“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 24, 2011

အစိုးရအဖွဲ့ဝင်တို့၏ သမီးများက ပြည်သူကိုစော်ကားသည့်မှတ်ချက်များပြောဆို


ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော နိုင်ငံရေးပါတီ ၆ ပါတီမှလူငယ်ကိုယ်စားလှယ် အဖွဲ့၏ ပူးပေါင်း သတင်းစာရှင်းလင်းပွဲကို တက္ကသိုလ်ရိပ်သာလမ်းရှိပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီလူငယ်အဖွဲ့ဝင်များ ဖြစ်ကြသော ဝန်ကြီး ၃ ဦး၏ သမီးများလည်း ပါဝင်တက်ရောက်၍ရှင်းလင်းပြောကြားခဲ့ပြီး သာမန်ပြည်သူတစ်ယောက် အိမ်မက်မ မက်ဝင့်သော ဆယ့်ငါးသိန်းကျော် Mac Book ကို ရှေ့တွင်ချထားသည့် ရဲချုပ်ဟောင်း ၀န်ကြီးဦးခင်ရီ၏ သမီးဖြစ်သူက ပြည်သူလူထုကို စော်ကားပြောဆိုသဖြင့်အထွေထွေအတွ​င်းရေးမှုး ဦးဌေးဦးက ဖာဖာထေးထေး ၀င်ရောက် ပြောဆိုပေးခဲ့ရကြောင်း တက်ရောက်ခဲ့သူ အားလုံးက တညီတညွှတ်တည်း ပြောဆိုသည်။ မြန်မာနိုင်ငံအစိုးရက ပြည်သူများ၏ ကောင်းကျိုးများကို ဆောင်ရွက်သော်လည်းပြည်သူ များက စည်းကမ်းပြည့်ဝခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံသည်ဖွံဖြိုးဆဲနိုင်ငံများအလယ်တွင် ခေတ်နောက်ကျ နေရခြင်းဖြစ်ကြောင်း အစချီကာပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသို့ ၇ ရက်ကြာ လေ့လာရေး ခရီးသွားခဲ့သူတို့၏အတွေ့အကြုံများကို ပြန်လည်ရှင်းပြရန် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကိုပြန်လည်ဖြေကြားရာတွင် အထက်ပါအချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသမီးက “အစိုးရတွေကကောင်းတယ်၊ ပြည်သူတွေရဲ့ အခြေခံစိတ်မှာသာ ကွာခြားနေတာပါ။ ကိုယ့်ဆီမှာက အပြစ်တင်ဖို့ များနေတာပါ၊ ကျွန်မတို့သွားခဲ့တဲ့ ဂျပန်မှာကပြည်သူကော၊ အစိုးရကောကောင်းတယ်။ နှစ်ဦးနှစ်ဘက် ဘာမှပြောဖို့ကိုမလိုဘူး။ဒါပေမယ့်​ ကျွန်မတို့နိုင်ငံမှာက ဒီလိုအခြေအနေတွေမရှိသေးဘူး။ အသေးအဖွဲတွေကအစ လိုက်နာမှုအားနည်းနေတာကို တွေ့ရတယ်၊ အမှိုက်ပစ်တဲ့ကိစ္စကအစ ကြည့်ရင်ပေါ့။အမှိုက်မပစ်ရလို့ေ​ပြာတဲ့နေရာမှာ အမှိုက်ပစ်တယ်၊ ဒီလိုအသေးအဖွဲကိစ္စလေးတွေကို မဆင်ခြင် နိုင်ဘဲ လူတွေက အကြီးကြီးတွေ လျှောက်ပြောနေတာ ”ဟုဆိုသည်။ ပြည်သူတွေရဲ့ အခြေခံစိတ်အားနည်းပါးနေသည့် အတွက် ဝေဖန်မှု များ များပြားနေခြင်းဖြစ်ကြောင်းဆက်လ​က်ပြောကြားသည်။ ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူတစ်ဦးက ပြည်သူနှင့် အစိုးရ ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ အစိုးရဘက်က တာဝန်ခံရန်လစ်ဟင်းမှုများကို လစ်လျှုရှုပြီး၊ ယခင်အစိုးရအဆက်ဆက်၏ အမှားကြောင့် ပေါ်ပေါက်ခဲ့ရသော ပြည်သူတို့၏ အဘက်ဘက်က နိမ့်ကျမှုများကိုသာ အပြစ်ပုံချနေခြင်းဖြစ်ကြောင်း ဆိုသည်။

“အမှိုက်ပစ်တဲ့ကိစ္စကို ပြောတဲ့ အခါမှာလည်း အစိုးရက လုပ်ပေးသင့်သလောက် မလုပ်ပေးတာကို ပြည်သူတွေ စည်းကမ်းမရှိလို့ ဆိုပြီး၊ သူတို့ဖြတ်သန်းလာတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး၊ ပြည်သူတွေကို စော်ကားသွားတာတော့လွန်တယ်”ဟု ၎င်းကဆိုသည်။ ယင်းခရီးစဉ်ကိုလိုက်ပါသွားသူ NDF မှပါတီဝင်တစ်ဦးကလည်း “ကျွန်တော်တို့အစိုးရက အခြေခံအဆောက်အဦးနည်းနေလို့ပါ၊ အခြေခံအဆောက်အဦး ကောင်းမွန်တဲ့ဂျပန်နိုင်ငံမှာက ဒီလိုကိစ္စတွေကို ခဏလေး ဖြေရှင်းနိုင် တယ်” ဟုသုံးသပ်သွားသည်။ ဇူလိုင် ၂၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသူ သတင်း ထောက်များ နှင့် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်အမျိုးသမီး ပါတီဝင်များကြား​ အပြန်အလှန်ပြောကြားချက်များ ပြီးဆုံးပြီးနောက်တွင် ဦးဌေးဦးမှသ တင်း ထောက်များအား ယင်းကဲ့သို့ ပြန်လည် ဖြေကြားချက်များအား သတင်းမီဒီယာများအနေဖြင့်ထိန်းထိ​န်းသိမ်းသိမ်းရေးကြရန် ပြောကြားခဲ့ သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ဦးဌေးဦးနှင့်အတူ အတိုက်အခံဟုပြောရမည့် နိုင်ငံရေးပါတီများမှ ထိပ်ပိုင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ သည် များစွာ အပြုသဘော ဆောင်ခဲ့သည်ဟု တက်ရောက်သူနိုင်ငံရေးပါတီမှ ခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

သို့သော်ပြည်ခိုင်ဖြိုးပါတီ လူကြီးလူငယ်အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယခုကဲ့သို့ မဲလိမ်ရန် ညွှန်ကြား မည့် ဗိုလ်ချုပ်မှုးကြီး ၏ အကူအညီမပါဘဲ ယှဉ်ပြိုင်ရမည်ကိုမေ့လျော့၍ ပြည်သူလူထုနှင့်တပြေးတည်း ခံစားပေးနိုင်ရန်ကို လည်းသတိမပြုနိုင်သေးဘဲ ရှိနေ သည်ကို တွေ့ရသည်။ဂျပန်နိုင်ငံက ဖိတ်ကြားခဲ့သည့် ပါတီစုံလူငယ် ကိုယ်စားလှယ်များထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးဦးခင်ရီနှင့် ဦးဇော်မင်း၊ ဝန်ကြီးဟောင်း ဦးသိန်းဆွေတို့၏ သမီးများ လိုက်ပါသွားခဲ့သည်။
By: Pyi Chit Thar

1 comments:

tokyo said...

လူကြီး သားသမီး ဖြစ်ပြီးအရှက်ကိုမရှိဘူး။ ပြည်သူလူထုကိုစော်ကားတယ်။ ကိုယ်မျက်ချေးကိုယ်မမြင် သူများကိုတာအပြစ်တင် စကားပုံလိုဖြစ်နေပြီး။

 
----------------------------------------- */ /* EOT ----------------------------------------- */