းဓါတ်ပုံများကို အတင်းရိုက်ယူခိုင်းခဲ့သည်ဟု ကလေးမိဘများပြောသည်။

ဇူလိုင် ၂၆၊ အင်္ဂါနေ့က ချီဖွေအနီး ချန်းဇော်(Chang Zaw)ကျေးရွာ နှင့် ဒမူ(Damu)ကျေးရွာ ကြား တံတားတစ်ခုအခြေအနေကိုသိရှိရန် စရဖ မှ ကလေးငယ်အား ဓါတ်ပုံကင်မရာပေးကာ သတင်းယူစေသည်ဟု ဆိုသည်။

ထိုနေ့ မနက် ၈ နာရီကျော် ယင်းတံတားသို့ ရောက်ရှိစဉ် KIA၏ သတိပေး ပစ်ခတ်မှုတွင် ကလေးငယ် ဒဏ်ရာရရှိသွားပြီး ၎င်းအား ချီဖွေဆေးရုံသို့ မိဘများ သယ်ယူသွားသည်ဟု ကလေးမိဘနှင့် ရင်းနှီးသူများ ပြောသည်။

“ကလေးကို အဲလိုခိုင်းတဲ့လူတွေကို စိတ်နာတယ်။ ကလေးကို သွားလည်း မသယ်ကြဘူး။ ဆေးလည်း ကု မ ပေးကြဘူး။ ကလေးက သေတော့မလို ဝေဒနာခံစားနေရပြီ ချီဖွေဆေးရုံမှာ။” ဟု ကလေးမိဘများနှင့် နီးစပ်သူ ချီဖွေဒေသခံ တစ်ဦးပြောသည်။

မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေသည့်အခြေအနေကြောင့် ချီဖွေ ဒေသခံများမှာ ကြောက်ရွံ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။

“စရဖတွေက သတင်းသွားစုံစမ်းဖို့ မ လုပ်ရဲကြ။ လုံခြုံရေးယူဖို့ကြတော့လည်း မ လုပ်ရဲကြနဲ့ ပြည်သူတွေကို ဒီလို လုပ်ခိုင်းနေကြတယ်။” ဟု ဒေသခံတစ်ဦးလည်း ပြောသည်။

ဇူလိုင် ၂၅ ရက်တွင်လည်း မြန်မာစစ်တပ် ငါးဦး (ငဦး) အခြေစိုက် ခလရ (၁၂၁)နှင့် KIA တပ်ရင်း (၁၀)ကြား ချီဖွေ အနီးတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */