“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 23, 2011

အရည်အသွေးညံ့ ဖျင်းလာသောဗမာ့ရဲများ

(မှတ်ချက်=သန်းရွှေ ခေတ် ၅လောင်းပြိုင်းလူသတ်မှု ခင်ရီ သိပေမယ့် မဖမ်းနိုင်ခဲ့)
ဗုံးတရားခံများကို ရှာမတွေ့သေး (ပေးပို့ သူ ဗမာ့သွေး)

လင်းသန့် Thursday, 21 July 2011 18:15
အာဏာပိုင်တို့က ပြီးခဲ့သည့်လ မြို့ကြီး၃ခု ဗုံးပေါက်ကွဲမှုများအတွက် သံသယရှိသူတို့၏ အမည် နှင့် ဓာတ်ပုံများကို နေရာ အများအပြားတွင် လိုက်လံ ကြေညာလျက်ရှိသည်။
သံသယရှိသူတို့ကို ဖမ်းဆီးနိုင်ရေးအတွက် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား လမ်းတလျှောက် တည်းခိုခန်း၊ ဟိုတယ် စသည့် နေရာများ၊ မြို့ကြီးများရှိ ဘူတာရုံ၊ ကားဂိတ်များတွင် ကြော်ငြာများ ဖြန့်ဝေထားသည်ဟု သိရသည်။

“ရန်ကုန်ဘူတာကြီး ကြော်ငြာတွေမှာ ဖောက်ခွဲရေးသမားဆိုတဲ့ ဓာတ်ပုံတွေနဲ့ ချိတ်ထားတယ်။ အဲဒီလူတွေက ဖောက်ခွဲရေးသမားတွေ ဖြစ်လို့ သတင်းပေးဖို့၊ ဖုန်းနံပါတ်က နေပြည်တော် ဖုန်းနံပါတ် ၂ ခုပါတယ်” ဟု ရန်ကုန်မြို့မှ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန်ဘူတာကြီးရှိ မီးရထားရဲဌာန၏ အဆိုအရ ထို ကြော်ငြာများကို မကြာသေးခင်မှ စတင် ကပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

သံသယရှိသူများကို တရုတ်-မြန်မာ နယ်စပ်မြို့ တချို့တွင်ပါ ရှာဖွေနေကြောင်း ဧရာဝတီက သတင်း ရရှိသည်။

ရန်ကုန်မြို့ ရဲသတင်းတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းရာ “အေမီကျော်၊ ကျော်သီဟ၊ သက်ထွန်း၊ အောင်ကိုကို ခေါ် ကိုကိုနိုင်” စသည့် ဖောက်ခွဲရေးကိစ္စများအတွက် သံသယ၀င်ခံရသူ ၄ ဦးသည် ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှဖြစ်သည်ဟု သိရကြောင်း တယ်လီဖုန်း လက်ခံဖြေဆိုသူ တဦးက ဧရာဝတီကို ပြောသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် ABSDF ဗဟို ဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကမူ “ကျနော်တို့ ABSDF အဖွဲ့မှာ ဒီလို နာမည်မျိုးနဲ့လူတွေလည်း မရှိဘူး။ ဒီကိစ္စတွေ စွပ်စွဲတာ သူတို့ စစ်တပ်ကပဲလုပ်ပြီး လုံခြုံရေး တင်းကျပ်ချင်လို့ အကြောင်းပြ လမ်းလွှဲတာဖြစ်မယ်” ဟု ဆိုသည်။

အာဏာပိုင်တို့၏ ကြော်ငြာများတွင် ရှမ်းတိုင်းရင်းသားအမည်နှင့် ပုဂ္ဂိုလ် ၃ ဦးကိုလည်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်ဟု သိရသည်။

ဖောက်ခွဲရေးသမားများနှင့် ပတ်သက်၍ သတင်းပေးလိုပါက နီးစပ်ရာ ရဲစခန်းသို့ ဆက်သွယ်ရန် တိုက်တွန်းထားသည်။

“အများ လူထုရှေ့မှာ ကြော်ငြာတင်ရင် တိုက်ချက် ရေးဖွင့်ပြီးသား ဖြစ်ရမယ်။ ရာဇ၀င် လူဆိုးလည်း ဖြစ်ရမယ်။ သတင်း အချက် အလက်ကလည်း ခိုင်မာရမယ်။ တရားခံပြေးလို့ ကြေညာမှသာလျှင် အများသူငါရှေ့ ဓာတ်ပုံနဲ့ နာမည်နဲ့ ကြော်ငြာလုပ်ခွင့် ရှိတယ်” ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်က ဥပဒေကြောင်းအရ တရားခံပြေး မကြေညာသော်လည်း အများပြည်သူ သွားလာသည့် နေရာများတွင် ကြော်ငြာခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။

ထိုစဉ်က ဗုံးပေါက်ကွဲမှု ဖြစ်တိုင်း ဗုံးခွဲသည့် တရားခံဟု ၎င်းတို့ သတ်မှတ်သူများအကြောင်းကို သတင်းစာ ရှင်းလင်းပွဲ လုပ်လေ့ရှိသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော်၊ မန္တလေး၊ မေမြို့တို့တွင် ဗုံးကွဲမှုများ ဖြစ်ပြီး ရက်အနည်းငယ် အကြာတွင် အာဏာပိုင်တို့က စိုင်းဆမ်၊ စိုင်းအိုက်၊ စိုင်းကျော်မြင့်ဦး စသည့် ရှမ်းတိုင်းရင်းသားအမည်နှင့် ပုဂ္ဂိုလ်တို့သည် ထိုဖောက်ခွဲမှုများတွင် တာဝန်ရှိသည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

ပေါက်ကွဲမှုများ ပြင်းထန်သော်လည်း လူသေဆုံးမှု မရှိခဲ့ပေ။ လူမရှိသည့် မော်တော်ယာဉ်၊ အဆောက်အအုံတို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */