“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 25, 2011

မြန်မာပြည်ဆိုင်ရာ ကုလဆုံးဖြတ်ချက် အကောင် အထည်ဖေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2011-06-23 RFA
မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ပေါ်လာအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် အာရှနဲ့ ပစိဖိတ် ရေးရာ ဆပ်ကော်မတီမှာ ၂၀၁၁ ခုနှ် ဇွန်လ ၂၂ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ကြားနာပွဲကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းပေးပို့ခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော် အာရှနဲ့ ပစိဖိတ် ရေးရာ ဆပ်ကော်မတီမှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေ အကြောင်း ကြားနာပွဲကို ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် တစ်ရပ် ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်ခဲ့ကြောင်း၊ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် မြန်မာ ပြည်သူတွေ အတွက် ဒီမိုကရေစီ လမ်းကြောင်း အစစ်အမှန် ပေါ်ပေါက်လာမှာ ဧကန် ဖြစ်ပါတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ USCB ညွှန်ကြားရေးမှုး ဦးအောင်ဒင်ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဲဒီကြားနာပွဲမှာ ရှင်းလင်း ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */