“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 30, 2011

ကားရပ်နားရန် နေရာ၏ အခက်အခဲ

ရန်ကုန်မြို့တွင် ကားပါကင် ပြဿနာကို ပိုမိုရင်ဆိုင်လာရ
လက်ရှိ အနေအထားများအရ ရန်ကုန်မြို့တွင် ကားပါကင် ပြဿနာကို ပိုမိုရင်ဆိုင်လာရပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။ ရန်ကုန်မြို့တွင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ် စီးရေသည် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကို လွှမ်းခြုံပါက နှစ်သိန်းခွဲကျော်သာ ရှိနေသည်။ ထိုအထဲတွင် ကိုယ်ပိုင်ယာဉ်ငယ် စီးရေသည် တစ်သိန်းကျော်သာ ရှိသည်။ ခရီးသည်တင် လိုင်းကားစီးရေသည် ရှစ်ထောင်ခန့်သာ ရှိပြီး စီးတီးတက္ကစီ အစီးရေသည် တစ်သောင်းခွဲ ၀န်းကျင်ခန့် ရှိသည်။ ရန်ကုန်မြို့တော်၏ အကျယ်အ၀န်းသည် ဧရိယာ စတုရန်းမိုင် ၃၀၀ကျော် ရှိသည်။ အဆိုပါ ယာဉ်အစီးရေနှင့် ရန်ကုန်မြို့ပြဧရိယာ အနေအထားတွင် ယာဉ်ရပ်ရန်နေရာ မရှိဟူသော ပြဿနာမှာ မဖြစ်သင့်သော အနေအထားပင် ဖြစ်သည်။ အဘယ်ကြောင့် ယာဉ်ရပ်ရန်နေရာ မရှိရသနည်း။ ပုံစံအမျိုးမျိုးသော၊ အမည်အမျိုးမျိုးသော အဆောက်အအုံ တိုင်းတွင် ယာဉ်ရပ်ရန်နေရာ အလုံအလောက် စီမံထားရှိမှု မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့နေမှုများတွင် ကားပါကင် မရှိခြင်းသည် အဓိက ပြဿနာ ဖြစ်သည်။ စည်ပင်သာယာက သတ်မှတ်ထားသည့် အထပ်မြင့် အဆောက်အအုံတိုင်း၌ ပါသင့်ပါထိုက်၊ ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များတွင် ကားရပ်နားရန် နေရာလည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ရေစီးရေလာ၊ ရေဆက်သွယ်မှု၊ မီး၊ အမှိုက်စွန့်ပစ် စနစ်များ အပါအ၀င် ကားပါကင်သည်လည်း တစ်ခုအပါအ၀င် ပါရှိရမည်ဖြစ်ပြီး ထိုအင်္ဂါရပ်များနှင့် ပြည့်စုံမှ လူနေထိုင်ခွင့် ရရှိမည်ဟု သတ်မှတ်ထားသည်။ သို့သော် အထပ်မြင့်အဆောက်အအုံ အများစုတွင် ကားရပ်နားရန် သီးသန့်နေရာ မရှိပေ။ ''လမ်းသွယ်တွေနဲ့ အဓိက လမ်းမကြီးတွေကို ချိတ်ဆက်ထားတဲ့ လမ်းတွေမှာလည်း အထပ်မြင့်နဲ့ ကွန်ဒိုဆိုပြီး အဆင့်မြင့်တိုက်တွေ အမည်ခံပြီး ဆောက်လာကြပါတယ်။ ကွန်ဒိုတွေ၊ တာဝါတွေနဲ့ အဆင့်မြင့် အိမ်ရာတွေမှာ နေထိုင်နိုင်တဲ့ အနေအထားက အနည်းဆုံး ကားတစ်စီး လောက်တော့ ပိုင်ဆိုင်တဲ့ အနေအထားတွေပါ။ တစ်ခန်း တစ်စီးတောင် အနိုင်နိုင် ဖြစ်နေတာ၊ ကုမ္ပဏီတွေ၊ ရုံးခန်းတွေ၊ ဈေးဝယ်စင်တာတွေနဲ့တွဲပြီး ဖွင့်ထားတဲ့ နေရာတွေမှာ ကားပါကင်ပြဿနာ တက်တော့တာပါပဲ။ နောင်ဆောက်မယ့် အဆောက်အအုံတွေမှာ ဒါတွေကို မဖြစ်မနေ ထည့်သွင်း တွက်ချက်ရမှာပါ''ဟု ဒုတိယ ရဲမှူးကြီး မျိုးအောင်(အငြိမ်းစား)က သုံးသပ်သည်။ ဈေးဝယ်စင်တာကြီးများနှင့် ကားပါကင် ပြဿနာကြောင့် နောက်ပိုင်း အချို့သော ဈေးဝယ်စင်တာများတွင် ကားပါကင်နေရာအတွက် ထည့်သွင်း ဆောင်ရွက်လာကြ သော်လည်း ယခင်က အစိုးရရုံး အဆောက်အအုံများကို လေလံယူ ပြန်လည်ပြုပြင်ကာ ဖွင့်လှစ်လာကြသော နေရာများတွင်မူ ကားရပ်နားရန် အခက်အခဲများ ရှိနေကြသည်။ ကားရပ်နားရန် အခက်အခဲများကြောင့် ကားပိုင်ရှင်များ အနေဖြင့် ကားအတွက် အထွေထွေ ကုန်ကျစရိတ်များအပြင် ကားရပ်နားခ ကားပါကင်ကြေးမှာ တစ်လ ကျပ်ငါးသောင်းမှ တစ်သိန်းကြားခန့် ကုန်ကျမှု ရှိနေကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */