“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 24, 2011

ဦးဝင်းတင်ကို ဒေါ်အောင်ဆန်းစုကြည် အားပေး

မျိုးသိဏ်း | စနေနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၉ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
(ရန်ကုန်၊ မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်ထံသို့ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့ညနေ ၅ နာရီအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်တည်းက ခြေထောက်နာကျင်ကိုက်ခဲမှု ဝေဒနာကြောင့် အာရှတော်ဝင်ဆေးရုံတွင် ကုသမှု ခံယူနေခဲ့ရသည့် ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အလုပ်တာဝန်များပြားနေသည့်ကြားမှ ယခုကဲ့သို့ လာရောက်အားပေးကြည့်ရှုသဖြင့် အားတက်မိသည်ဟု မဇ္ဈိမကို ပြောသည်။


အာရှတော်ဝင်ဆေးရုံတွင် ကုသမှု ခံယူနေခဲ့ရသည့် ဦးဝင်းတင်။ ဓာတ်ပုံ - မဇ္ဈိမ


"လာကြည့်တဲ့အတွက်တော့ အများကြီး အားတက်တာပေါ့။ အားတက်တယ်ဆိုတာက အလုပ်အလွန်များတဲ့ အနေအထားမှာက နေပြီးတော့ အခုလို ကျန်းမာရေးအတွက် လာပြီး အားပေးတယ်ဆိုတာကတော့ တို့ဆိုတာကတော့ အားတက်တာပေါ့။ သို့သော် တခုရှိတာက သူ့အတွက်လဲ နိုင်ငံရေးလုပ်ငန်းတွေက၊ အလုပ်တွေက အများကြီး ရှိတဲ့အခါကြတော့ အဲ့တာတွေအတွက်လဲ အနှောင့်အယှက် မဖြစ်စေချင်ဘူး။ တို့က သူ့ကို အကူအညီသာပေးချင်တယ် အနှောင့်အယှက်တော့ ဘာမှမဖြစ်စေချင်ဘူး။ သူ့အတွက်လဲ အဟန့်အတား အပိတ်အဆို့ မဖြစ်စေချင်ဘူး" ဟု ဦးဝင်းတင်ကပြောသည်။



ဦးဝင်းတင်အား မိနစ်နှစ်ဆယ်ခန့် စကားပြောဆိုအားပေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင်အားကုသပေးနေသည့် ဆရာဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇူလိုင်လ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဆေးရုံမှ ခေတ္တခွင့်ပန်ကာ သွားရောက်ခဲ့သူ ဦးဝင်းတင်သည် ခြေထောက်နာကျင်ကိုက်ခဲမှု ဝေဒနာအတွက် ခါးရိုးအတွင်းသို့ ဆေးထိုးသွင်းကုသနေရဆဲဖြစ်ပြီး နောက်ထပ် ၅ ရက် ၆ ရက်ခန့် ဆေးရုံတွင် ဆက်လက် ကုသမှုခံယူရဦးမည်ဟု သိရသည်။

အသက်အရွယ်အရ ကျန်းမာရေးပြဿနာမှာ ရှောင်လွှဲမရနိုင်သည့် အနေအထားဖြစ်သော်လည်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွက် အဟန့်အတားဟု မထင်ကြောင်း နိုင်ငံရေးသမား ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မဇ္ဈိမကိုပြောသည်။

"ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ချို့ယွင်းချက်ကတော့ တို့မှာတော့ ပေါ်နေပြီ။ အသက်ကလဲ ၈၂ နှစ်ဆိုတော့ ရှောင်လွှဲလို့လဲ မရတော့ဘူး။ ဒီဟာက ပေါ်ကိုနေတော့တာ။ အဲ့တော့ အခု ဒီကျန်းမာရေးကိစ္စ ပေါ်လာတဲ့အတွက်တော့ ဒီမိုကရေစီရေးလှုပ်ရှားမှု လုပ်ငန်းတွေအတွက် ဘာမှထူးထူးခြားခြား အဟန့်အတား အနှောက်အယှက် ဖြစ်တယ်လို့ မယူဆတော့ပါဘူး။ ဘာလို့လဲဆိုတော့ ရှေ့လျှောက်လဲ ဒါတွေ ဖြစ်နေတော့မှာပဲ အသက်အရွယ်ကို လိုက်လို့လေ။ အဲ့တော့ ဒီဟာအတွက် အရေးမကြီးတော့ဘူးလို့ တို့က ယူဆပါတယ်"


ယခုကဲ့သို့ ကျန်းမာရေးချို့တဲ့သည့် အနေအထားအပေါ် စိတ်ပူပန်ခြင်းမရှိစေလိုကြောင်း၊ လူတဦးတယောက်အနေဖြင့် အို၊ နာ၊ သေ ကိစ္စများ ရှောင်လွှဲမရသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများတွင်မူ မည်သည့်အကြောင်းနှင့်မှ အားထုတ်မှု လျော့မသွားရန်လိုကြောင်း သူ့အား စိုးရိမ်ပူပန်နေသူများနှင့် မိတ်ဆွေများအား ဦးဝင်းတင်က မဇ္ဈိမ မေးမြန်းခန်းတွင် ဖြည့်စွက် ပြောဆိုသွားခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */