“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

နောက်ဆုတ်ဖို့ ချောက်သာကျန်တော့ရင်

http://fine-leaves.blogspot.com/ ပေးပို့ သူ -eimmet mahotpar
အခု ကချင်ဖက်မှာ ကေအိုင်ကေနဲ့ အစိုးရတပ်တွေ သေနတ်ပေါက်ပြီး တိုက်ပွဲတွေ
ဖြစ်တာကြားရ၊ ဒုက္ခသည် တွေ အစုလိုက် အပြုံလိုက် ထွက်ပြေးရတယ်

ဆိုတာတွေကို ကြားရတော့ အင်း စစ်တပ်ဟာ သူ့မှာ ခေတ် အဆက်ဆက်
ကျင့်သုံးခဲ့တဲ့ ထုံးစံအတိုင်း ပေါ်လစီအတိုင်း လုပ်ချလိုက်ပြန်ပြီလားလို့
တွေးမိပါတယ်။

ဆိုလို ချင်တာက ဒီလိုပါ။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးအရ ပြဿနာ
တခုခု ကြုံရတော့မယ်ဆိုရင် စစ်ရေး နည်းအရ ထွက်ပေါက်ရှာလေ့ ရှိပါတယ်။

အင်အားသုံး ဖြေရှင်းတဲ့ နည်းလမ်းကို နှစ်ခါမစဉ်းစားဘဲ အသုံးပြု တာကို ဆိုလိုတာပါ။

အခုကချင်မှာ ဖြစ်လာတဲ့ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်း
အတော်များများ ရှိပါလိမ့်မယ်။ မြစ်ဆုံ ရေကာတာ ကိစ္စလည်း ပါတယ်လို့

တချို့ကဆိုပါတယ်။ ဒါလည်း ဖြစ်နိုင်တဲ့ အကြောင်းအရင်း များတွေ ထဲက တခုပါ။
တချို့ကတော့ ဒီလိုတွက်ပါတယ်။ ကေအိုင်အေဖက်က မြန်မာစစ်ဗိုလ်ချုပ်တွေကို

အလျှော့ပေး လာရတာ များသထက် များလာတော့ အချိုးခံရတယ်၊ စော်ကားခံရတယ်ဆိုတဲ့
ခံစားချက်မျိုး ဖြစ်လာပြီး ဒီထက် ထပ်မလျှော့နိုင်တဲ့အခါမှာ

လက်နက်ကိုင်ပြီး ပြန်လည်ခုခံရတဲ့ အခြေအနေအထိ ဆိုက်သွားတယ်လို့ ထောက်ပြ
ပါတယ်။ ဟုတ်ပါတယ် ဒါလည်း နောက်ကွယ် အကြောင်းအရင်း များထဲက

တခုလို့ ပြောနိုင်ပါတယ်။ ကချင် အမျိုးသားတွေဖက်က ဘယ်လောက်အတိ
လျှော့ပေးခဲ့ သလဲဆိုရင် ယခင်က ကေအိုင်အိုရဲ့ နံပါတ်ဝမ်း ခေါင်းဆောင်
ဖြစ်ခဲ့တဲ့

ဒေါက်တာတူးဂျာဟာ ကြံ့ဖွံ့ ပါတီဝင် အဖြစ် လျှောက်ထား ခဲ့သည်အထိ
လျှော့ပေးခဲ့ ပါတယ်။ ဒါတောင် ဒေါက်တာတူးဂျာကို ကြံ့ဖွံ့ပါတီဝင် အဖြစ်
လက်ခံမယ်

လက်မခံဖူး ဆိုတာတောင် ဟိုဖက်က လေးလေးစားစား အကြောင်းပြန်ခဲ့တာ မဟုတ်ပါဖူး။

တကယ်တန်း ပြောရမယ်ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ခေတ်အဆက်ဆက် ကထဲက
တိုင်းရင်းသား လူမျိုး တွေကို ဒုတိယတန်းစား နိုင်ငံသားအဖြစ်

လောက်သာ သဘောထားခဲ့တာပါ။ မြန်မာစစ်ဗိုလ်ချုပ် အများစု အထူး သဖြင့်
ဗိုလ်ချုပ် နေဝင်းနဲ့ သူ့ရဲ့နောက်လိုက် ဗိုလ်ချုပ်တွေဟာ လွတ်လပ်ရေးရကထဲက

တိုင်းရင်းသား အရပ်သားခေါင်းဆောင်တွေ (အထူးသဖြင့် တိုင်းရင်းသား
တပ်မတော်အရာရှိတွေ) ကို ယုံကြည်မှု မရှိပါဖူး။ အင်္ဂလိပ်စစ်တပ်မှာ
အမှုထမ်းခဲ့တယ်။

ခရစ်ယာန်တွေ ဖြစ်တယ်။ ဒါကြောင့် နယ်ချဲ့ လက်ကိုင်တုတ်တွေ ဖြစ်တယ်လို့
သတ်မှတ်ပါတယ်။ သို့သော် တရားဝင် ထုတ်ပြောတာ မျိုးတော့ မဟုတ်ပါဖူး။

ဒါကြောင့် မြန်မာ စစ်တပ်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်
တပ်မတော်ထဲမှာ အဆင့်မြင့် တိုင်းရင်းသား အရာရှိကြီးတွေ ဘယ်နှစ်ယောက်
ရှိသလဲဆိုတာ

ရေကြည့်လိုက်ရင် ဆယ်ယောက်တောင် မပြည့်တာကို တွေ့ရပါလိမ့်မယ်။
တိုင်းရင်းသား အရာရှိအများစုဟာ ဗိုလ်မှူး၊ ဗိုလ်မှူးကြီးလောက်မှာပဲ
တန့်သွားတယ်

ဆိုတာ မြင်နိုင်ပါတယ်။ ဟိုတုန်းက ရှားရှားပါးပါး ဆိုသလို ကချင်လူမျိုးထဲက
ဗိုလ်မှူးချုပ် တဦး ရှိခဲ့ပါတယ်။ သူ့နာမည်က ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်
ဖြစ်ပါတယ်။

တချိန်က နာမည်ကြီး အမျိုးသမီး အဆိုတော်တဦးဖြစ်တဲ့ အယ်လ်ခွန်းရီရဲ့ ဖခင်
ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ဟာ မြောက်ပိုင်းတိုင်း
တိုင်းမှူးအဖြစ်

တာဝန်ထမ်းနေရင်း မြစ်ကြီးနားမှာ လုပ်ကြံ သတ်ဖြတ် ခံရပါတယ်။ အဲဒီတုန်းက
ဗိုလ်ချုပ်နေဝင်းရဲ့ မဆလ အစိုးရကနေ ဒီကိစ္စဟာ ကေအိုင်အေရဲ့ လက်ချက်

ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ ဒါပေမယ့် မြစ်ကြီးနား မြို့သူမြို့သားတွေ
နားလည်တာကတော့ အစိုးရက တဖက်လှည့်နဲ့ သတ်ဖြတ်ပြီး ကေအိုင်အေကို
ထိုးချတယ်လို့

ယူဆကြ ပါတယ်။ အဲဒီနောက်ပိုင်း ကချင်လူမျိုး ထဲက အစိုးရတပ်မှာ
ရာထူးကြီးကြီး ရတဲ့သူ ဆိုတာ မရှိတော့တာ အခုအထိပါပဲ။

ကိုင်း အခု အစိုးသစ် ပေါ်လာပြီ။ သမ္မတသစ်ကလည်း တိုင်းပြည်တိုးတက်အောင်
လုပ်မယ် ဘာညာဆိုပြီး ပြောခဲ့ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး

(ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုတော့ မသုံးစွဲ) ပေါ်ပေါက်လာအောင် လုပ်မယ်
ဆိုတာလည်း ပြောပါသေးတယ်။ နိုင်ငံရဲ့အင်အား ၃ ခုအနက် နိုင်ငံရေးအင်အားဟာ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဖြစ်တယ် ဆိုတာတောင် ထည့်ပြောခဲ့ပါသေးတယ်။
စက်မှုနိုင်ငံတော်ကြီး ဖြစ်အောင်လည်း ဆောင်ရွက်မယ် ဆိုတာလည်း ပါပါ

သေးတယ်။ ခြုံပြောရင် တော့ မြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်အောင်
လုပ်မယ်ဆိုတဲ့ သဘောပါပဲ။ ဟုတ်ပါပြီ။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ
လူတိုင်းမြင်ချင်တာပေါ့။

ဒါပေမယ့် အခုလိုသာ နိုင်ငံရေး၊ အကျိုးစီးပွားအရေးကြောင့် ပြဿနာပေါ်တိုင်း
ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းဘဲ သေနတ် တထိုင်းထိုင်း
ပေါက်နေမယ်ဆိုရင်

ဘယ်လိုလုပ်ပြီး တိုင်းပြည် တိုးတက်အောင် လုပ်မှာလဲဆိုတာ ဦးသိန်းစိန်ကို
မေးဖို့လိုလာပါတယ်။ မငြိမ်းချမ်း မတည်ငြိမ်တဲ့ တိုင်းပြည်တခုမှာ
သိကြားမင်း

ဆင်းလာပြီး ဝင်ကူပေးရင်တောင် တိုးတက်ဖို့ မလွယ်ဖူးဆိုတာ လူတိုင်းသိပါတယ်။
ဟိုပညာရှင် ဒီပညာရှင် တွေလည်း ကယ်နိုင်မှာ မဟုတ်ပါဖူး။

နှစ်ဦးနှစ်ဖက် ဂုဏ်သိက္ခာရှိရှိ မျက်နှာချင်းဆိုင်ပြီး တန်းတူရည်တူ
စကားပြောပြီး မဖြေရှင်းနိုင်ဖူးဆိုရင် အခု ကချင်မှာ ဖြစ်နေတဲ့
တိုက်ပွဲတွေဟာ ဒီပြင်

တိုင်းရင်းသား နယ်မြေတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။ ကာရန် မသင့်ရင်
တပြည်လုံး သေနတ်သံတွေ ညံလာနိုင်ပါတယ်။ အဲတာအပြင် မြန်မာအများစု

နေထိုင်တဲ့ တိုင်းဒေသ များ တွင်းမှာလည်း ဘယ်သူ့ လက်ချက်မှန်း မသိတဲ့
ဗုံးကွဲတာတွေ၊ လုပ်ကြံတာတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ အရှိကို
အရှိအတိုင်း

ပြောရရမယ်ဆိုရင် အုပ်ချုပ်သူများနဲ့ တိုင်းရင်းသားလူမျိုးများ အကြားမှာ
ယုံကြည်မှု မရှိတာ နှစ်ပေါင်းမြောက်များစွာ ရှိခဲ့ပါပြီ။ အဲသလို ယုံကြည်မှု
ကင်းမဲ့နေတာကို

မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြန်လည် တည်ဆောက်ရမယ့် အစား သေနတ်ဖေါက်တယ် ဆိုတာ
ကတော့ ဉာဏ်နည်းရာ ကြသလို ဗိုလ်ကျတယ်ဆိုတဲ့ အသွင်ကိုလည်း

ဆောင်ပါတယ်။ အရင်အစိုးရ အဆက်ဆက်မှာ မတည်ဆောက်နိုင်ခဲ့တဲ့
အမျိုးသားများအတွင်း ယုံကြည်မှုကို ဦးသိန်းစိန် အစိုးရက စတင်ပြီး

တည်ဆောက်ပြနိုင်တယ် ဆိုရင် အားလုံးသာဓု ခေါ်ကြမှာပါ။ တကမ္ဘာလုံးကလည်း
ဦးသိန်းစိန်အစိုးရကို တကယ့် အရပ်သားအစိုးရလို့ အသိအမှတ် ပြုကြမှာပါ။

တစတစ အဆင်ပြေလာပြီဆိုရင် ဦးသိန်းစိန်တို့ ပြောပြောနေတဲ့
အနောက်နိုင်ငံတွေ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ ထားတာတွေ
ရုပ်သိမ်းဖို့ ဆိုတာတွေလည်း

အဆင်ပြေလာမှာပေါ့။

သို့သော်လည်း မေးခွန်းတခုတော့ ပေါ်လာပါတယ်။ ဘာတုန်းဆိုတော့ အခုကချင်မှာ
စစ်ရေးနည်းနဲ့ ဖြေရှင်း တာဟာ ဦးသိန်းစိန်က ညွှန်ကြားလို့ ဖြစ်တာလား

(ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်က သမ္မတနဲ့ ပါလီမန်ကို ဂရုမစိုက်ဘဲ၊
မတင်ပြဘဲ သူ့သဘောနဲ့သူ အဲသလို တိုက်ခိုက်ဖို့ ညွှန်ကြားတာလား ဆိုတာပဲ

ဖြစ်ပါတယ်။ သမ္မတက အမိန့်ပေးတယ် ဆိုရင် သမ္မတဟာ သူသမ္မတ ရာထူးလက်ခံစဉ်ကာလက
ပြောခဲ့သလို တိုင်းပြည်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆန္ဒ

မရှိဘူးလို့ စွပ်စွဲရမှာပါ။ ဒါမှမဟုတ်လည်း ကာကွယ်ရေးဦးစီးချုပ်က သမ္မတ
ကိုကျော်ပြီး စစ်တိုက်ဖို့ သူ့သဘောနဲ့သူ အမိန့် ပေးတယ် ဆိုရင်လည်း သမ္မတဟာ

ရုပ်သေးသမ္မတဆိုတာ ဘွားဘွားကြီး ပေါ်လွင်သွားမှာလည်း ဖြစ်ပါတယ်။

ချုပ်လိုက်ရင်တော့ ပညာရှင်ဆန်ဆန် နည်းနာတွေနဲ့ ဘာတွေကိုပဲ
အကြောင်းကြောင်းပြပြ၊ သည်းခံပါ စိတ် ရှည်ပါလို့ ဆိုဆို၊ နောက်ဆုတ်စရာ
မြေမကျန်တော့၊

အစော်ကား ခံရတာကလည်း အကြိမ်ကြိမ် ဖြစ်လာရင်တော့ ခံရတဲ့ဖက်က အကြမ်းဖက်ပြီး
တုံ့ပြန်မှုဆိုတာ ပေါ်ပေါက်လာရမြဲ ဆိုတာကို အားလုံး

သတိမမေ့သင့်ဖူးလို့ ဆိုပါရစေ။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */