“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 21, 2011

ယနေ့ဗမာပြည်လေး

ကမ္ဘာမြေပုံပေါ်မှာ
အလှဆုံး ကချေသည်မလေး တစ်ယောက်

ဂန္တာ၀င်မြောက်တဲ့ သူ့အနုပညာကို

မှော်ဝင်စွာနဲ့ ကခုန်နေတဲ့ ပုံသဏ္ဍန်

သာယာလှတဲ့ နောက်ခံပန်းချီကားလေးက

ပံ့ပိုးပေးထားလို့ မေ့မရတဲ့ ရုပ်သွင်နဲ့

ချစ်စရာ ကောင်းတဲ့ ဗမာပြည်လေးက

ဝမ်းနည်းစွာ ငိုကြွေးလျှက်ပါဘဲ အဖေ…..။



မြစ်မင်း ဧရာဝတီက

ငိုရှိုက်လို့ စီးဆင်းကာ

သူ့မရဲ့ သမီးငယ် မြစ်ဆုံဆိုတဲ့

နှမငယ်ကို ၀ိုင်းဝန်း အနိုင်ကျင့်ခံနေရလို့

တောင်းပန်သံတွေကို ဂရုဏာသက်တဲ့

လူအများက ပူးပေါင်း တားဆီးဖို့ ကြိုးစား

ဒါကို နားမလည်နိုင်ဘဲ ပြည်ပကို သွားရောက်တာ

တိုင်းပြည်မချစ်လို့ပါ ဆိုကာ နားလည်မှု လွဲကြ

ပြည်နယ်ပြည်မ ခွဲခြားလိုတဲ့ ဆန္ဒများနဲ့

လူတစုက ယုတ်မာတဲ့

ဒီအမှုကို ထောက်ခံအားပေးကြရင်းက

သူတို့သာ အမှန်ပါလို့

ကိုယ်ရည်သွေးနေကြပြန်ပြီ အဖေရေ…..။







တောတွေကပြောင် တောင်တွေက ဂတုန်း

တလောကလုံးလည်း အမှောင်တွေ ဖုံးလွှမ်း

လူသားမဆန်တဲ့ အယုတ်တမာလူတစ်စုက

လက်နက်ကိုင်ကာ ရမ်းကားပြပြီး

ဒီမိုကရေနိုင်ငံကြီး ထူထောင်ပေးပါ့မယ်လို့

ကြွေးကြော်နေကြပြန်တယ် အဖေရေ…..။





ဘယ်မှာလည်း တရားမျှတမှုတဲ့

လူတစ်စုရဲ့ လောဘရမ္မက်ကြောင့်

အရေကိုလွှာ အသားကိုလှီး

အတွင်းက ကလီစာကို ပါ

ရန်ရှာလာလို့ သည်းမခံနိုင်တဲ့ဟန်ပန်များနဲ့...........

ရိုးမတောင်တန်းကြီးတွေက

ရှိုက်ကြီးတင် ငိုကြွေးသံတွေက

မိုးယံထက်မှာ ၀မ်းနည်းဖွယ်ရာ

လွင့်ပျံနေဆဲပါဘဲ အဖေရေ… .။



ကမ္ဘာမှာ ပညာသာအဓိကလို့

နိုင်ငံတကာက ကြွေးကြော်

နည်းပညာအားကိုးနဲ့ အမှီလိုက်ကာ

အဆင့်အတန်း မြင့်မားဖို့အတွက်

ကြိုးစားနေကြချိန်မှာ အဖေ့ရင်သွေး

ဗမာပြည်သားလေးတွေက ၀မ်းရေး အတွက်

အမှိုက်ကောက်ရတဲ့ အရေအတွက်

ပိုမိုတိုးတက်လာတာ မြင်နေရဆဲပါဘဲ အဖေရေ…. ။



လွတ်လပ်ဖို့ ဒို့များ ကြံရင်ကွယ်

အကြမ်းနည်းကို သုံးရမယ်…

အနုကိုသုံးရမယ်…..ဥပဒေထုံးနဲ့ရယ်

နည်းလမ်းကျကျ အာဏာဖီဆန်

သပိတ်မှောက်ရမယ်……. ဆိုတဲ့

အဖေတို့ ခေတ်က သီချင်းသံလေးကို

ကြားမိတိုင်း တော်လှန်ရေး ဆိုတဲ့ အသံကိုငြင်းဆန်

ပြည်သူလူထုကြီး နစ်နာမယ်လို့ အကြောင်းပြ

အာဏာရှင်တွေ လုပ်သမျှ ဒူးထောက်တောင်းပန်ဖို့

ကြိုးစားနေတဲ့ လူတွေကို မြင်ရင်

အဖေဘယ်လို နေမလည်း …….တွေးမိပါသေးတယ် အဖေရယ် …… ။





လွတ်လပ်ရေးရဲ့ ယဇ္ဇ်ပလင်ထက်ကို

ရဲရဲကြီး တက်သွားကြတဲ့ အဖေက

စိတ်ပျက်စွာနဲ့ ညည်းညူနေတဲ့ လူအများအတွက်

ငါတို့ အသက်တွေ ပေးဆပ်ခဲ့တာ

မင်းတို့တတွေ ငြီးတွားဖို့ မဟုတ်ပါလို့

တမလွန် ဘုံဘ၀က အားမလို အားမရနဲ့

လှမ်းပြောနေသလို နားထဲမှာ ကြားလိုက်နေရတယ် ။



သေချာ နားဆင်ကြည့်တော့မှ

ဗမာပြည်ရဲ့ ကောင်းကင်ယံမှာ ပျံလွင့်နေတဲ့

အားပါလှတဲ့ အသံတခု…….

သူရဲကောင်းတွေရဲ့ အရိုးတွေက

တွေဝေနေတဲ့ လူအများကို

တွန်သံတွေ ပေးရင်း……… လှမ်းမေးနေပြီ

" မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာတဲ့လား… တဲ့ " ။


http://www.facebook.com/note.php?note_id=245149972169324


ကဗျာလေးနဲ့ ပက်သက်ပြီး ပြောကြားချင်တာများ ရှိခဲ့ရင် ဒီလင့်လေးကိုနှိပ်ပြီး လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံ ပါတယ် ခင်ဗျာ ။



ခင်မင်လေးစားလျှက်

ဗမာ့သွေး


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */