“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 25, 2011

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

လင်းသန့် Thursday, 23 June 2011 14:11 (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ၂၀၁၀ မတ်လက တောင်းဆိုခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် (CoI) ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။

ဇွန်လ ၂၂ ရက်က ကျင်းပသည့် အမေရိကန် အောက်လွှတ်တော်၏ အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ၏ မြန်မာ့အရေး ကြားနာပွဲသို့ ပေးပို့သော ကြိုတင်အသံသွင်းထား သည့် ဗီဒီယို မိန့်ခွန်းတွင် ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ကျမ ပါမောက္ခ ကင်တာနာ တောင်းဆိုထားတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး (CoI) ကို ထောက်ခံတယ်။ ဒါက စုံစမ်းရေး ကော် မရှင်ပဲဆိုတာ ရှင်းနေတာပဲ။ ခုံရုံးဖွဲ့ အရေးယူတာမဟုတ်ဘူး။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဘာတွေရှိလဲ။ နောင်မှာ ဒါမျိုးတွေ မရှိအောင် ကျမတို့ ဘာလုပ်နိုင်မလဲဆိုတာကို ဖော်ထုတ်ဖို့ပဲ။ ဒါက ရှင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က အဆိုပါ ဗီဒီယို မိန့်ခွန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မည်ကဲ့သို့ အခြေအနေရှိသည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ရေး အတွက် မစ္စတာ ကင်တာနာ တောင်းဆိုထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး(CoI)ကို အမေရိကန်၊ ကနေဒါ အပါအ၀င်နိုင်ငံ ပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။

နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များက မြန်မာအစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများ နှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲထားမှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တွင် တိုင်ကြားခဲ့သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မကြာခင်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တွင် နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လွတ်လပ်စွာအသင်းအဖွဲ့ကိစ္စ၊ သတင်း လွတ်လပ်ခွင့် ကိစ္စ၊ လွတ်လပ်သည့် တရားစီရင်ရေးနှင့် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ အနေဖြင့် အချိန်မရွေး မြန်မာနိုင်ငံသို့ လာရောက်ခွင့် ရှိရေး တို့သည် အရေးကြီးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီကနေ့တိုင်းပြည်မှာ အခုလိုအပ်နေတာက လွတ်လပ်တဲ့တရားစီရင်ရေးမရှိရင် တရားဥပဒေစိုးမိုးမှုမရှိနိုင်ဘူး၊ တရား ဥပဒေ စိုးမိုးမှုမရှိရင် နိုင်ငံသားတွေဘ၀ ဘယ်လုံခြုံမလဲ၊ ဒီမိုကရေစီကို သွားဖို့ စစ်မှန်တဲ့ တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။ ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အခုထိ အကျဉ်းထောင်ထဲမှာ ရှိနေတာလဲ။ ဒီမိုကရေစီ ဖော်ဆောင်မယ်လို့ ပြော နေတဲ့ အခုအစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမှန်တကယ်ဖြစ်ပေါ်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ ဘယ်လိုလုပ်ရှိစရာလိုတော့မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။

ထိုကြားနာပွဲတွင် အမေရိကန်အခြေဆိုက် U.S Campaign for Burma အဖွဲ့မှ ဒါရိုက်တာ ဦးအောင်ဒင်နှင့် Johns Hopkins Center for Public Health and Human Rights မှ ဒါရိုက်တာ Dr.Chris Beyrer တို့ကလည်း မြန်မာနိုင်ငံ အခြေအနေများ နှင့် ပတ်သက်ပြီး တင်ပြကြသည်။

ကြားနာပွဲ၌ Burma နှင့် Myanmar စကားလုံးနှင့် ပတ်သက်၍လည်း အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုမှတဆင့် ပြောသောစကားကို နားထောင်ပြီးနောက် ကြားနာရေး ကော်မတီ ဥက္ကဌ မစ္စတာ ဒေါ်နယ် မန်ဇူလိုက အမေရိကန် သမ္မတ အိုဘားမား ၏ မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေး မူဝါဒသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မြန်မာ့ဒီမိုကရေစီရေးတို့တွင် တိုးတက်မှုမရှိဟု သံသယဖြစ်မိကြေRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */