“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

တိုင်းရင်းသားအရေး အမြဲနိမ့် ကျနေတဲ့ မြန်မာပြည် (သို့ ) လူမျိုးကြီးဗမာဝါဒ အောက်ကမြန်မာ

ဂျာနယ်များတွင် ဖော်ပြခွင့်မရသော တိုင်းရင်းသား ရေးရာ ဆောင်းပါး။ ပေးပို့ သူ -eimmet mahotpar
http://www.dawnmanhon.com/2011/06/blog-post_24.html
တိုင်းရင်းသား ပြည်သူတွေနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး
ငြိမ်းဆက်လင်း(မြစ်မခ)
နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်တိုင်း ကျွန်မမှာ တူညီတဲ့
မေခွန်းတစ်ခုကို အမြဲ မေးလေ့ရှိခဲ့ပါတယ်။ `တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေးအတွက်

ဘယ်လို ရည်မှန်းချက်မျိုး ရှိပါသလဲ`ဆိုတဲ့ မေးခွန်းပါပဲ။ အထူးသဖြင့်
တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေ ဖြေတဲ့အဖြေနဲ့ အခြား
နိုင်ငံရေးပါတီက

ခေါင်းဆောင်တွေ အများစုကတော့ တိုင်းရင်းသားတွေ အားလုံး
စည်းလုံးညီညွှတ်စေချင်တယ်။ ပြည်တွင်းစစ် မဖြစ်လိုဘူး ဆိုတဲ့ တိုင်းရင်းသား

စည်းလုံးညီညွှတ်ရေးကို အမှန်တကယ်ကို့ သဘောညီကြတာလည်း တွေ့ရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးက ၆၀% နေထိုင်ကြပြီး
အခြားတိုင်းရင်းသားများက ၄၀% ၀န်းကျင်ခန့် နေထိုင်ကြပါတယ်။ မြန်မာပြည်မှာ
နေထိုင်ကြတဲ့

တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိကြောင်း၊ရှမ်းတိုင်းရင်းသားနဲ့
ကရင်တိုင်းရင်းသားတို့ကတော့ တိုင်းရင်းသားလူမျိုးတွေထဲမှာ
လူဦးရေအများဆုံးနဲ့

လူမျိုးကြီးတွေဖြစ်ကြောင်း အကြမ်းအားဖြင့် ယေဘူယျလေ့လာခဲ့ဖူးပါတယ်။
ကျွန်မကိုယ်တိုင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာ

ကြီးပြင်းခဲ့သူ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို
စိတ်ဝင်တစား၊ အလေးထားမိခဲ့ပါတယ်။

ကျွန်မငယ်ငယ်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အသိထဲမှာ စွဲနေတာက
၁၉၄၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါပဲ။ ငယ်စဉ်က

သင်ကြားခဲ့ရတဲ့ မြန်မာ့သမိုင်းမှာလည်း ပါဝင်ခဲ့တယ်၊ ကျက်ခဲ့
မှတ်ခဲ့ဖူးတာကြောင့်လည်းစွဲနေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ ပင်လုံစာချုပ်ကို
ရှမ်း၊ ကချင်၊ ချင်း စတဲ့

တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအပါအ၀င် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး
ချုပ်ဆိုခဲ့ကြရင်း လွတ်လပ်ရေးအတွက် အားလုံး စည်းလုံးပြီး
တိုက်ပွဲဝင်ခဲ့ကြတယ်၊

အဲဒါကြောင့်လည်း လွတ်လပ်ရေးကို ရရှိခဲ့ကြောင်း မှတ်ခဲ့ရပါတယ်။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး
ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးကာလတုန်းကလည်း
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ

စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့
ရှေ့မီနောက်မီ လူကြီးများရဲ့ ပြောပြချက်တွေကြောင့် စိတ်ဝင်စားခဲ့မိပါတယ်။
ဒါ့အပြင်

တိုင်းရင်းသားထဲက အချို့က လက်နက်ကိုင်သွားခဲ့တာတွေကိုလည်းတွေကိုလည်း
၁၉၄၈ခုနှစ်မြန်မာပြည်ဒိုင်ယာရီ(မြဟန်)၊ ရှာရှာဖွေဖွေ
မြန်မာ့သမိုင်းအတွဲ၂၊

စတဲ့ စာအုပ်တွေကို ဖတ်မိခြင်းအားဖြင့် သိခဲ့ရတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ စတင်ပြီး ဗမာပြည်ဟာ တိုင်းရင်းသားတွေနဲ့
အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး စည်းလုံးညီညွှတ်ခြင်းကို
ပျက်ဆီးစေခဲ့တာပါပဲ။

တကယ်တော့ ပင်လုံစာချုပ်ဆိုတာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေရင်ထဲမှာ
စွဲခဲ့တဲ့ စာချုပ်ပါ။ ပင်လုံစာချုပ်ထဲက အတိုင်း ပြည်နယ်ပြည်မ

အခွင့်အရေးတန်းတူ ရကြလိမ့်မယ်လို့လည်း ရှေးကတည်းက ထင်မှတ်ခဲ့ကြတာပါ၊
ဒါပေမဲ့ ခုချိန်ထိ ဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့

ဆုံတိုင်း ရင်ဖွင့်စကားကြားခဲ့ရပါတယ်။ ပင်လုံစာချုပ်အတိုင်းသာဆို
ပြည်နယ်ပြည်ပ အေးချမ်းလိမ့်မယ်၊ တိုင်းရင်းသားလက်နက် ကိုင်တိုက်ပွဲတွေ
ဖြစ်လာစရာ

မရှိပါဘူးလို့ ချင်းအမျိုးသား တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့
ဦးကျင်ရှင်းထန်ကလည်း ပြောခဲ့ဖူးပါတယ်။

၁၉၅၇ကနေ ၁၉၆၀ ကာလတွေမှာ တိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့ပြီး
တစ်ဖွဲ့လက်နက် ကိုင်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဘာကြောင့်လက်နက်ကိုင်ခဲ့တာလည်း ဆိုတာကို ဟိုအရင်တုန်းကတော့
နားမလည်ခဲ့ပါဘူး၊ ဒါပေမဲ့ လက်နက် ကိုင်ရလောက်တဲ့ အကြောင်းရင်းတွေ

ရှိနေခဲ့မယ်ဆိုတာကိုတော့ ခန့်မှန်းမိခဲ့ပါတယ်။

ကျွန်မကတော့ ငယ်စဉ်ကတည်းက ရှမ်းပြည်နယ်မှာ နေထိုင်ကြီးပြင်းခဲ့ရသူ ပီပီ
တိုင်းရင်းသားတွေရဲ့ ဖြူစင်ရိုးသားမှုကို ယုံကြည်ခဲ့သူ ဖြစ်တယ်။ သူတို့

မျက်လုံးတွေကို ကြည့်ပြီး သူတို့ စကားတွေကို နားထောင်ပြီး
သူတို့လုပ်ရပ်တွေကို မြင်ရပြီး သူတို့ကို မောင်နှမ သွေးချင်းလိုပဲ
မြင်ခဲ့ပါတယ်။ မြန်မာပြည်မှာ

ကြီးပြင်းခဲ့ကြ၊ လွတ်လပ်ရေးတိုက်ပွဲကို အတူတကွ ပါဝင်ခဲ့ကြတဲ့ မောင်နှမ
သားချင်းတွေပဲ ဆိုတဲ့ အသိက စွဲမြဲခဲ့တယ်။ ငယ်စဉ်ကာလတွေမှာ သူတို့တွေရဲ့

တိုင်ပြည်အပေါ်ထားတဲ့ စိတ်စေတနာတွေကိုလည်း မြင်ခဲ့ရပါတယ်။
ပြည်တွင်းစစ်ဆိုတာကို အောက်ပြည်အောက်သူတွေ ကြောက်ကြသလို

တိုင်းရင်းသားတွေကလည်း ကြောက်ကြပါတယ်။ စစ်ဆိုတာ အသံမကြားခင်၊
တိုက်ပွဲဆိုတာ မဖြစ်ချင်ကြပါဘူး။

၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွှန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့
တွေ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်၊ အဲဒီကမ်းလှမ်းချက်ကြောင့်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ငြိမ်းချမ်းရေးယူခဲ့ကြကြောင်း
မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ သိရဖတ်ရတော့

ရိုးရိုးသားသား ၀မ်းသာခဲ့မိပါတယ်။ ပြည်နယ်တွေမှာ ယခင်ကထက်ပိုပြီး
အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်
အခွင့်အလန်းတွေရှိလာခဲ့တာကိုလည်း

ကြားရတဲ့အတွက် ၀မ်းသာခဲ့ရပါတယ်။

၁၉၉၃ လောက်မှာ ရန်ကုန်မြေပေါ် ခြေချခဲ့ပေမဲ့ ပြည်နယ်တွေရဲ့ ဖွံဲ့ဖြိုးမှု
သတင်းတွေကို အမြဲနားစွင့်နေခဲ့မိတယ်။ ကျွန်မတို့ ၇ှမ်းပြည်နယ်မှာ
ရှိခဲ့တဲ့

သမိုင်းဝင် ဂုတ်ထိတ် တံတားကို ဘယ်အချိန်မှာများ ပြန်လည် ပြုပြင်ပေးမလဲ၊
တကယ့်ကို နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို စွဲဆောင်လို့ရတဲ့ တံတားပဲ

ဆိုတာလည်း သိထားတော့ နိုင်ငံတော် ၀င်ငွေ တိုးစေမယ်လို့လည်း
မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ဂုတ်ထိတ်တံတားဆိုတာ ပျက်ဆီးနေပါပြီ၊

တပ်မတော်အစိုးရလက်ထက်မှာ အမြဲပဲ တည်ဆောက်ရေးတွေမှာ ပြည်နယ်တွေ
ဘယ်လောက်ပါခဲ့သလဲ ဆိုတာကိုတော့

စိတ်ဝင်စားခဲ့တာပါပဲ။လမ်းတွေဖောက်တဲ့ထဲမှာ ပြည်နယ်တွေ ပါသလား။ ဆိုတာလည်း
အမြဲစောင့်ကြည့်မိခဲ့တာပါပဲ။

ဒီကြားထဲမှာ ၂၀၀၇ ခုနှစ်လောက်တုန်းက ကချင်ပြည်က သူငယ်ချင်းတွေနဲ့
တွေ့တော့ သူတို့ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုးတွေ အ၀င်များလာတဲ့

ကိစ္စတွေ ကချင်ပြည်နယ်ရဲ့ တစ်ဝက်တိတိကို တရုတ်တွေ ပိုင်နေပါပြီလို့
ပြောရင်း မျက်ရည်ကျတယ် ပြီးတော့ ပြည်နယ်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့

ဒုက္ခတွေကို ပြောဆို ရင်ဖွင့်ကြရင်း။ သူနဲ့ အတူ ကျွန်မလည်း လိုက်ပါ ခံစားခဲ့ရပါတယ်။

ကျွန်မတို့လို ရန်ကုန်မှာ နေထိုင်ကြတဲ့သူတွေမှာတောင် လိုအပ်ချက်တွေ၊
မပြည့်စုံမှုတွေ၊ နှိမ့်ကျမှုတွေ၊ မပြေလည်မှုတွေ အနိုင်ကျင့်ခံရမှုတွေ
ရှိနေခဲ့တာ

သူတို့လို ပြည်နယ်တွေက လူတွေ ဆိုရင်တော့ ပိုဆိုးမှာပါပဲ။ လူမသိ သူမသိ
နာကျင် ဇာတ်လမ်းတွေ ဘယ်လောက် များခဲ့ပါသလဲ။ တရားဥပဒေ မစိုးမိုးတဲ့

ဒေသတွေမှာ သူတို့ရဲ့ ပြည်နယ်တွေက ပိုဆိုးပါတယ်လို့ သူက ပြောပြီး ငိုတော့
ကျွန်မကလည်း လိုက်ငိုမိပါတယ်။

သူဘာပြောချင်သလဲ ဆိုတာကို ကျွန်မသိခဲ့တယ်လေ။ ကျွန်မငိုချင်းနဲ့အတူ
ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေတဲ့သတင်းထောက်လို့ မြင်လာမိတယ်။

ကျွန်မတို့ ရှမ်းပြည်က တောင်တန်းတွေမှာ သစ်ပင် တွေမရှိတော့တဲ့ကိစ္စ၊
ချောင်းတွေဟာ ပျက်ဆီးကုန်တဲ့ ပြသနာ၊ ရှမ်းပြည်ကို ဆန်သယ်ခွင့်မပေးလို့

ပြောင်းစားခဲ့ရတဲ့ နေ့ရက်တွေ၊ ဆေးရုံမှာ ဆရာဝန်ရှိလို့ ဆရာဝနှ်ေမျှာ်ရင်း
သေဆုံးခဲ့ရတဲ့ ဒေသခံတွေ၊ ဘယ်ကို တိုင်လို့တိုင်ရမှန်းမသိဘဲ ခံလိုက်ရတဲ့

မုဒိန်းမှုတွေဆိုတာ ဘယ်မီဒီယာမှာမှ မပါခဲ့ဘူး။ ကျွန်မ သတင်းထောက်
ဖြစ်လာချိန်မှာ ရေးခဲ့ပေမဲ့ ဘယ်တုန်းကမှ ဖော်ပြမခံခဲ့ရဘူးလေ။ ကျွန်မဟာ

တိုင်းရင်သား သတင်းတွေကို ပြည်သူတွေ သိအောင် မရေးနိုင်ခဲ့ပါဘူး။
အဲဒီအတွက် အပြစ်တင်ပါတယ် ကိုယ့်ကိုယ်ကိုပါ။

ဒါဟာ ကျွန်မတို့ ရှမ်းပြည်နယ်တစ်ခုတည်းတင် ကြုံနေရတာ မဟုတ်ဘူး
ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်တွေမှာလည်း အလားတူ

ဝေဒနာတွေ ဒဏ်ရာတွေနဲ့ ဆိုတာကို ဖြည်းဖြည်းချင်းသိလာခဲ့ရတယ်။ ကျွန်မက
တိုင်းရင်းသား ဆိုရင်ပိုစာနာတတ်လာတော့တယ်။

၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ် ပြသနာနဲ့ပတ်သက်ပြီး
တိုင်းရင်းသားအဖွဲ့အချို့ လက်နက် ပြန်ကိုင်ခဲ့တဲ့ သတင်းတွေကိုလည်း
ကြားခဲ့ရပါတယ်။၂၀၁၀ခုနှစ်

ဝန်းကျင်မှာ နယ်စပ်ဒေသအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး ဒေသခံ
တိုင်းရင်းသားတွေ အေးချမ်းယာကို ပြေးလွှားနေထိုင်ခဲ့ရတယ်ဆိုတဲ့
သတင်းတွေကို

မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ ကြားရတော့လည်း
စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ တိုင်းရင်းသားဆိုတာက ကျွန်မတို့နဲ့

သွေးရင်းသားရင်းလို သဘောထားရမယ့် မောင်နှမတွေပါ။

နယ်ချဲ့တွေကို အတူးတကွ တိုက်ခဲ့ကြတဲ့ သူတွေပါ။ ထိုဒေသတွေမှာလည်း
အေးချမ်းသာယာစေချင်ပါတယ်။ တိုက်ပွဲတွေ ကြားမှာ ပြေးလွှားနေတဲ့ လူတွေကို

မြင်ယောင်ပြီး စာနာလာတယ်၊ စိတ်မကောင်းဖြစ်လာရတယ်။ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။

ဘာကြောင့်များ ပြည်တွင်းမှာ ကိုယ့်အချင်းချင်းတိုက်ပွဲတွေ ဖြစ်နေရတာလဲ၊
တိုက်ပွဲတွေကို ရပ်တန့်ပေးပါလို့ပဲ အော်ဟစ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်၊

အဲဒီကာလမှာပဲ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက ပြောတယ်။ ခုလို
တိုက်ပွဲတွေ ဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အချက် ၃ ချက်ကို

တောင်းဆိုလို့လို့သူက ပြောတယ်။ ပထမအချက်က ဖမ်းထားတဲ့ တိုင်းရင်းသား
လက်နက်ကိုင်တွေ အားလုံးကို လွှတ်ပေးပါတဲ့။ ဒုတိယ အချက်က

တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ပြီးတော့
အစိုးရရယ် တွေ့ဆုံဆွေးနွေးပေးပါတဲ့။ တတိယအချက်က

ပြည်နယ်တွေမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ပြည်နယ်တွေကိုလည်း
ခံစားခွင့်ပေးပါတဲ့။ အဲဒီအချက် သုံးချက်ကို တောင်းဆိုနေတာလို့ သူက

ရှင်းပြတယ်။ တကယ်ပဲ အဲဒီအချက်တွေကို လက်ခံပေးလိုက်ရင် ပြည်တွင်း
စစ်တွေချုပ်ငြိမ်းသွားပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ယနေ့အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို
ယခင်ကထက်ပိုပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ အားလုံးက
မျှော်လင့်ထားကြပါတယ်။

မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော်
သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာလည်း
တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီး

လေးလေးနက်နက်ပြောကြားခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားကတဆင့် တွေ့ခဲ့မြင်ခဲ့ရတယ်။

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ
`ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ်တောင့်တင်းနေဖို့လိုပါတယ်။
အဲဒီအင်အားတွေကတော့

(၁) နိုင်ငံရေးအင်အား(၂) စီးပွားရေးအင်အားနဲ့ (၃)
နိုင်ငံတော်ကာကွယ်ရေးအင်အားတို့ဖြစ်တယ်။ နိုင်ငံရေးအင်အားဆိုတာကတော့

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုး စုပေါင်း ၁၀၀
ကျော်နဲ့စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ အလွန်အရေးကြီးပါတယ်။
တို်င်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း
အစိတ်စိတ်အမြွာမြွာ

ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို
အထူးအလေးထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်`လို့

ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းကို ပြည်သူလူထုက အင်မတန်
နှစ်ထောင်းအားရဖြစ်ခဲ့ကြပါတယ်။ ပညာရှင်များကလည်း
သဘောကျနှစ်ခြိုက်ခဲ့ကြတယ်၊

တိုင်းရင်းသားတွေကလည်း နယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်
တိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ပြည်နယ်တွေရဲ့

ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြည်နယ်ဝန်ကြီးများမှ
အထူးဂရုပြုဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းရင်းသားပြည်သူတွေကလည်း
တိုင်းရင်းသား

စည်းလုံးညီညွှတ်ရေးကို အလေးထားနေကြပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို လိုလားနေသူများအနေနဲ့
ငြိမ်းချမ်းရေးကို မျှော်လင့်ထားကြတာပါ။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မရသေးသရွေ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး
လို့ ပြောနေတဲ့ ဆရာဒဂုန်တာရာရဲ့ အသံကိုလည်း မကြာမကြာ ကြားနေရပါတယ်။

ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်နေရတာလောက် ရင်နာဖို့ကောင်းတာ
မရှိဘူးဗျာလို့ ပြောခဲ့ဖူးတဲ့ တပ်ရင်းမှူးတစ်ယောက်ရဲ့ အသံကိုလည်း

ပြန်ကြားမိပါတယ်။ တိုက်ပွဲဆိုတာ စစ်မြေပြင်ဆိုတာ ဘယ်သူမှ
မဖြစ်ချင်ကြပါဘူး။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူတွေဟာ စစ်ဆိုတာကို
ကြောက်ခဲ့တာ၊

တိုက်ပွဲဆိုတာ မဖြစ်ချင်တော့ဘူးဆိုတာ သိစေချင်လှပါတယ်။
Myit Makha Mediagroup


နောက်ဆုတ်ဖို့ ချောက်သာကျန်တော့ရင်
http://fine-leaves.blogspot.com/
အခု ကချင်ဖက်မှာ ကေအိုင်ကေနဲ့ အစိုးရတပ်တွေ သေနတ်ပေါက်ပြီး တိုက်ပွဲတွေ
ဖြစ်တာကြားရ၊ ဒုက္ခသည် တွေ အစုလိုက် အပြုံလိုက် ထွက်ပြေးရတယ်

ဆိုတာတွေကို ကြားရတော့ အင်း စစ်တပ်ဟာ သူ့မှာ ခေတ် အဆက်ဆက်
ကျင့်သုံးခဲ့တဲ့ ထုံးစံအတိုင်း ပေါ်လစီအတိုင်း လုပ်ချလိုက်ပြန်ပြီလားလို့
တွေးမိပါတယ်။

ဆိုလို ချင်တာက ဒီလိုပါ။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးအရ ပြဿနာ
တခုခု ကြုံရတော့မယ်ဆိုရင် စစ်ရေး နည်းအရ ထွက်ပေါက်ရှာလေ့ ရှိပါတယ်။

အင်အားသုံး ဖြေရှင်းတဲ့ နည်းလမ်းကို နှစ်ခါမစဉ်းစားဘဲ အသုံးပြု တာကို ဆိုလိုတာပါ။

အခုကချင်မှာ ဖြစ်လာတဲ့ တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်း
အတော်များများ ရှိပါလိမ့်မယ်။ မြစ်ဆုံ ရေကာတာ ကိစ္စလည်း ပါတယ်လို့

တချို့ကဆိုပါတယ်။ ဒါလည်း ဖြစ်နိုင်တဲ့ အကြောင်းအရင်း များတွေ ထဲက တခုပါ။
တချို့ကတော့ ဒီလိုတွက်ပါတယ်။ ကေအိုင်အေဖက်က မြန်မာစစ်ဗိုလ်ချုပ်တွေကို

အလျှော့ပေး လာရတာ များသထက် များလာတော့ အချိုးခံရတယ်၊ စော်ကားခံရတယ်ဆိုတဲ့
ခံစားချက်မျိုး ဖြစ်လာပြီး ဒီထက် ထပ်မလျှော့နိုင်တဲ့အခါမှာ

လက်နက်ကိုင်ပြီး ပြန်လည်ခုခံရတဲ့ အခြေအနေအထိ ဆိုက်သွားတယ်လို့ ထောက်ပြ
ပါတယ်။ ဟုတ်ပါတယ် ဒါလည်း နောက်ကွယ် အကြောင်းအရင်း များထဲက

တခုလို့ ပြောနိုင်ပါတယ်။ ကချင် အမျိုးသားတွေဖက်က ဘယ်လောက်အတိ
လျှော့ပေးခဲ့ သလဲဆိုရင် ယခင်က ကေအိုင်အိုရဲ့ နံပါတ်ဝမ်း ခေါင်းဆောင်
ဖြစ်ခဲ့တဲ့

ဒေါက်တာတူးဂျာဟာ ကြံ့ဖွံ့ ပါတီဝင် အဖြစ် လျှောက်ထား ခဲ့သည်အထိ
လျှော့ပေးခဲ့ ပါတယ်။ ဒါတောင် ဒေါက်တာတူးဂျာကို ကြံ့ဖွံ့ပါတီဝင် အဖြစ်
လက်ခံမယ်

လက်မခံဖူး ဆိုတာတောင် ဟိုဖက်က လေးလေးစားစား အကြောင်းပြန်ခဲ့တာ မဟုတ်ပါဖူး။

တကယ်တန်း ပြောရမယ်ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ခေတ်အဆက်ဆက် ကထဲက
တိုင်းရင်းသား လူမျိုး တွေကို ဒုတိယတန်းစား နိုင်ငံသားအဖြစ်

လောက်သာ သဘောထားခဲ့တာပါ။ မြန်မာစစ်ဗိုလ်ချုပ် အများစု အထူး သဖြင့်
ဗိုလ်ချုပ် နေဝင်းနဲ့ သူ့ရဲ့နောက်လိုက် ဗိုလ်ချုပ်တွေဟာ လွတ်လပ်ရေးရကထဲက

တိုင်းရင်းသား အရပ်သားခေါင်းဆောင်တွေ (အထူးသဖြင့် တိုင်းရင်းသား
တပ်မတော်အရာရှိတွေ) ကို ယုံကြည်မှု မရှိပါဖူး။ အင်္ဂလိပ်စစ်တပ်မှာ
အမှုထမ်းခဲ့တယ်။

ခရစ်ယာန်တွေ ဖြစ်တယ်။ ဒါကြောင့် နယ်ချဲ့ လက်ကိုင်တုတ်တွေ ဖြစ်တယ်လို့
သတ်မှတ်ပါတယ်။ သို့သော် တရားဝင် ထုတ်ပြောတာ မျိုးတော့ မဟုတ်ပါဖူး။

ဒါကြောင့် မြန်မာ စစ်တပ်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်
တပ်မတော်ထဲမှာ အဆင့်မြင့် တိုင်းရင်းသား အရာရှိကြီးတွေ ဘယ်နှစ်ယောက်
ရှိသလဲဆိုတာ

ရေကြည့်လိုက်ရင် ဆယ်ယောက်တောင် မပြည့်တာကို တွေ့ရပါလိမ့်မယ်။
တိုင်းရင်းသား အရာရှိအများစုဟာ ဗိုလ်မှူး၊ ဗိုလ်မှူးကြီးလောက်မှာပဲ
တန့်သွားတယ်

ဆိုတာ မြင်နိုင်ပါတယ်။ ဟိုတုန်းက ရှားရှားပါးပါး ဆိုသလို ကချင်လူမျိုးထဲက
ဗိုလ်မှူးချုပ် တဦး ရှိခဲ့ပါတယ်။ သူ့နာမည်က ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်
ဖြစ်ပါတယ်။

တချိန်က နာမည်ကြီး အမျိုးသမီး အဆိုတော်တဦးဖြစ်တဲ့ အယ်လ်ခွန်းရီရဲ့ ဖခင်
ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ဟာ မြောက်ပိုင်းတိုင်း
တိုင်းမှူးအဖြစ်

တာဝန်ထမ်းနေရင်း မြစ်ကြီးနားမှာ လုပ်ကြံ သတ်ဖြတ် ခံရပါတယ်။ အဲဒီတုန်းက
ဗိုလ်ချုပ်နေဝင်းရဲ့ မဆလ အစိုးရကနေ ဒီကိစ္စဟာ ကေအိုင်အေရဲ့ လက်ချက်

ဖြစ်တယ်လို့ စွပ်စွဲပါတယ်။ ဒါပေမယ့် မြစ်ကြီးနား မြို့သူမြို့သားတွေ
နားလည်တာကတော့ အစိုးရက တဖက်လှည့်နဲ့ သတ်ဖြတ်ပြီး ကေအိုင်အေကို
ထိုးချတယ်လို့

ယူဆကြ ပါတယ်။ အဲဒီနောက်ပိုင်း ကချင်လူမျိုး ထဲက အစိုးရတပ်မှာ
ရာထူးကြီးကြီး ရတဲ့သူ ဆိုတာ မရှိတော့တာ အခုအထိပါပဲ။

ကိုင်း အခု အစိုးသစ် ပေါ်လာပြီ။ သမ္မတသစ်ကလည်း တိုင်းပြည်တိုးတက်အောင်
လုပ်မယ် ဘာညာဆိုပြီး ပြောခဲ့ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး

(ဖက်ဒရယ်ဆိုတဲ့ စကားလုံးကိုတော့ မသုံးစွဲ) ပေါ်ပေါက်လာအောင် လုပ်မယ်
ဆိုတာလည်း ပြောပါသေးတယ်။ နိုင်ငံရဲ့အင်အား ၃ ခုအနက် နိုင်ငံရေးအင်အားဟာ

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဖြစ်တယ် ဆိုတာတောင် ထည့်ပြောခဲ့ပါသေးတယ်။
စက်မှုနိုင်ငံတော်ကြီး ဖြစ်အောင်လည်း ဆောင်ရွက်မယ် ဆိုတာလည်း ပါပါ

သေးတယ်။ ခြုံပြောရင် တော့ မြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတက်အောင်
လုပ်မယ်ဆိုတဲ့ သဘောပါပဲ။ ဟုတ်ပါပြီ။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ
လူတိုင်းမြင်ချင်တာပေါ့။

ဒါပေမယ့် အခုလိုသာ နိုင်ငံရေး၊ အကျိုးစီးပွားအရေးကြောင့် ပြဿနာပေါ်တိုင်း
ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းဘဲ သေနတ် တထိုင်းထိုင်း
ပေါက်နေမယ်ဆိုရင်

ဘယ်လိုလုပ်ပြီး တိုင်းပြည် တိုးတက်အောင် လုပ်မှာလဲဆိုတာ ဦးသိန်းစိန်ကို
မေးဖို့လိုလာပါတယ်။ မငြိမ်းချမ်း မတည်ငြိမ်တဲ့ တိုင်းပြည်တခုမှာ
သိကြားမင်း

ဆင်းလာပြီး ဝင်ကူပေးရင်တောင် တိုးတက်ဖို့ မလွယ်ဖူးဆိုတာ လူတိုင်းသိပါတယ်။
ဟိုပညာရှင် ဒီပညာရှင် တွေလည်း ကယ်နိုင်မှာ မဟုတ်ပါဖူး။

နှစ်ဦးနှစ်ဖက် ဂုဏ်သိက္ခာရှိရှိ မျက်နှာချင်းဆိုင်ပြီး တန်းတူရည်တူ
စကားပြောပြီး မဖြေရှင်းနိုင်ဖူးဆိုရင် အခု ကချင်မှာ ဖြစ်နေတဲ့
တိုက်ပွဲတွေဟာ ဒီပြင်

တိုင်းရင်းသား နယ်မြေတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။ ကာရန် မသင့်ရင်
တပြည်လုံး သေနတ်သံတွေ ညံလာနိုင်ပါတယ်။ အဲတာအပြင် မြန်မာအများစု

နေထိုင်တဲ့ တိုင်းဒေသ များ တွင်းမှာလည်း ဘယ်သူ့ လက်ချက်မှန်း မသိတဲ့
ဗုံးကွဲတာတွေ၊ လုပ်ကြံတာတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ အရှိကို
အရှိအတိုင်း

ပြောရရမယ်ဆိုရင် အုပ်ချုပ်သူများနဲ့ တိုင်းရင်းသားလူမျိုးများ အကြားမှာ
ယုံကြည်မှု မရှိတာ နှစ်ပေါင်းမြောက်များစွာ ရှိခဲ့ပါပြီ။ အဲသလို ယုံကြည်မှု
ကင်းမဲ့နေတာကို

မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြန်လည် တည်ဆောက်ရမယ့် အစား သေနတ်ဖေါက်တယ် ဆိုတာ
ကတော့ ဉာဏ်နည်းရာ ကြသလို ဗိုလ်ကျတယ်ဆိုတဲ့ အသွင်ကိုလည်း

ဆောင်ပါတယ်။ အရင်အစိုးရ အဆက်ဆက်မှာ မတည်ဆောက်နိုင်ခဲ့တဲ့
အမျိုးသားများအတွင်း ယုံကြည်မှုကို ဦးသိန်းစိန် အစိုးရက စတင်ပြီး

တည်ဆောက်ပြနိုင်တယ် ဆိုရင် အားလုံးသာဓု ခေါ်ကြမှာပါ။ တကမ္ဘာလုံးကလည်း
ဦးသိန်းစိန်အစိုးရကို တကယ့် အရပ်သားအစိုးရလို့ အသိအမှတ် ပြုကြမှာပါ။

တစတစ အဆင်ပြေလာပြီဆိုရင် ဦးသိန်းစိန်တို့ ပြောပြောနေတဲ့
အနောက်နိုင်ငံတွေ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ ထားတာတွေ
ရုပ်သိမ်းဖို့ ဆိုတာတွေလည်း

အဆင်ပြေလာမှာပေါ့။

သို့သော်လည်း မေးခွန်းတခုတော့ ပေါ်လာပါတယ်။ ဘာတုန်းဆိုတော့ အခုကချင်မှာ
စစ်ရေးနည်းနဲ့ ဖြေရှင်း တာဟာ ဦးသိန်းစိန်က ညွှန်ကြားလို့ ဖြစ်တာလား

(ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်က သမ္မတနဲ့ ပါလီမန်ကို ဂရုမစိုက်ဘဲ၊
မတင်ပြဘဲ သူ့သဘောနဲ့သူ အဲသလို တိုက်ခိုက်ဖို့ ညွှန်ကြားတာလား ဆိုတာပဲ

ဖြစ်ပါတယ်။ သမ္မတက အမိန့်ပေးတယ် ဆိုရင် သမ္မတဟာ သူသမ္မတ ရာထူးလက်ခံစဉ်ကာလက
ပြောခဲ့သလို တိုင်းပြည်မှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆန္ဒ

မရှိဘူးလို့ စွပ်စွဲရမှာပါ။ ဒါမှမဟုတ်လည်း ကာကွယ်ရေးဦးစီးချုပ်က သမ္မတ
ကိုကျော်ပြီး စစ်တိုက်ဖို့ သူ့သဘောနဲ့သူ အမိန့် ပေးတယ် ဆိုရင်လည်း သမ္မတဟာ

ရုပ်သေးသမ္မတဆိုတာ ဘွားဘွားကြီး ပေါ်လွင်သွားမှာလည်း ဖြစ်ပါတယ်။

ချုပ်လိုက်ရင်တော့ ပညာရှင်ဆန်ဆန် နည်းနာတွေနဲ့ ဘာတွေကိုပဲ
အကြောင်းကြောင်းပြပြ၊ သည်းခံပါ စိတ် ရှည်ပါလို့ ဆိုဆို၊ နောက်ဆုတ်စရာ
မြေမကျန်တော့၊

အစော်ကား ခံရတာကလည်း အကြိမ်ကြိမ် ဖြစ်လာရင်တော့ ခံရတဲ့ဖက်က အကြမ်းဖက်ပြီး
တုံ့ပြန်မှုဆိုတာ ပေါ်ပေါက်လာရမြဲ ဆိုတာကို အားလုံး

သတိမမေ့သင့်ဖူးလို့ ဆိုပါရစေ။


ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဆေးကုသမှု ခံယူရန် စင်္ကာပူ သို့ ထွက်ခွာမည်
http://freedomnewsgroup.com/2011/06/20/than-shwe-medication/
ယခုနှစ် မတ်လ ၃၀ ရက်နေ့  က မြန်မာ နိုင်ငံ ၏ စစ်ဘက် အုပ်ချုပ် ရေး အကြီး
အကဲ ရာထူးနေရာမှ တရားဝင် စွန့် ခွာ လိုက်သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ၎င်း ၏
ကျန်းမာရေး အတွက် စင်္ကာပူနိုင်ငံ တွင် သွားရောက် ဆေးကုသ ခံ မည် ဟု FNG မှ သတင်း
ရရှိသည်။

၎င်း၏ မိသားစု ၀င်များ နှင့် ရင်း နှီး သူများ ထံ မှ ကြား သိရသည့် သတင်း အရ
ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ
သည် ကျန်းမာရေး ပိုမို ချို့ ယွင်း လာပြီး လမ်းပင် ကောင်း စွာမလျှောက်
နိုင် တော့ ဟု သိရသည်။
ရာထူး မှ စွန့် လွှတ် ပြီး နောက် သမ္မတ ဦးသိန်းစိန် ၊ ဒုသမ္မတ ဦးသီဟ သူရ
တင်အောင်မြင့်ဦး နှင့်
နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင် လွင် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ် ကြီး မင်းအောင် လှိုင် တို့ ကို
သာလျှင် ပုံမှန် တွေ့ ဆုံ မှု ပြုလုပ်တော့ သည် ဟု သိရသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် ၎င်း ၏ ကျန်းမာရေး အရာ အဆောတလျှင် ဆေးကုသခံ ရန် လိုအပ်
သော်လည်း မည်သည့် နေ့ ရက် တွင် သွားရောက် ဆေးကုသခံ ယူမည် ဆို သည်ကို မူ FNG မှ ထပ်
မံ စုံစမ်း လျှက် ရှိသည်။

ယခင်က လည်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ သည် စင်္ကာပူ နိုင်ငံ ဉ် နှစ်ကြိမ်
ထက် မနည်း ဆေး ကု သမှု
ခံယူ ခဲ့ ဖူးသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အာဏာရှိ စဉ် က ပြည်ပ ခရီးထွက် ခွာရာဉ် ၎င်း ၏
လက်အောက် မှ အရေး ပါ
သည် စစ်ဗိုလ်ချုပ်များ ၏ မိသားစု ၀င်များ ကို ခေါ် ဆောင် သွားလေ့ရှိ သော်
လည်း ယခု တစ်ကြိမ် တွင်
မူ သူ၏ လက်ထောက် အရာရှိ များ အပြင် ၊ သူ ၏ မိသားစု ၀င် များ သာ လိုက်ပါဖွယ်ရှိသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ပြည်တွင်း ပြည်သူ အုံကြွမှု များ ပေါ်ပေါက်
လာနိုင် သည် ကို ခန့် မှန်း တွက်
ချက် မိ၍ ကချင် ၊ ကရင် ၊ ရှမ်း စ သည့် တိုင်းရင်း သားများ နှင့်
ပြည်တွင်း စစ်မီး ပြန်မွှေး ၍ အတိုက် အခံ
အတွင်း သဘောထား ကွဲ ရန် နှင့် အာရုံ လွှဲ ရန် ရည်ရွယ် လုပ်ဆောင် နေ ပုံ
ရသည် ဟု မြန်မာ စစ်တပ် မှ
အရာ ရှိ ဟောင်း တစ်ဦး က သုံး သပ် သည်။

လက်ရှိ KIA အား ထိုးစစ်ဆင် နေခြင်းသည် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏
ခွင့် ပြုမှု ကြောင့် ပင် ဖြစ်သည် ဟု
တပ်တွင်း သတင်း များ အရ သိရသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် နိုငံ ငံ့ အာဏာ ကို ၁၀၀ ရာခိုင်နှုန်း
ချုပ် ကိုင် ထားဆဲ ပင် ဖြစ်သည် ဟု
နေ ပြည်တော် ပြန်ကြား ရေး ဌာန မှ အရာ ရှိ တစ်ဦး က FNG သို့ ပြောသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */