“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 14, 2011

စိန်ကျော့ဌာနချုပ်အနီး SSPP/SSA တပ်စခန်းအား မြန်မာစစ်တပ်ဝင်တိုက်

Monday, 13 June 2011 16:23 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
သီပေါမြို့နယ် စိန်ကျော့ဌာနေပြည်သူ့စစ် ဌာနချုပ် အနီးရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း အား မြန်မာစစ်တပ် ဝင် ရောက် တိုက်ခိုက် ရာ SSPP/ SSA က တပ်ဆုတ်ပေးလိုက် သော်လည်း အဆိုပါ တပ်စခန်း၌ မြန်မာစစ်တပ် အခြေမချဘဲ ဖြတ်ကျော် သွား သည်ဟု SSPP/SSA သတင်းရပ်ကွက် ကဆိုပါ သည်။

၁၂ ရက်နေ့ မနက် ၅ နာရီခွဲမှ ၁၀ နာရီအထိ SSPP/SSA ၏ အဆိုပါတပ်စခန်းအား မြန်မာစစ်တပ်က အဲမ်အေ ၁၀ မော်ထာ အလုံး ၄၀-၅၀ ကျော် ပစ်ခတ်တိုက်ခိုက်သည်ဟု SSPP/SSA အရာရှိတဦးကပြောသည်။


“ကျနော်တို့စခန်းက စိန်ကျော့အရှေ့တောင်ဖက်မှာရှိတာ။ ကောင်းစမိန်းကုန်းမှာပေါ့။ မြန်မာတပ်နဲ့ ကျနော်တို့စခန်းနဲ့ ၆ ဖာလုံ လောက် ဘဲဝေးတယ်။ မနက် ၅ နာရီခွဲလောက် ကတည်း ကဘဲ” ဟု အဆို ပါအရာရှိ ကပြောသည်။


ကျောက်မဲ စကခ ၁ လက်အောက်ခံ စိန်ကျော့စခန်းချ မိုင်းရယ် ခမရ ၃၂၅ နှင့်အတူ သီပေါ အခြေစိုက် ခမရ ၅၀၃ တို့ပူးပေါင်း သည့် အင်အား ၃၀ဝ ခန့်က ကောင်းစမိန်းရှိ ဗိုလ်စိုင်းကမ်ဦးဆောင်သော အင်အား ၂၀ ခန့်ရှိ SSPP/ SSA တပ်မဟာ ၁ လက်အောက်ခံ အမှတ် ၉ မြို့နယ် အုပ်ချုပ်ရေး လုံခြုံရေး တပ်စခန်းအား ဝင် ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆို၏။


“မြန်မာတပ်ဖက်က လက်နက်ကြီးတွေနဲ့ချတာ။ ၇ နာရီလောက်မှသေနတ်သံထွက်တာ။ နေ့ခင်းလောက်အထိပစ် တယ်။ SSPP/ SSA လဲတပ်ဆုတ်ရော မြန်မာတပ်တွေလဲ ကောင်းစမိန်းမှာမနေဘူး။ ကျနော်တို့ စိန်ကျော့ပြည် သူ့စစ်တွေကိုမယုံလို့ထင်ပါရဲ့ ကူဖို့တိုက်ဖို့ ကမ်းလှမ်းလာတာမရှိဘူး။ ရှိခဲ့ရင် တောင်မှ ကျနော်တို့ကူတိုက်ပေး မယ့် အဆင့်အထိ မ အ သေးပါဘူး ” ဟု စိန်ကျော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးကပြောသည်။


တိုက်ပွဲဖြစ်နေစဉ်အတွင်း ရွာသားတဦး နေအိမ်မှ ကျွဲများ ရွာပြင်မောင်းထုတ်နေစဉ် မြန်မာစစ်တပ်၏ပစ်သတ် ခြင်း ခံရကြောင်း စိန်ကျော့ဒေသခံတဦးကပြောသည်။


“ စိုင်းထွန်း(အသက် ၃၀ ) သူ့ကျွဲတွေကို ရွာပြင်ထုတ်ထားမလို့ တဲ့။ လမ်းမှာ မြန်မာစစ်တပ်က ရပ်ခိုင်းတာ သူက မရပ်ဘဲ ကြောက် ကြောက်နဲ့ထွက်ပြေးတော့ မြန်မာစစ်တပ်က ပစ်ထဲ့လိုက်တာ ပွဲချင်းပြီးဘဲတဲ့။ ရွာထိပ်ကလူတွေ ကပြောတယ်” ဟု ပြောသည်။


အဆိုပါရွာသားမှလွဲ၍နှစ်ဖက် သေကြေဒဏ်ရာရမှု မသိရသေးဟုလည်း သိရသည်။


အလားတူ ၁၁ ရက်က မိုင်းရှူးနှင့် တန့်ယန်းနယ်စပ် နောင်အက်အုပ်စု နမ့်မော်အွန်ကျေးရွာတွင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်အား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်တပ်ဖက်မှ ၄ ယောက်သေဆုံးခဲ့ကြောင်း SSPP/ SSA အရာရှိကဆက်လက်ပြောပြသည်။


တိုက်ပွဲကြောင့် သေဆုံးမှုအရေအတွက်နှင့်ပါတ်သက်၍ သျှမ်းပြည်တပ်မတော်ဖက်မှ အရာရှိတဦးက“ ကျနော်တို့ သေရင်သေ သလောက်မှန်မှန်ကန်ကန်ပြောပါတယ်။ ရန်သူဖက်က သေတယ်ပြောပြီး ကျနော်တို့ဖက်က မသေဘူး ဆိုပြီး လိမ်ပြောလို့မရပါဘူး။ တိုက်ပွဲပြီးရင် စစ်ဆေးမှုရှိတယ်။ ဒေသခံလူထုရှိတယ်။ ကျနော်တို့အထက် လူကြီး ဆီတင်ရတယ်။ ကျနော်တို့ဘာကြောင့် အသေ အပျောက်နဲလဲဆိုတာ မဆန်းပါဘူး။ ကျနော်တို့မွေးဖွားကြီးပြင်း လာတဲ့နယ်မြေအကြောင်း ကျနော်တို့ ကောင်းကောင်း သိတာ ပေါ့ ” ဟု သျှမ်းသံတော်ဆင့်အားပြောပြဖူးသည်။


မတ်လဆန်းမှစ၍ ယနေ့တိုင် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA ကြား တိုက်ပွဲပေါင်း ၆၀ ထက် မနည်း ဖြစ်ပွါး ရာ ထိုးစစ်ဆင်တိုက်ခိုက်လာသည့် မြန်မာဖက်မှ ၃၀ဝ ထက်မနည်း သေကြေဒဏ်ရာရခဲ့ပြီး သျှမ်းပြည် တပ်မတော်ဖက်တွင်လည်း ၁၀ ယောက်ခန့် သေကြေဒဏ်ရာရခဲ့သည်ဟု SSPP/SSA ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူး ကြီး စိုင်းထူးက ပြောခဲ့ဖူးသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */