“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 21, 2011

KIA ဌာနချုပ်တွင် စစ်ရေးပြင်ဆင်

သန်းထိုက်ဦး Wednesday, 20 July 2011 18:50
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဌာနချုပ် လိုင်ဇာဒေသကို အစိုးတပ်များက ရက်ပိုင်းအတွင်း ၀င်ရောက် တိုက်ခိုက်မည် ဆိုသည့် သတင်း ထွက်ပေါ် နေသောကြောင့် မြို့လုံခြုံရေး ပို၍ တိုးမြင့်ထားသည်ဟု သိရသည်။


“ဗျူဟာအရ ၀င်တိုက်မယ်လို့ ကြားတယ်၊ ဒါပေမယ့် ကျနော်တို့လည်း စစ်ရေး ပြင်ဆင်ထားတယ်” ဟု လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ဦးနော်အောင်က ဧရာဝတီကို ပြောသည်။

လိုင်ဇာကို လာမည့် ၃ ရက်အတွင်း အစိုးရတပ်များ ၀င်တိုက်မည်ဟု သတင်းထွက်နေကြောင်း KIA တပ် မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ရှင်းပြသည်။

ဤအတောအတွင်း ကချင်ဒေသတွင် စစ်အင်အား တိုးချဲ့နေသည့် အစိုးရတပ်အတွက် စစ်ကူများ စစ်သင်္ဘော သုံးစီးဖြင့် ဗန်းမော်မြို့သို့ ရောက်လာသည်ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

လိုင်ဇာရောက် စစ်ပြေး ဒုက္ခသည်တချို့ကို လုံခြုံမှု ရှိသော နေရာများသို့ ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း အမည်မဖော်လိုသူ KIA တပ်မှူး တဦးက ပြောသည်။

လိုင်ဇာသည် တရုတ်မြန်မာနယ်စပ်တွင် တည်ရှိပြီး KIA အတွက် စီးပွားရေး အချက်အချာကျသည့် မြို့ ဖြစ်သည်။ အနီးတ၀ိုက်တွင် KIA တပ်စခန်းများ ရှိပြီး၊ မြို့ထဲတွင် KIA စစ်သည်များ သွားလာနေသည်ကို တွေ့ရသည်ဟု ထိုဒေသသို့ မကြာသေးမီက ရောက်ခဲ့သည့် ဧရာဝတီ သတင်းထောက်က ရှင်းပြသည်။

ကချင်တိုင်းရင်းသား အများစု နေထိုင်ပြီး KIA အုပ်ချုပ်သော လိုင်ဇာတွင် စစ်ပွဲဖြစ်ပွားပါက ဘေးလွတ်ရာသို့ မည်သို့ မည်ပုံ တိမ်းရှောင် နေထိုင်ရမည်ကို လေ့ကျင့်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ယမန်နေ့က ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံအဖွဲ့၏ ထုတ်ပြန်သည့် ကြေညာချက်တွင် လိုင်ဇာမြို့၊ မိုးမောက်မြို့ စသည့် ဒေသများတွင် စစ်ပြေး ဒုက္ခသည် ၁၆၀၀၀ ခန့် ရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဖော်ပြထား သည်။

ဒုက္ခသည်များကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့၊ အဖွဲ့အစည်း တချို့တို့က ကူညီနေသော် လည်း လုံလောက်မှု မရှိဟု ဆိုသည်။

စစ်ဖြစ်ပွားရာ ဒေသရှိ အရပ်သား အများအပြားလည်း KIA နှင့် အဆက်အသွယ် ရှိသည့်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး နှိပ်စက်မှုများနှင့် ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

စနေနေ့က KIA နှင့် အစိုးရတပ်များ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီးတွင် အစိုးရတပ်ဘက်မှ ဗိုလ်ကြီးတဦး အပါ အ၀င် တချို့ တပ်သားတချို့ကို ဖမ်းဆီးခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောသည်။

ယင်း တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်များက အစိုးရဘက်မှ လက်နက် တချို့တို့ကိုလည်း သိမ်းဆည်းရမိပြီး အစိုးရစစ်သည် ၂၈ ဦးခန့် ကျဆုံးသွားကြောင်း သိရသည်။

အစိုးရ တာဝန်ရှိသူများနှင့် KIO ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ဇွန်လ ၃၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို နောက်ပိုင်း အပြန်အလှန် စာရေးသား ဆက်သွယ်မှု တချို့ ရှိသော်လည်း သဘောတူညီမှု တစုံတရာ မရသေးပေ။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။


ကချင် တောင်ပိုင်းတိုက်ပွဲတွင် မြန်မာ တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၃ ဦးကျ
Wednesday, 20 July 2011 10:06 KNG



ကချင်ပြည်နယ်တောင်ပိုင်း မန်မော်(ဗန်းမော်)ခရိုင်မန်ဂျေ (မံစီ) မြို့နယ်တွင် ဇူလိုင် ၁၉၊ အင်္ဂါနေ့နံနက်တိုက်ပွဲ ဖြစ် ပွားရာ မြန်မာအစိုးရဘက် တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၃ ဦး ကျဆုံးသည်ဟုကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရာရှိများ ပြောသည်။

မိုးမိတ်(မုန်းမိတ်)နယ်မြေခံ ခမရ ၃၄၈ နှင့် ဗိုလ်မှူး ဇော်ဂမ်ဦးဆောင်သည့် မန်ဂျေဒေသမှ KIA တပ်ရင်း ၁၂ တို့သည် မဘိန်းအနီး၊ ခါချင်ရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြသည်ဟု ဌာနချုပ်လိုင်ဇာ မှ KIA အရာရှိများပြောသည်။

မြန်မာစစ်တပ်မှ သေနတ် ၃ လက်ကိုလည်း KIA သိမ်းဆည်းရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်နိမိတ်ကြား ဇူလိုင် ၁၆ ရက် ကတည်းက နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု မန်ဂျေဒေသခံများပြောသည်။

ဇူလိုင် ၁၈၊ တနင်္လာနေ့က နှစ်ဖက်စစ်ဖြစ်နေချိန် KIA ဒု-တပ်ကြပ် လတောင် အား အစိုးရစစ်တပ်မှ လက်နက်နှင့်အတူ အရှင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့သည်ဟု KIA တပ်ရင်း ၁၂ က ဆိုသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */