“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 30, 2011

ဒေါ်စု သင်္ကန်းကပ်လှူပုံ မျက်နှာဖုံး တင်ခွင့်မရ

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၀ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်ထုတ် ဓမ္မရိပ် မဂ္ဂဇင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သံဃာတပါးအား သင်္ဃန်းကပ်သည့်ပုံ ဖော်ပြသည်ကို စာပေစိစစ်ရေးက ခွင့်မပြုခဲ့ကြောင်း ယင်းမဂ္ဂဇင်း အယ်ဒီတာထံမှ သိရသည်။

ဇူလိုင်လအတွက် မဂ္ဂဇင်းအဖုံးတင်ရာ ဒေါ်အောင်ဆန်းစုကြည်က ကိုရင်လေးတပါးအား သင်္ဃန်းကပ်နေသည့် ဓာတ်ပုံဖြစ်နေသဖြင့် ခွင့်မပြုသောကြောင့် သာမန်ပန်းတပွင့်ပုံနှင့် အစားထိုးဖော်ပြခဲ့ရခြင်း ဖြစ်သည်။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ပုံလေးနဲ့ တင်လိုက်တာကို အဖုံးလဲခိုင်းတာပါပဲ၊ အဲဒါကို ခွင့်မပြုဘူးပေါ့၊ ပိတ်တယ်ပဲ ပြောလို့ရတာပေါ့။ အဲဒါနဲ့ ကျနော်တို့အဖုံး လဲပေးလိုက်ရတယ်။ ရိုးရိုးပန်းပုံလောက်ပဲ ပြောင်းပြီး ထုတ်လိုက်ပါတယ်။ ” ဟု ဓမ္မရိပ်မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုမိုးထွန်းက မဇ္ဈိမကို ပြောသည်။

ဘာသာရေးမဂ္ဂဇင်းများမှာ စာပေစိစစ်ရေးသို့ တင်ပြပြီးမှသာ ထုတ်ဝေခွင့်ရသည့် အမျိုးအစား၌ ပါဝင်သည်။ စာပေစိစစ်ရေး အပြင် သာသနာရေး ဦးစီးဌာနသို့ပါ တင်ပြရလေ့ရှိသည်။

ဓမ္မရိပ်မဂ္ဂဇင်းမှာ ဘာသာရေးမဂ္ဂဇင်းဖြစ်ပြီး ဘာသာရေး၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် နိုင်ငံတကာ သတင်း၊ သုတ၊ ရသ၊ ခေတ်ပြိုင်ကဗျာနှင့် ဓမ္မရသဆိုင်ရာ ကာတွန်းကဏ္ဍများ ပါဝင်သည်။

မဂ္ဂဇင်းကို ၂ဝဝ၆ ခုနှစ်ကတည်းက စတင်ထုတ်ဝေလာခဲ့ပြီး ၂ဝဝ၇ ခုနှစ်က တကြိမ် နားခဲ့ရသည်။ ထို့နောက် ၂ဝဝ၉ ခုနှစ်မှစ၍ ပြန်ထုတ်ခဲ့ကာ ယခုထိ ဆက်ထုတ်လာခဲ့သည်။ ယခုကဲ့သို့ မျက်နှာဖုံးခွင့်မပြုခြင်းအပြင် ယခင်ကလည်း စာသားများအပြင် ကဗျာနှင့် ဆောင်းပါးသရုပ်ဖော် ပုံများတွင်လည်း ဆင်ဆာဖြတ်တောက်မှု ကြုံခဲ့ရဖူးသည်။

“ကဗျာ သရုပ်ဖော်ဆွဲတဲ့အခါမှာ ညောင်ရွက် ကလေးပေါ်မှာ သွပ်ဆူးကြိုးပေါ့။ ဘဝမှာ အရွယ်တွေ မြင့်လာတာနဲ့အမျှ ကျနော့်ဘဝမှာ ခက်ခဲရင်ဆိုင်ရတာကို သရုပ်ဖော်နဲ့ ပြောလိုက်တာ။ အဲဒါ အဲဒီ သွပ်ဆူးကြိုးလေး ဖယ်ခိုင်းတာမျိုးလည်း ကျနော်တို့ ကြုံရတာပါပဲ။ ဖြုတ်ခိုင်းတာမျိုးပေါ့” ဟု ကိုမိုးထွန်းက ပြောသည်။

ရန်ကုန်ထုတ် ဂျာနယ်တိုက်များအပြောအရ ဆင်ဆာဘုတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ သတင်းနှင့် ဓာတ်ပုံများ ဖော်ပြခွင့် ပြုထားသော်လည်း မျက်နှာဖုံးတွင်မူ ဖော်ပြခွင့် ကန့်သတ်ထားသည်ဟု ဆိုသည်။ အတွင်းတွင်
ဖော်ပြလျှင်လည်း ပုံအရွယ်အစားကို ၃ x ၅ လက်မအရွယ်ထက် ပိုမကြီးရန် ကန့်သတ်ထားသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */