“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 29, 2011

ဒေါ်လာ ၁၂၀ ဘီလီယံ ဗုန်းပြီး ပြည်ပထွက်ပြေးသွားတဲ့ တရုတ် အရာရှိများ

Tuesday, 28 June 2011 02:14 မောက္ခ နိုင်ငံတကာသတင်း(ပေးပို့ သူ-ဗမာ့သွေး)
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ် ပြည်သူ့ဘဏ်က လဘ်စားပြီး နိုင်ငံရပ်ခြားကို အထုတ်ပိုက် ထွက်ပြေး တိမ်းရှောင်သွားတဲ့ တရုတ်အစိုးရ အရာရှိများရဲ့ အမည်စာရင်းအစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန် ကြေငြာခဲ့သည်။

အစီရင်ခံစာအရ ကွန်မြူနစ်ပါတီ လူကြီးမင်းများ၊ အစိုးရ အရာရှိများ၊ လုံခြုံရေး အရာရှိများ၊ တရားရေး ၀န်ထမ်းများနှင့် နိုင်ငံပိုင်လုပ်ငန်း မန်နေဂျာများ စုစုပေါင်း ၁၈,၀၀၀ ကျော် မှာ ပြည်သူ့ ဘဏ္ဍာငွေများကို ယောက္ခမပိုင်ပစ္စည်းသဖွယ် ဗုန်းပြီးနောက် နိုင်ငံရပ်ခြား တိုင်းပြည်များတွင် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဖော်ပြထားသည်။



ထိုအရာရှိများမှာ ၁၉၉၀ ခုနှစ်ကတည်းက စတင် ပြည်ပထွက်သွားခြင်းဖြစ်ပြီး၊ ၄င်းတို့ကြောင့် နိုင်ငံပိုင်ငွေ ဒေါ်လာ ၁၂၀ ဘီလီယံ ပျောက်ဆုံးလျက်ရှိကြောင်း တရုတ်ဘဏ်က ကြေငြာခဲ့သည်။ ထိုငွေပမာဏမှာ ၁၉၇၈ မှ ၁၉၉၈ ခုနှစ်အထိ တရုတ် ပညာရေး အသုံးစရိတ်နှင့် ညီမျှပြီး၊ ပျမ်းမျှ တစ်ဦးကို ဒေါ်လာ ၇ သန်းကျော် သမသွားကြောင်း ဖော်ပြထားသည်။



မနှစ်က ဖမ်းဆီးထားတဲ့ မီးရထား ၀န်ကြီးဌာန လက်ထောက် အင်ဂျင်နီယာချုပ် Zhang Shuguang ဆိုရင် လာအိုတွင် ဇီမ်ခံအိမ်တွေ ဆောက်လုပ်ထားသည်။ အမေရိကနှင့် ဆွစ်ဇာလန်ဘဏ်တွင် ဒေါ်လာ ၂.၈ ဘီလီယံ အပ်နှံထားသည်။ ၄င်းမှာ တရုတ် အရာရှိများရဲ့ အကတိလိုက်စားမှု ပြယုဂ်တစ်ခု ဖြစ်သည်။ ပြည်ပထွက်မပြေးသေးတဲ့ အလတ်တန်း အရာရှိများစွာကိုလည်း ဖမ်းဆီးသုတ်သင်ဖိှု့ရှိနေသည်။



နိုင်ငံတကာမီဒီယာများရဲ့ အဆက်မပြတ် ဝေဖန်မှုများကြောင့် အရှက်ရနေတဲ့ တရုတ်အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ကြိုးစားသည့်အနေဖြင့် ခိုးယူထွက်ပြေးသွားသော အရာရှိများစာရင်းနှင့် နိုင်ငံရပ်ခြားဘဏ်များတွင် ၄င်းတို့အပ်နှံထားသော ငွေကြေးပမာဏကို ယခု တရားဝင် ထုတ်ပြန်ဖော်ပြခဲ့သည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */