“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 30, 2011

ဘောပွဲ သို့ မဟုတ် ဆဲပွဲ


မြန်မာ-အိုမန်ဘောလုံးပွဲ အကြမ်းဖက်ပရိသတ်များကို စတင်အရေးယူတော့မည်။

ပွဲချိန်မိနစ် ၄၀ခန့်သာ ကစားခဲ့ရပြီး ပရိသတ်များကို ထိန်းသိမ်း၍ မရတော့သဖြင့် ပြိုင်ပွဲရပ်ဆိုင်းခဲ့ရသော ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှဇုန် ဒုတိယအဆင့်မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ပွဲစဉ်တွင် အကြမ်းဖက်ခဲ့သော သူများကို ဓာတ်ပုံအထောက်အထားများဖြင့် အရေး ယူမှုများ စတင်ပြုလုပ်နေကြောင်း မျက်မြင်တွေ့ကြုံနေရသူများက ပြောကြားသည်။ ဘောလုံးပွဲစဉ်တွင် အကြမ်းဖက်မှုပြု လုပ်ခဲ့သော ပရိသတ်များအား အရေးယူမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေရှင်ျးေဆာင်ရွက်သွားရန် အစည်းအဝေးပြုလုပ်နေကြောင်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့နေ့လယ် ၁၂နာရီခန့်ကပြောကြားသည်။
“ကျွန်တော်တို့ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး FIFAကဘယ်လိုအရေးယူမယ်ဆိုတာမသိသေးဘူး။ အကြမ်းအားဖြင့် FIFA ကကျင်းပတဲ့ ပွဲနဲ့ပတ်သက်ပြီး အဲဒီကွင်းထဲ ပစ္စည်းတစ်ခုကျရင်ဒေါ်လာ ၅၀၀၀လောက်ဒဏ်ငွေပေးရတယ်။ အခုဘယ်လိုလာမလဲမသိဘူး” ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ဇူလိုင်လ မွန်းလဲ ၁နာရီခန့်က ပြောကြားသည်။ ယင်းနေ့ပွဲစဉ်က ပွဲချိန် ၃၈ မိနစ်ခန့်၌ ပရိသတ် ၃၀၀၀၀ကျော်ထဲမှ ၃၀၀၊ ၄၀၀ ခန့်က ခုံများရိုက်ချိုးခြင်း၊ သံတိုင်များချိုးခြင်း၊ ရေသန့်ဘူးများ ဖိနပ် များဖြင့် ကွင်းထဲသို့ ပစ်ပေါက်ခဲ့ကြောင်း၊ နောက်ပိုင်း FIFA ပွဲစဉ်များ၌ ဝင်ကြေးပေးကြည့်ရှုရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စကြောင့် လူမျိုးနှင့် နိုင်ငံသိက္ခာကျဆင်းခဲ့ရကြောင်း ၂၀၁၁ ခုနှစ် သြဂုတ် ၁ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */