“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

ဥပဒေအထက်မှာ ဘယ်သူမှ မရှိရ ဆိုတာ မြန်မာနိုင်ငံမှာ မဖြစ်နိုင်

ဘီဘီစီ ။ ။ စနေနေ့ 25-06-2011 (ပေးပို့ သူ-ဗမာ့သွေး)
ဥပဒေ အထက်မှာ ဘယ်သူမှ မရှိသင့်ဘူးလို့ ပြည်သူ့ လွှတ်တော် ဥက္ကဌကပြောမြန်မာနိုင်ငံမှာ ၂၀ဝ၈ အခြေခံ ဥပဒေကို မဖျက်သိမ်းသရွေ့ ဥပဒေစိုးမိုးရေး မဖြစ် နိုင်ဘူးလို့ ဥပဒေ ပညာရှင်တဦး ဖြစ်တဲ့ ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ရှေ့နေ ဦးအောင်ထူး က ပြောပါတယ်။ပြည်သူ၊ အစိုးရ၊ တရားရေး အဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့တွေ အနေနဲ့ ဥပဒေနဲ့အညီ နေထိုင် ဆောင်ရွက်ဖို့ အရေးကြီးပြီး ဥပဒေရဲ့ အထက် မှာ ဘယ်သူမှ မနေသင့်ဘူး ဆိုပြီး ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ပြောသွားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ ဦးအောင်ထူးက သုံးသပ် ပြောဆိုလိုက်တာပါ။

လွှတ်တော်တွေ ပြုစု ရေးဆွဲ ပြဌာန်းတဲ့ ဥပဒေတွေကို သမ္မတက အတည်ပြုပေးရသလို ဒီဥပဒေတွေကို ပြည်သူ၊ အစိုးရ၊ တရားရေး အဖွဲ့နဲ့ ဌာနဆိုင်ရာ အဖွဲ့တွေကလည်း လိုက်နာ ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိသင့်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကုန်သည်ကြီးများ အသင်းဝင်တွေကို သောကြာနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေး တစ်ခုမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဦးအောင်ထူးကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၅မှာ ပါတဲ့ ပြဌာန်းချက်အရ အရင် နဝတ၊ နအဖ လက်အောက်က ပုဂ္ဂိုလ်တွေ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားခြင်းအားဖြင့် ဥပဒေအထက်ကို ဒီလူတွေ ရောက်သွားစေတာကြောင့် ၂၀ဝ၈ အခြေခံ ဥပဒေကို မဖျက်သိမ်းရင် ဥပဒေ စိုးမိုးရေး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ တရား ဥပဒေ စိုးမိုးရေး အတွက် တရားစီရင်ရေး မဏ္ဍဍိုင် တည်ဆောက်ဖို့ လိုပြီး သမ္မတ လုပ်သူရဲ့ လက်ထဲမှာ တရားသူကြီးကို အချိန်မရွေး ခန့်နိုင် ဖြုတ်နိုင်တဲ့ အခွင့် အာဏာ အပြည့်အဝ ပေးထားတာကြောင့် လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်မလာနိုင်ဘူးလို့ ဦးအောင်ထူးက ဘီဘီစီကို ပြောပါတယ်။

တခါ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ ဥပဒေ၊ ၁၉၇၅ခုနှစ် နိုင်ငံတော် ကာကွယ်ရေး ဥပဒေ၊ ၂၀ဝ၄ ခုနှစ် အီလက်ထရောနစ် ဥပဒေ စတဲ့ မတရားတဲ့ ဥပဒေတွေ မဖျက်သိမ်းပဲနဲ့ လည်း မြန်မာ နိုင်ငံမှာ ဥပဒေ စိုးမိုးရေး ဆောင်ရွက်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။နောက်ပြီး ဒီပဲယင်း ကိစ္စ၊ တိုင်းရင်းသား နယ်မြေတွေမှာ ဖြစ်ခဲ့တဲ့ မတရားမှု ကိစ္စတွေကို အရေးယူ ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

တည်ဆဲ ဥပဒေတွေ ပယ်ဖျက်ရေး၊ ပြင်ဆင်ရေး၊ ဥပဒေသစ်တွေ ပြဌာန်းနိုင်ရေး အတွက် အုပ်ချုပ်သူ သမ္မတနဲ့ လွှတ်တော်အကြား Check and Balance လို့ခေါ်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုမျိုး လုပ်ရမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောသွား ခဲ့ပေမဲ့၂၀ဝ၈ အခြေခံ ဥပဒေ ပုဒ်မ ၂၁၅ အရ သမ္မတရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးနဲ့မျှ ဖြေရှင်းဖို့ တာဝန်မရှိဘူးလို့ ပြဌာန်းထား တာက တကြောင်း၊ လွှတ်တော် ဥက္ကဌတွေ၊ သမ္မတတွေ၊ ဗိုလ်ချုပ်တွေနဲ့ စုဖွဲ့ထားတဲ့ အမျိုးသား ကာကွယ်ရေး ကောင်စီဟာ ဖွဲ့စည်းပုံ တခုလုံးရဲ့ အထက်မှာ ရောက်နေတာက တကြောင်းကြောင့် ခုန ပြောတဲ့ Check and Balance စနစ်မျိုး မြန်မာနိုင်ငံမှာ ကျင့်သုံးခွင့် ရမှာ မဟုတ်ဘူးလို့ ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ရှေ့နေ ဦးအောင်ထူးက ဘီဘီစီ ကို ပြောပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */