Friday, 22 July 2011 23:25 သျှမ်းသံတော်ဆင့် (ပေးပို့ သူ ဗမာ့သွေး)
ကချင်ပြည်နယ်အတွင်း KIA နှင့် မြန်မာစစ်တပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် ဗန်းမော်နှင့် မန္တလေး လှိုင်းဆွဲ နေသည့် သင်္ဘောကြီးများ ဝင်ငွေ ၃ ဆကျော်ထိုးကျ သွားကြောင်း သိရသည်။
ယခင်က ဗန်းမော်မှ မန္တလေး ခရီးစဉ်တွင် သင်္ဘောတစ်စီး ကုန်တင်ခ ကျပ်သိန်း ၉၀ ဝန်းကျင်ရရှိသော်လည်း ယခု ကျပ် သိန်း ၂၀ မျှသာရတော့ကြောင်း အဆိုပါ သင်္ဘောလှိုင်းဝန်ထမ်း အသိုင်းအဝိုင်းကသျှမ်းသံတော်ဆင့် သို့ ပြောသည်။နှစ်ဘက်စစ်ပွဲအတွင်း ဗန်းမော်မြို့နှင့် တရုတ်နယ်စပ် အကြား သွားလာရေးခက်ခဲနေပြီး ဗန်းမော်သို့ တရုတ်ကုန် အဝင် နည်းသွားကြောင်း ဗန်းမော်မှ မန္တလေး အစုန်ခရီးတွင်သဘောင်္များ ကုန်မပါပဲအလွတ်ပြန်နေရ ကြောင်း သူက ဆိုသည်။
“မန္တလေး - ဗန်းမော်ခရီးကတော့ သိပ်မထူးခြားဘူး ၊ ဗန်းမော်ကနေ အပြန်ဆိုရင်တော့ ခါလီပဲ ၊ ဗန်းမော်ကုန်က တရုတ် ပစ္စည်းအဓိကပေါ့ တရုတ်ပစ္စည်းမတင်တော့ အရင် သဘောင်္တစ်ပတ်ကို သိန်း ၉၀ လောက်ရတာ အခု သိန်း ၂၀ လောက်ပဲ ရတယ် ” ဟု ဆိုသည်။ထိုသို့ ဖြစ်ရခြင်းမှာ ဗန်းမော်သို့ တရုတ်ကုန်အဝင်နည်းသွားသည့် အပြင် လမ်းကြောင်းတစ်လျှောက် တရုတ် ပစ္စည်း အဖမ်း အဆီးများ၍ ဖြစ်ကြောင်း ဗန်းမော်မြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။
“တရုတ်ပစ္စည်းအဝင်နည်းတယ် ဈေးလည်းနည်းနည်းစီတက်လာတယ် အခုသင်္ဘောတွ ခါလီဖြစ်နေတာက အဝင်နည်း တာရယ် လမ်းမှာအဖမ်းအဆီးများတော့ မတင်တော့တာလည်း ပါတယ် ” ဟု ဆိုသည်။ယခုအခါ တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်းတွင် ကားလမ်း ပြတ်တောက်နေသဖြင့် ဆိုင်ကယ်ဖြင့်သာ ကုန်သွယ်နေကြောင်း သိရသည်။လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း ၉ မိုင်ကျော်ခန့်သာ ကွာဝေးသည့် ဗန်းမော်မြို့နှင့် မံစီမြို့ အကြားကားအသွား အလာများ ကို အာဏာပိုင်များက ယာယီပိတ်ခဲ့သေးကြောင်း သိရသည်။
Rest of your post
Sunday, July 24, 2011
ကချင်စစ်ပွဲကြောင့် ဧရာဝတီသဘောင်္များ ဝင်ငွေ ၃ ဆကျော် ထိုးကျ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment