“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

တရုတ် ပြည်တွင် ကမ္ဘာ့ အကြီးဆုံး လူထုံအုံကြွမှု ပေါ်ပေါက်နိုင်

http://freedomnewsgroup.com/2011/06/16/wave-of-unrest-rocks-china/ ပေးပို့ သူ -eimmet mahotpar ပြီးခဲ့ သည့် သတင်း ပတ်များ အတွင်း က စပြီး တရုတ် နိုင်ငံ မြို့ တော်
ကြီးများ တွင် အလုပ်
သမား ၊ ဆန္ဒပြ သူများ ၊ ကျောင်း သား လှုပ်ရှား မှု များ၊ သယ်ယူပို့ ဆောင်ရေး
ဝန်ထမ်းများ
သပိတ်၊ တတ်သိပညာရှင် များ ၏ ဝေဖန်မှု၊ စားသုံးများ မကျေနပ်မှု စသည်ဖြင့် မငြိမ် မသက်
မှု များ စတင် ဖြစ်ပွား ကာ နေ့ စဉ် နှင့် အမျှ ပို မို ပြင်းထန် လာ သည်
ယနေ့ ထုတ် Wall
Street Journal က မျက် နှာ ဖုံး သတင်း အနေဖြင့် ဖော်ပြထား သည်။

တရုတ် နိုင်ငံ တောင် ပိုင်း ဇီကျန် ခရိုင် တိုင် ကျောက် မြို့  မှာ
ဆောက်လုပ်ရေး လုပ်ငန်း တွေ
အတွက် မြေအသိမ်းခံရတဲ့ သူတွေ က မြို့ တော် အုပ်ချုပ်ရေး ရုံးကို ပိတ် ဆို
့ ဆန္ဒပြနေတာ
တွေ ပိုမို အားကောင်းလာတဲ့ အတွက် တရုတ် အစိုးရ က လုံခြုံရေး ၀န်ထမ်းတွေ
တိုးမြှင့် ချ
ထား တယ် လို့  ဟောင်ကောင် လူ့ အခွင့် အရေး လှုပ်ရှားသူ တွေ ရဲ့  သတင်း ထုတ် ပြန်မှု
တွေ ကို ကိုးကား ပြီး Fox ရုပ်သံ အစီအစဉ်မှာ ဖော်ပြထားတပါတယ်။

ဒီမကျေနပ်မှု တွေ ကို စတင် ဖြစ်ပွားတာ က မြေအသိမ်းခံရသူ တစ်ယောက် က သူလယ်
မြေတွေ ကို သိမ်းပိုက် ခဲ့တဲ့ စက်သုံး ဆီ ဖြန် တဲ့ ကုမ္ပဏီ ကို သွားရောက်
ပြီး သူ့ ကို ဂရုဏာ
ကြေးပေး ဖို့ ပြောဆိုခဲ့ရာ မှာ လုံခြုံရေး ၀န်ထမ်း တွေ က ရိုက် နှက်
ခဲ့တဲ့ အတွက် အဲဒီမြို့ က
လူတွေ ဓာတ်ဆီ ဆိုင် နဲ့  အုပ် ချုပ် ရေး ရုံးတွေ ကို ၀ိုင်းပတ် ပိတ်ဆို
့ပြီး ဆန္ဒပြ ရာကနေ
မငြိမ် မသက် မှု တွေ ကြီး ထွားလာ တာ ဖြစ်ပါတယ်။

တစ်ခါ ဂွမ်ဇူး ပြည် နယ် ဇန်ချန် ကမ်းရိုး တန်း မြို့ မှာ ရွှေ့ ပြောင်း
အလုပ် သမားတွေ ရဲ့ 
ဆန္ဒပြမှု တွေ က ပိုမို အားကောင်း လာပြီး နောက် ဆုံးကြား သိရတဲ့ သတင်း တွေ အရ
တော့ အလုပ် သမား ခေါင်းဆောင် ၃၀ ကျော် ကို ဖမ်းဆီးထား တယ် လို့ ဆိုပါတယ်။

ဇန်ချန်း မြို့ ဟာ နိုင်ငံ တကာ က လာရောက် အခြေစိုက် တဲ့ အထည်ချုပ် စက်ရုံ
တွေ ရှိ တဲ့
မြို့ ဖြစ်ပြီး ဂျင်းဘောင်း ဘီ တွေ ချုပ် လုပ် တင် ပို့ တာကြောင့် ” Blue
Jean Capital
of the World” လို့ နာမည် ကြီး ပါတယ်။

စက်ရုံ အလုပ်သမား တွေ ရဲ့  ဆန္ဒပြမှု မှာ ရဲကားတွေ နဲ့  အစိုး ရ အဆောက် အဦ တစ်ချို့ 
ဖျက်ဆီး ခံရတယ် လို့  ဘေဂျင်းက လာတဲ့ AFP သတင်း တစ်ရပ် မှာ ဖော်ပြထားပါတယ်။

အခုလို အလုပ်သမား ဆန္ဒပြမှု တွေ ဖြစ်ပွားတာ ဟာ အသက် ၂၀ အရွယ် ရှိ လမ်း ဘေး
ဈေးရောင်း တဲ့ ကိုယ်ဝန် ဆောင် အမျိုး သမီး လေး ကို တရုတ် ကွန် မြူနစ် က ကျော
ထောက် နောက်ခံ ပြုထား တဲ့ လုံထိန်း လူမိုက် အဖွဲ့ က ရိုက်နှက် သွား လို့ 
ဖြစ်ပါတယ်။

တရုတ် ကွန်မြူ နစ် ပါတီ ဟာ လူထု အုံကြွမှု တွေ ကို သွေးရူး သွေးတန်း နဲ့ 
ဖြိုခွင်း ဖို့ စတင်
နေတယ် လို့  တရုတ် ပြည်မှာ ရောက် နေတဲ့ နိုင်ငံခြား သတင်း ထောက် တွေ က သုံးသပ်
ပါတယ်။

တရုတ် အစိုးရ ဟာ ဆန္ဒပြရာ မြို့ တွေ မှာ အင်တာ နက် ၊ ဖုန်းလိုင်း နဲ့ 
လျှပ် စစ်မီး တွေ ကို
ဖြတ် တောက် ထားပါတယ်။

နောက်တစ်ခါ တရုတ် ပြည် ဇင်တန် မြို့  မှာ ဖြစ်ပွား တဲ့ ဆန္ဒပြ မှု တွေ ကို လည်း အာဏာ
ပိုင်တွေက ခပ်ကြမ်းကြမ်း ကိုင် တွယ် တာ တာကြောင့် တရုတ် နိုင်ငံ မှာ လူထု အုံကြွမှု
တွေ ပို ဖြစ်လာ နိုင်တယ် လို့  ပြည်ပ တရုတ် သတင်းဌာ န တစ်ခု ဖြစ်တဲ့ NTD ကကြေ
ငြာခဲ့ပါတယ်။

တရုတ် နိုင်ငံ ဟာ ပြည်တွင်း မှာ သာမ က ပဲ ဗီယက်နမ်၊ ဖိလစ် ပိုင် စတဲ့
နိုင်ငံတွေနဲ့ 
ရေပိုင် နက် အငြင်းပွားမှု များကြောင့် ဒီနိုင်ငံ က အစိုးရ တွေ ပြည်သူတွေ ရဲ့  အကြီး
အကျယ် ကန့် ကွက် မှု တွေ နဲ့  ရင် ဆိုင် နေရပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */