“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 30, 2011

သံဈေးတွင် အသက် ၁၄ နှစ် အရွယ် ကလေးငယ် တစ်ဦး အလုပ်လုပ်ရင်း သေဆုံးမှု ဖြစ်



လသာမြို့နယ် သံဈေးတွင် အသက် ၁၄ နှစ်အရွယ်ရှိ မောင်ကို ကိုလတ် ဆိုသူ လူငယ်တစ်ဦး ဇူလိုင် ၁၈ ရက်က ၀ယ်ယူသူ ၏ပစ္စည်းကို လိုက်ပို့ရင်း နောက်စေ့ပေါက်ပြဲဒဏ် ရာဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ မောင်ကိုကိုလတ် (၁၄ နှစ်)သည် ၎င်းဆိုင်မှ ၀ယ်ယူသူ ၏မီးဖိုကိုထမ်း၍ ကားပေါ်သို့တင် ရာတွင် လဲကျပြီး နောက်စေ့နှင့်အုတ် ခုံရိုက်မိ၍ အပေါ်မှမီးဖိုထပ်ပိကာ သေဆုံးသွားခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို မြင်တွေ့ခဲ့ရသူတစ်ဦးက “ကျွန်တော်သွားကြည့်တော့ သွေး တွေယိုနေပြီ။ သွေးသုံးခါအန်တယ်။ အနီးအနားက ကားသမားတွေက လည်း ကြောက်လို့လိုက်မပို့ရဲဘူး။ မီးဖိုကြီးက အကြီးကြီးပဲ။ ပြဿနာ ဖြစ်ပြီးတော့ မီးဖိုကြီးကိုသယ်တာ ဈေးစည်ပင်နှစ်ယောက် မသယ်ရ တယ်။ အဲဒါကို ကလေးတစ်ယောက် က သယ်တော့ဖြစ်တော့မှာပေါ့”ဟု ပြောသည်။
မောင်ကိုကိုလတ်မှာ ဒလမြို့ နယ်၊ အမှတ် ၃၂၅၃၊ တကောင်း လမ်း၊ ကျန်စစ်သားရပ်ကွက်တွင်နေ ထိုင်ပြီး ဖခင်မရှိဘဲမိခင်ဖြစ်သူကိုလုပ် ကျွေးနေသူဖြစ်သည်။ အဆိုပါဖြစ် ရပ်ကြောင့် ဆိုင်ခန်းအား ယာယီ ပိတ်ခိုင်း ထားသည်ဟု ဈေးစည်ပင်မှ သိရသည်။

“ဆိုင်ခန်းကို ယာယီပိတ်ခိုင်း ထားပါတယ်။ ဌာနကလူကြီးတွေကို လည်း ဒီကိစ္စဖြစ်ပြီးတာနဲ့ တင်ပြ ထားပါတယ်။ ကျွန်မကတော့ ကိုယ့် ရှေ့မှာတွေ့ရင် ကလေးတွေကို အဲဒီ လို အရမ်းမခိုင်းနဲ့လို့ ပြောရတယ်။ လူငယ်ရင် ပေးရတဲ့ အလုပ်သမားခ ပိုက်ဆံကနည်းတယ်။ လူကြီးရင် ပေး ရတဲ့ အလုပ်သမားခ ပိုက်ဆံကများ တယ်လေ”ဟု ဈေးစည်ပင်သာယာ ရေးမှတာဝန်ရှိသူတစ်ဦးက ပြော သည်။

သက်ဆိုင်ရာ မြို့နယ် အလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးကလည်း ၁၆ နှစ်အောက်အလုပ် လုပ်နေသူများကို အလုပ်လုပ်နေ သောကလေးဟုခေါ်ကြောင်း၊ အဆို ပါ အလုပ်လုပ်နေသောကလေးများ အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာရ သေဆုံးပါက အလုပ်ရှင်ကို အရေးယူ နိုင်ကြောင်း၊ ထိခိုက်သူ၊ သေဆုံးသူ မိသားစုအနေနဲ့ လာရောက်တိုင် ကြားနိုင်ကြောင်း၊ ယခုဖြစ်ရပ်တွင် သေဆုံးသူမိသားစုဘက်မှ လာရောက် တိုင်ကြားမှု မရှိသေးကြောင်း ပြော သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက် ၍ လသာမြို့နယ်ရဲစခန်းမှ ဆိုင်ရှင် ဖြစ်သူကို ၁၅၁/၂၀၁၁ ပ ၃၀၄ (က) အရ အရေးယူ ထားကြောင်း သိရ သည်။

ကလေးသူငယ်များမှာ မိသား စုဝင်ငွေ ထောက်ပံ့ရန်အတွက် အလုပ်လုပ်နေကြရခြင်းဖြစ်ကြောင်း၊ မိသားစု ရပ်တည်နိုင်မှုအတွက် တစ် ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ သဘောတူညီချက် ကို ၀င်ရောက်ခဲ့ပြီးနောက် သဘော တူညီချက်တွင် ပါဝင်သောအခွင့်အ ရေးများကို အကောင်အထည်ဖော် နိုင်အောင် ကလေးသ ငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းထား ကြောင်း ဇူလိုင် ၁၉ ရက်ထုတ် ကုမု ဒြာ ဂျာနယ်တွင် ယူနီဆက်မှ တာဝန် ရှိသူတစ်ဦး၏ ဖြေကြားချက်တွင် ဖော်ပြထားသည်။

လူမင်းသောင်းထွန်း
http://moviemyanmar.com/archives/17421?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+myanmardaily+%28MyanmarDaily.net%27s+Latest+News%29

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */