“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 24, 2011

အားလုံးသတိထားကြပါ သူခိုးဂျပိုးတွေသောင်းကျန်းနေတယ်... (၁).

by အား မာန် on Thursday, June 23, 2011 at 2:11am မှတဆင့် အာဇာနည် ၂၄။၀၆။၁၁ သောကြာ
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအချို့၏ မြို့နယ်များတွင်းရှိ လူနေအထပ်မြင့် အဆောက်အအုံများတွင် မသမာသူ အမျိုးသမီးသုံးဦးသည် ဗေဒင် နက္ခတ် နတ်များကို အလွန်အမင်း ယုံကြည်သူ အမျိုးသမီးများအား ပြစ်မှတ်ထားပြီး အလှူခံအဖြစ် ဝင်ရောက်ကာ ခေတ်သစ် တို့ဆေး ခေါ် စိတ်ညှို့အတတ်ပညာများဖြင့် ငွေလိမ်လည် တောင်းခံမှုများ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ သိရသည်။ “ကျွန်မအိမ်ကို နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ အလှူခံလာတယ် ကျွန်မအမျိုးသားကလဲ ဆုံးထားတာ မကြာသေးတော့ ကျွန်မလဲ ကောင်းမှုကုသိုလ်လုပ်မယ်ဆိုတဲ့ အနေနဲ့ တံခါးဖွင့်ကြည့်တော့ အိမ်ရှေ့ မှာ ကုလားမသုံးယောက် ရောက်နေတယ် သူတို့ကဘုရားပွဲရှိတယ် ကုလားမီးနင်းပွဲ အတွက် အလှူခံပါတယ်တဲ့ တတ်နိုင်သလောက် လှူနိုင်တယ်တဲ့ နောက်ပြီး သူတို့ သုံးယောက်က ကျွန်မအမျိုးသား ဆုံးတာ သိနေတယ် တစ်ယောက်က ပုဂ္ဂိုလ်ပူးသလိုလို ဘာလိုလိုနဲ့ ကျွန်မအမျိုးသားက မကျွတ်သေးဘူးတဲ့ အိမ်နားမှာဘဲ ရှိနေသေးတယ်တဲ့ အဲဒါ ကျွန်မ အမျိုးသား ကောင်းရာမွန်ရာ ရောက်အောင် ယတြာလေး ခြေပါလား ဆိုပြီး သူတို့ မှာပါလာတဲ့ ဘုရားပုံလေးကို ကိုင်ခိုင်းပြီး လိုတဲ့ဆု တောင်းခိုင်းတယ် ကျွန်မလည်း အမျိုးသား အတွက် ဆိုပြီး သူတို့ခိုင်းတဲ့အတိုင်း လုပ်လိုက်တယ် အဲဒီနောက်ပိုင်း ဘယ်လိုဖြစ်သွားတယ် မသိဘူး သူတို့ပြောတာကိုဘဲ နားထောင်တယ် ကိုယ်က ဘာမှ ပြန်မပြောဖြစ်ဘူး နောက်ပြီး ယတြာခြေဖို့ ငွေငါးသောင်း တောင်း တာလည်း ပေးလိုက်မိတယ် အံ့သြစရာ ကောင်းတာက ကျွန်မ ဘာမှပြန်ပြောလို့မရဘူး သူတို့ခိုင်းတာဘဲ လုပ်နေတယ် နောက်ပြီးတော့ သူတို့ပြန်သွားတော့ မှာသွားသေးတယ် ဒီအကြောင်းကို ဘယ်သူမှ မသိစေရဘူး ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှ ပြောရမယ်တဲ့ တကယ်လဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ဘူး ကျွန်မ သားတွေကိုတောင် မပြောဖြစ်ခဲ့ဘူး တော်တော်ကို ကြောက်စရာကောင်းတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ မင်္ဂလာဒုံ မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပြသွားပါတယ်။

အလားတူပဲ လွန်ခဲ့တဲ့ အပတ်ကလည်း ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမပေါ်မှာရှိတဲ့ အဆောက်အအုံတစ်ခုမှာ နယ်ကလာပြီး ကုမ္ပဏီ ဝန်ထမ်း အလုပ်လုပ်နေကြတဲ့ မိန်းကလေး လေးယောက် နေထိုင်တဲ့ လှိုင်ရတနာဈေးရှေ့က တိုက်ခန်းတွင် နေ့ခင်းနှစ်နာရီလောက်မှာ အဆိုပါ ကုလားမသုံးဦး က မိန်းကလေး လေးယောက် နေထိုင်တဲ့ အခန်းကို တံခါးလာခေါက်ပြီး အလှူခံလာတာပါလို့ ပြောတယ်လို့ ဆိုပါတယ် အဲဒီအချိန်က အခန်းမှာ မိန်းကလေးနှစ်ဦးသာရှိပြီး၊ လူကြီးမရှိကြောင်း ပြောပေမယ့် အိမ်ထဲကို အတင်း ဝင်လာကာ လူကြီးမရှိလဲ တတ်နိုင်သလောက် လှူနိုင်တယ်လို့ ပြောပါတယ် မိန်းကလေးများဟာ နယ်သူလေးများဖြစ်ပြီး အားနာတာကြောင့် ငွေ ၂၀၀ ကျပ် ထုတ်လှူလိုက်ရာမှာ နည်းသေး တာပေါ့လို့ ပြောကာ ထိုအချိန်က မိန်းကလေးတစ်ဦးဟာ နေမကောင်းနေတာကို ရိပ်စားမိဟန်ရှိပြီး ထိုမိန်းကလေး ကျန်းမာရေးမကောင်းတာ ဗေဒင်ကြည့်ပေးမယ် သူတို့ ဘုရားမယ်တော်က အကုန်သိတယ်လို့ပြောကာ အသင့်ပါလာတဲ့ မယ်တော်ပုံလေးအား ကိုင်ခိုင်းပြီး လိုရာဆုကို တောင်းခိုင်းတယ်လို့လည်း ဆိုပါတယ် ဆုတောင်း အပြီးမှာ မယ်တော်ပူးသလို ဘာလိုလိုနဲ့ အဟောအပြောတွေ စလုပ်ကာ နေမကောင်းသူ မိန်းကလေးအား ဟောရာမှာ ခြေနှစ်ချောင်း ထွက်ကိန်းရှိကြောင်း အဝေးက မိဘနှစ်ပါးထဲက တစ်ယောက်ယောက် ခန္ဓပျက်ကိန်းရှိတယ် လို့ဆိုကာ အဲဒီ မကောင်းတာတွေ ပျောက်အောင် ယတြာခြေရမယ် ငွေခြောက်သောင်းပေး လို့ ပြောပြီး တောင်းတယ်လို့ ဆိုပါတယ် အဲဒီအချိန်တွင် သူတို့ပြောသည်များကိုသာ လုပ်ဆောင်နေပြီး ဘာကိုမှ ပြန်ပြောလို့မရဘူးလို့လည်း ဆိုပါတယ် နောက်ပြီး ပြန်ခါနီးမှာ ဒီအကြောင်းတွေကို နောက်နေ့ ၁၂ နာရီ မကျော်မခြင်း ဘယ်သူ့ကိုမှ မပြောရဘူး ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှပြောလို့ရတယ်လို့ ဆိုကာ နောက်သုံးလေးရက် ကြာလျှင် ပြန်လာခဲ့မယ်လို့ ပြောပြီး ပြန်ဆင်းသွားကြတယ်လို့ ဆိုပါတယ် တကယ်ပင် နောက်တပတ်ခန့်အကြာ အဲဒီ ကုလားမ သုံးယောက် ပြန်ရောက်လာလို့ ဝိုင်းဝန်းဖမ်းဆီးရာ လွတ်မြောက်သွား တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ယခုအခါမှာ အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်ကြတဲ့ မိသားစုများ အနေနဲ့ လူကြီးများ အပြင်သွားကြတဲ့အခါမှာ အိမ်တွင် ကျန်ရစ်မယ့် ကလေးသူငယ်များကို ဖြစ်ဖြစ် သက်ကြီးရွယ်အိုများကိုဖြစ်ဖြစ် သေချာစွာမှာပြီးမှ မိမိတို့အိမ်အား မရင်းနှီးသည့် လူများ လာရောက်ပါက လွယ်လင့်တကူ တံခါးများကို ဖွင့်မပေးကြဖို့နဲ့ တာဝန်ရှိသူများ လာရောက်ပါကလည်း သေချာစွာ မေးမြန်းပြီးမှသာ ဖွင့်ပေးသင့် ကြောင်း အလားတူ မိန်းကလေးများ ချည်းစု၍ နေကြတဲ့ တိုက်ခန်းများ အထူးသဖြင့် အဆိုပါ မသမာ သူတို့ရဲ့ပစ်မှတ် ဖြစ်နေတာကို သတိပြုရမှာဖြစ်ကြောင်းကို ကိုယ်တွေ့ကြုံရသူများက ပြောပြသွားကြလို့ သိရပါတယ်။

မေလ်းထဲရောက်လာတာလေးပါ...။

အားလုံးသတိထားကြပါ သူခိုးဂျပိုးတွေသောင်းကျန်းနေတယ်... (၂).
by အား မာန် on Thursday, June 23, 2011 at 2:11am

သူငယ်ချင်းတွေအားလုံးကို ကျွန်တော်တို့ရဲ့ နယ်ဘက်မှာဖြစ်ပျက်နေတဲ့ ကိစ္စလေးတစ်ခု ပြောပြချင်လို့ပါ။ အဲဒါက ဘာလဲ ဆိုတော့ ဖောက်ထွင်းမှု့ ပါ။ ဖေါက်ထွင်းခြင်းဖြစ်ပါသည်။ ခိုးခြင်းမဟုတ်ပါ။ ကျွန်တော်တို့ ပုသိမ်ခရိုင်ဘက်မှာ အရမ်းပဲအဖြစ်များနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်အတွင်းထဲမှာတင် ကျွန်တော်တို့ မြို့မှာ ဖေါက်ထွင်းမှုပေါင်း ၅ ခုဖြစ်ခဲ့ပါတယ်။ ဖေါက်ထွင်းခံရတဲ့ အိမ်တွေကလည်း မြို့ရဲ့ မျက်နှာဖုံးသူဌေးတွေ အိမ်တွေပါသလို အပေါင်ဆိုင်တွေလည်းပါပါတယ်။ ဈေးထဲက ရွှေဆိုင်တစ်ဆိုင်လည်းပါပါတယ်။

မူခင်းဂျာနယ်ထဲမှာ ပါမပါတော့ မသိဘူး။ အခုလပိုင်းအတွင်းမှာတင် ဖောက်ထွင်းမှု၊ ခိုးမှု၊ ဒုစရိုက်မှုတွေ တစ်ပုံတစ်ပင်ကြီးဖြစ်လာပါတယ်။

ဖေါက်ထွင်းခံရတဲ့ အိမ်တစ်အိမ်ရဲ့ အဖြစ်ဆိုရင် တော်တော်ကြီး ထူးထူးဆန်းဆန်းပါ ရွှေငွေ အတွင်းပစ္စည်း တွေကို ယူရုံသာမက အင်ဗာတာ၊ မီးအားမြှင့်စက်တွေကို ဖြုတ်ယူကြတာပါ။ ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေဖြစ်နေတော့ သွားမေးကြည့်တဲ့အခါ သူတို့ တစ်အိမ်သားလုံး ဖေါက်ထွင်းခံရချိန်မှာ မအိပ်သေးကြောင်း အိမ်ရှေ့ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်နေကြတဲ့ အကြောင်းပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ခင်ဗျားတို့ အိပ်မှ မအိပ်သေးဘဲ ဘာဖြစ်လို့ မအော်တာလဲလို့ ဆိုတော့ ငါတို့အားလုံး ဖေါက်ထွင်းလာတဲ့ သူတွေကို မြင်နေရတယ်။ အားလုံးပေါင်း ၄ ယောက်တိတိ လာတာ။ ၀တ်စားထားတာတော့ ဂျင်းဘောင်းဘီ နဲ့ တီရှပ်တွေနဲ့ချည်းပဲ။ မျက်နှာတွေမှာတော့ ပ၀ါတွေစည်းထားကြတယ်။ သူတို့ဘာတွေလုပ်နေသလဲဆိုတာ အားလုံးမြင်နေရပေမယ့် ငါတို့ လှုပ်လို့တောင်မရဘူး။ အော်ဖို့ ကြိုးစားကြည့်တော့လည်း အသံကထွက်မလာဘူး။ ဘယ်လိုမှ လုပ်လို့မရတော့ ငါတို့လည်းကြည့်နေရတော့တာဘဲကွာ။ ထူးဆန်းတာတစ်ခုရှိသေးတယ် ငါတို့ကြည့်နေတဲ့ ဗီဒီယိုကားက သူတို့ ၀င်လာခါနီးမှာ အလိုလိုရပ်သွားတယ်။ ဘယ်သူမှလည်း Pause မလုပ်ဘူး ဆိုပြီး စိုးရိမ်ထိန်လန့်နေတဲ့ ပုံစံနဲ့ ကျွန်တော့်ကိုပြောပါတယ်။

နောက်တစ်အိမ်ကတော့ စက်ဘီးတွေအပေါင်ခံတဲ့အိမ်။ အဲဒီအိမ်ကလည်း RC-2 ထပ်ပုံစံ ခိုင်ခိုင်ခန့်ခန့်ဆောက်ထားတာပါ။ အနားမှာလည်း အိမ်တွေအများကြီးရှိပါတယ်။ ဖေါက်ဝင်လာတာက အိမ်ခြေရင်းဘက်နံရံကို ဖောက်ဝင်တာပါ။ အဲဒီအိမ်က ဦးလေးကြီးက စစ်မှုထမ်းဟောင်းကြီး သူ့ကိုယ်သူအရမ်းနားပါးတယ်ဆိုပြီးဂုဏ်ယူနေတဲ့သူ။ ပတ်ဝန်းကျင်ကအိမ်တွေကလည်း လုံးဝမသိသလို့ အဲဒီအိမ်ကလူတွေလည်း လုံးဝမသိလိုက်ဘူးမိုးလင်းတော့ အုတ်နံရံကြီးပွင့်နေတော့မှ သိတာ။

နောက်တစ်အိမ်ကကျတော့ ပိုက်ဆံရှိတဲ့အိမ်မဟုတ်ဘူးဗျ။ သူတို့က ဈေးထဲမှာမုန့်ဟင်းခါးရောင်းတယ်။ သူတို့အဖေက ကျွန်တော်တို့ ငယ်ငယ်ကတည်းကဆုံးသွားတာ။ အမေအိုကြီးနဲ့ မိန်းကလေးတွေဘဲရှိတယ်။ ညီအစ်မ လေးယောက်ရှိတယ်။ ကောင်မလေးတွေက တော်တော်လှကြတယ်။ အဲဒီညမှာဖြစ်ချင်တော့ သူတို့ရဲ့ ဦးလေးတစ်ယောက်အိမ်ကို ကိစ္စတစ်ခုရှိလို့ အကြီးဆုံးကောင်မလေးနဲ့ အငယ်ဆုံးကောင်မလေးနှစ်ယောက်ကသွားကြတယ်။ သူတို့ပြန်လာတော့ ည ၁၀ နာရီလောက်ရှိနေပြီ (ကျွန်တော်တို့ဆီမှာက ညဘက်ဆိုရင် 9 နာရီလောက်အထိဘဲလူစည်တယ်။) (၉)နာရီကျော် သွားရင်လူပြတ်သွားရော။ အဲဒါနဲ့ သူတို့ညီအစ်မကို နောက်ကျလို့ဆိုပြီးတော့ သူ့တို့ဦးလေးရယ် ဦးလေးရဲ့သားရယ်လိုက်ပို့ကြတယ်တဲ့။ အိမ်ရှေ့လည်းရောက်ရော ခြံတံခါးကြီးက ဟောင်းလောင်းကြီးပွင့်လို့ အဲဒါနဲ့ သူတို့လည်း စိုးရိမ်တကြီးနဲ့ ပြေးဝင်လိုက်ကြပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့ အိမ်ရှေ့တံခါးမမှာ ယောက်ျားတစ်ယောက် က မိန်းကလေးတစ်ယောက်ကို ပွေ့ချီထားတာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ ဦးလေးက “ဟိတ်ကောင် မပြေးနဲ့ “ ဆိုပြီး အော်လည်းအော်လိုက်ရော လက်ထဲမှာပွေ့ချီထားတဲ့ မိန်းကလေးကို လွတ်ချလိုက်ပြီး သူတို့ကို ၀င်တိုက်ပြီး ထွက်ပြေးသွားတောတာပဲတဲ့။ ဦးလေးနဲ့ သူ့သားလည်း နောက်ကနေပြေးလိုက်ကြာတော့တာပေါ့တဲ့။ ပြေးလိုက်ရင်းနဲ့ အဲဒီလူက လမ်းချိုးတစ်ခုထဲကိုဝင်သွားတော့ လိုက်ဝင်လိုက်တာ လမ်းချိုးထဲမှာ ကန့်လတ်ဖြက်တားထားတဲ့ကြိုးတစ်ချောင်းကို ခလုပ်တိုက်ပြီး ဘိုင်းကနဲ လဲသွားပြီးဆက်မလိုက်နိုင်တော့တော့တဲ့အချိန်မှာ အဲဒီကောင်လွတ်သွားတယ်။ ထူးဆန်းတာတစ်ခုက သူတို့ နှစ်ယောက်နောက်ကနေအလိုက်မှာ “ သူခိုးဗျို့ သူခိုး ဆိုပြီး ” အော်ပေမယ့် လမ်းထဲက ဘယ်အိမ်ကမှ နိုးမလာဘူးတဲ့။ ကံကောင်းလို့ပေါ့သူတို့က ပစ္စည်းခိုးချင်တာမဟုတ်ဘူး လူခိုးဖို့လာတာ။ ကျန်တဲ့အိမ်တွေက တော့ သိပ်မရင်းနှီးတော့ အကြောင်းစုံ မသိရဘူး။

ကျွန်တော်လည်း စဉ်းစားတာပေါ့ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့မြို့မှာ တစ်ခါမှ ဖြစ်ဖူးတာမှမဟုတ်တာ ဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ကောင်းမှု ဖြစ်နေတယ်။ နည်းနည်းနားရှုပ်သွားမယ် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ သမ္မတကြီးက သူ သမ္မတဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသားတွေကို ထောင်နဲ့ ချီပြီး လွတ်ပေးလိုက်တာက စတော့တာပဲ။ သူလွတ်ပေးလိုက်တဲ့လူတွေက အပြစ်မရှိဘဲ နိုင်ငံရေးဥပဒေ ပုဒ်မ အတပ်ခံရပြီး ထောင်ကျသွားတဲ့ အပြစ်မဲ့တဲ့လူတွေ မဟုတ်ဘဲ။ တစ်ကယ် ရာဇ၀င် သူခိုး၊ ဂျပိုးတွေ က များနေတာကိုး။ အဲဒီတော့ အဲဒီ သူခိုး၊ ဓါးပြ၊ မဒိန်းကောင်တွေက ကျန်တာမှမလုပ်တတ်တာ မတတ်တော့ တတ်တာပဲ ပြန်လုပ်တာပေါ့။ ကျွန်တော်သိရသလောက်ဆိုရင် ပုသိမ်ခရိုင်ကနေလွတ်ပေးလိုက်တဲ့ အထဲက သုံးပုံတစ်ပုံလောက်က လွတ်ပေးပြီး လပိုင်းအတွင်းမှာ ဒုစရိုက်အလုပ်တွေ ထပ်လုပ်လို့ ထောင်ထဲပြန်ရောက်နေပြီဆိုပဲ။ အဲဒီတော့ ဒီလူဆိုး၊ သူခိုး၊ ဓါးပြ၊ မုဒိန်းကောင်တွေကိုလွတ်ပေးတဲ့ လူရဲ့ကောင်းမှုဖြစ်နေတာပေါ့။

ကျွန်တော့် သူငယ်ချင်းတွေအားလုံးလည်း သတိထားရအောင်ပါ။ မိန်းကလေးတွေလည်း ရန်ကုန်မြို့မှာပဲ ဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ ကျွန်တော်တို့ဆီမှာကတော့ မိန်းကလေးတွေနေစရာနေရာမရှိအောင် ကြောက်နေကြတယ်။ အားလုံးအတွက် သတိပေးတာပါ။ သတိဆိုတာ ပိုတယ်လို့မှ မရှိပဲ။

မေလ်းထဲမှာ ရောက်လာတာလေးပါ...။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */