“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, June 25, 2011

ကျောင်းသားသူရဲကောင်းကိုတင်မောင်ဦး- (ရဲထွဋ် နယူးယောက်)


ကျောင်းသားသူရဲကောင်းကိုတင်မောင်ဦး

သတ္တိရှိသောသစ်တပင်


-မြက်ကြားကိုင်းကြား၊ ချုံနွယ်ကြားမှာ၊
အားယူလျှက်၊ အညှောင့်ထွက်၍
နွမ်းသွေ့သွေ့နှင့်
အလေ့ကျပေါက် အပင်ငယ်………

-နွေရက်ရောက်၍၊
မြက်ခြောက်ကိုင်းခြောက်
ညိုးသွေ့ပျောက်လည်း၊ အညှောင့်နုနု
နွေကိုတုကာ၊ သေလုသေခင်
အသက်ရှင်ဆဲ၊ မြင်ရဆဲ………

-မိုးလဲဝင်ရော၊ မြက်တောနှင့်ကိုင်း
နွယ်ပင်ရိုင်းတို့၊ ၀ိုင်းဝိုင်းပတ်လည်
ရှင်သန်ကြီးစိုး၊ လွှမ်းအုပ်မိုး၍
အလေ့ကျပင်၊ မမြင်တွေ့တော့
ရှင်မှရှင်သန်သေးရဲ့လား..........

-နွေနွေမိုးမိုး၊ အမျိုးမျိုးဒဏ်
အဖိခံရင်း၊ အံကိုတင်းလျှက်
အသက်ဆက်ကာ၊ အရွက်ဝါလည်း
ကိုင်းဖျားလည်းရှည်၊ ပင်စည်လည်းမြင့်
အဆင့်ဆင့်နှင့်ကြီးရင့်လာခဲ့ရပါသည်။

-သို့နှင့်………
နှစ်ပေါင်းလည်းကြာ၊ သည်နေရာထက်
မြက်ရိုင်းမတွေ့၊ နွယ်မတွေ့တော့
အလေ့ကျပင်၊ ရွက်နုလွင်၍
ပင်စည်ရင့်ရော်၊ မိုးကိုမျှော်ကာ
ကန့်ကော်ပန်းတွေဝေလျှက်........

(မောင်စိန်ဝင်း-ပုတီးကုန်း)ရန်ကုန်တက္ကသိုလ်နှစ်(၅၀)ပြည့်စာစဉ်)


ဤကဗျာလေးသည် ကျောင်းသားများ၏ရုန်းကန်လှုပ်ရှားမှုကို အသိအမှတ်ဂုဏ်ပြုထားသည် ဟု ခံစားမိသည်၊ကန့်ကော်ပင်နှင့် သစ်ပုတ်ပင်တို့က မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းအဆက်ဆက်ကို လမ်း ညွန်ပေးခဲ့ကြနမိတ်ပုံများဖြစ်လေသည်၊ သူရဲကောင်း ကိုတင်မောင်ဦးသည်လည်း ထိုလမ်းညွန် သူတွေထဲ ကကျောင်းသားခေါင်းဆောင်သူရဲကောင်းကြီးတဦးဖြစ်လေသည်။ မည်သို့သောအချိုးအ ကွေ့များပင်ဖြစ်စေ၊ရှိနေစေကာမူကျောင်းသားစိတ်ဓါတ်နှင့်ကျောင်းသားတို့၏ ရဲရင့်ဖြူစင်သောစေတနာတို့ သည် တရားမျှတရေးအတွက်၊ ပြည်သူ့ လွတ်လပ်ရေးအတွက်၊သာယာလှပဖွံဖြိုးတိုးတက်သည့် ဒီမိုက ရေစီနိုင်ငံပြန်လည် တည်ဆောက်နိုင်ရေးအတွက်ရေခံမြေခံကောင်းများဖြစ်လေသည်။ နောင် တော်ကြီး ကိုတင်မောင်ဦးတိုလို သတ္တိပြောင်သော ၇၇ မျိုး ဆက်ေ ကျာင်းသားခေါင်ဆောင်များက မျိုးစေ့ချ ထားသည့်လမ်းကြောင်းပေါ်တွင် ကျနော်တို့လို၈၈မျိုးဆက်ကျောင်းသား များနှင့်နောင်လာ မည့်ကျောင်းသားမျိုး ဆက်အဆင့်ဆင့်က လက်ဆင့်ကမ်းတိုက်ပွဲဝင်သွားရမည်မှာ မြန်မာ့သမိုင်းပေး တာဝန်ကြီး တရပ်ဖြစ်လေ သည်။

လာမည့်အနာဂတ်တွင်သမိုင်းဂုဏ်ပြောင်သော ရန်ကုန်တက္ကသိုလ် နှင့် ကျောင်းသားသမဂ္ဂ ၏ အလံတော်အောက်တွင် ကိုတင်မောင်ဦး တို့လိုကျောင်းသားခေါင်း ဆောင် များ နှင့် ကျောင်းသားထုတရပ်လုံးကိုနိုင်ငံတော်အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင် ရမည့်နေ့ရက်များ ရောက် လာရမည်မလွဲပေ။


တခါတုန်းကတက္ကသိုလ်နှင့်၇၄မျိုးဆက်

၁၉၈၇ ခုနှစ် ဒီဇင်ဘာလကာလ တ၀ိုက်၊ အချိန်အားဖြင့် ည၈ နာရီခန့် ဖြစ်မည်ထင် သည်။ ဒီဇင်ဘာဆောင်းည၏ မှုန်းဝါးဝါးမြူမှုန်မြင်ကွင်းအောက်တွင် မှိန်ပြပြ မီးလုံးများနှင့် ဦချစ်လဘက် ရည်ဆိုင်အတွင်း ကျောင်းသားများ ဟိုတစု၊ ဒီတစုဖြင့် ပြောဆို ရယ်မောသံတွေကို ပြန်မြင်ယောင် လာမိသည်။ ၀န်းကျင်းတခု လုံးရဲ့ မြင်ကွင်းတွေကမပီပြင်တော့၊ သဲသဲကွဲကွဲမမှတ်မိတော့။ ဒါပေမဲ့ သဲသဲကွဲကွဲ ပြန်မြင်၊ ပြန်ကြားလာတာကတော့ ကျနော်နှင့်အတူ မြန်မာစာဂုဏ်ထူတန်းမှ သူချင်း နှစ်ဦးထိုင်နေသည်၊ စိုင်းထီးဆိုင်ရဲ့ပလက်ဖောင်းမင်းသားသီချင်းသံကိုကြားနေရသည်၊ထိုစဉ်ခပ်ပြုံးပြုံး မျက်နှာထားဖြင့် ကိုဌေးသိန်း၊ ကိုဇောင်း ထက်၊ နှင့်အခြားသူတဦး(ကဗျာဆရာမောင်သာချိုဟုထင် သည်။) ဦးချစ်ဆိုင်ထဲကိုဝင်လာကြသည်။ကိုဌေးသိန်းနှင့်ကိုဇောင်းထက် တိုသည့်ကျနော်နှင့်ခင်မင် ရင်းနှီးနေသောမြန်မာစာလက်ထောက်နည်းပြဆရာများဖြစ်ကြသလို၊ ကဗျာသမား၊ စာသမားများ လည်း ဖြစ်ကြသည်။ကျနော်တို့ကို စာပေလိုက်စားသော ကျောင်သားများဟုသူတို့ကထင်ပုံရပါသည်၊ ကိုဋ္ဌေးသိန်းက ကျနော် ကိုနုတ်ဆက်ကာ ကျောင်းသားသမဂ္ဂအလံတော်အောက်ဝယ် ဆိုသောစာအုပ် ကို ဖတ်ဖို့ပေး လေသည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်ကာကျေးဇူးတင်ကြောင်းပြောပြီး လက်ခံထား လိုက်လေသည်၊

ဤစာအုပ်မျိုးနှင့်ဤလိုဆက်ဆံရေးမျိုးကကျနော်တို့ဘ၀ အတွက်အန္တရယ်ရှိကြောင်း အ လိုလိုသိပြီး သားဖြစ်လေသည်။ ကျနော် သိသလောက်ကိုဋ္ဌေးသိန်းနှင့်ကိုဇောင်းထက်တို့မှာ ၇၄မျိုး ဆက်ကျောင်းသားများဖြစ်ကြပြီး၊ ကိုဋ္ဌေးသိန်းမှာ ၈၈ ဒီမိုရေစီလှုပ်ရှားမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် လှုပ်ရှားခဲ့ပြီးနှစ် ရှည် ထောင်ကျသွားရလေသည်၊ ထိုစဉ်ကကျနော်သည်ကျနော့်သူငယ်ချင်းများ နှင့် အတူ(အာအိုင်တီမှ၁၇ဦး ဘူမိဗေဒမှတဦး၊ သမိုင်းမေဂျာ မှတဦး၊ မြန်မာစာမှသုံးဦး) လျိုဝှက်စာ ဖတ်အသင်း(နောက်ပိုင်းတွင်မြေအောက်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) တခုဖွဲ့ထား လေသည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၄ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းမျက်နှာဖုံးတွင်ကျောင်းသား လှုပ် ရှားမှု များနှင့်ပတ်သက်သည်ပန်းချီများကိုကြည့်ခဲ့ရပြီး၊ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ စစ်အာဏာရှင် စနစ် ၊ကွန်မြူနစ်၊ ဆိုရှယ် လစ်စနစ်၊ လွတ်လပ်မှု၊ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင် ဆန်း၊ဦးနု၊ ဦးနေ၀င်း၊ ဒီမိုကရေစီစသည်ဖြင့်အတိတ်မှာဘာတွေဖြစ်ခဲ့ကြတာလဲ။သိပ်စိတ်ဝင်စားမိသည်။ သိပ်သိ ချင်သည်။စာအုပ်အချို့တက္ကသိုလ်စာကြည်တိုက်တွင်ရှိသည်ဟု သိသော်လည်း မငှားရဲပေ။ ကျနော်တို့ တောင်ငူဆောင်မြန်မာစာဋ္ဌာနတွင်ပင်လျှင်ထောက်လှမ်းရေးများရှိကြောင်းကျောင်းသားအားလုံးသိ ထားကြပြီးဖြစ်လေသည်။ဒါကြောင့်စာဖတ်အသင်းလေးဖွဲပြီးစစ်အုပ်စုကန်းသတ်ထားတဲ့ စာအုပ်တွေ လေ့လောဖတ်ရှုနိုင်အောင် ကြိုးစားခဲကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ်ကနေဒါတွင်ကျင်းပမည့် ကိုတင်မောင် ဦးဂုဏ်ပြုပွဲအခမ်းအနား အကြောင်းကိုစဉ်းစားရင်း ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းကစစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ(အာစီရှေ့၊ တောင်ငူဆောင်ရှေ့၊ မန္တလေးဆောင်ေ ရှ.သစ္စာဆိုပွဲ၊ တက္ကသိုလ် ဓမ္မာရုံ တံတားနီရှေ့မတ်ဇွန်ဇူလိုင်လှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ၀န်းအတွင်းမှပထမအကြိမ်၊ ဒုတိယ အကြိမ်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂညီလာခံ ) ဆီပြန်လည်ရောက်ရှိသွားခဲ့လေသည်။ ကျနော်စိတ်ထဲ တွင်အဲဒီ လှုပ်ရှားမှုတွေ ဟာကိုတင်မောင်ဦးတို့လို ၇၄ မျိုးဆက်ကျောင်းသားများရဲ့ လက် ဆင့်ကမ်းပေး ခဲ့တဲ့သမိုင်းရေးအမွေတွေပါလားဟု ကောက်ချက်ချမိလေသည်။



ကိုတင်မောင်ဦးနှင့်စတင်တွေ့ဆုံခြင်း



ဖေဖော်ဝါရီလ (၁၂/၁၃)၂၀၁၁ ခုနှစ်က (၁၆)ကြိမ်မြောက် ဥရောပရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုများညီလာခံကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင်ကျင်းပခဲ့လေသည်။ကျနော်၊ ကိုထွန်းအောင် ကျော်(၇၄ ကျောင်းသားခေါင်းဆောင်၊ ABSDF ဥက္ကဋ္ဌဟောင်း) နှင့် ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်သွင်တို့ Oslo Vandrerhjemတည်းခိုခန်းလေးတွင်ထိုညီလာခံတက်ရောက်ယင်းအတူ တည်းခိုခဲ့ကြလေသည်။ ဖေဖော်ဝါရီလ (၁၂)ရက်နေ့သန်းခေါင်ယံကျော်အချိန်တွင် ကိုထွန်းအောင် ကျော်မှ ရုတ်တရက်----ကိုရဲထွဋ် ဒီဓါတ်ပုံလေးခဏလာကြည့်ပါဗျာ----ဟုခေါ်သဖြင့်ကျနော်သူ့လက်စွဲကွန်ပြူ တာလေးကိုသွားကြည့်လိုက်သည်။ ဆက်လက်၍ ကိုထွန်းအောင်ကျော်က ဒါ ဆလိုင်းတင် မောင်ဦး လေ။ ကြိုးပေးအ သတ်ခံလိုက်ရတာဟုဆိုလေသည်။ ကျနော်ကြားဖူးနားဝရှိခဲ့ပါသည်၊တခါမှမတွေ့ ဘူး ခဲ့ပေ။ မျက်နှာမသွယ်တသွယ်၊ နှာတံပေါ်ပေါ်၊ ခေါင်းလုံးလုံးပုံစံတို့သည်အင်မတန်ခင်မင်ဖွယ်ကောင်း သော၊ ရိုးသားဖြောင့်မတ်သည့်ပုံပေါ်လွင်နေလေသည်။ အသက်အားဖြင့်(၂၀)ကျော်ဝန်းကျင် ခန့်ဖြစ် ပေလိမ့် မည်။ ကိုတင် မောင်ဦးကို ၇၄ ဦးသန့် ကျောင်းသား လှုပ်ရှား မှုအတွက်ကြိုးပေးခံရကြောင်း သိခဲ့ရစဉ်ကကြိုးတိုက်ထဲတွင်နေခဲ့ပုံ၊ စစ်အုပ်စုက အညံ့ခံခိုင်းသည်လက်မခံခဲ့ပုံ(အညံ့ခံခဲ့ပါကလွတ် မည်ဖြစ်ပါလျှက်) ညဥ့်နက်သန်းခေါင်အချိန်တွင်ကြိုးစင်ပေါ်သို့တည်တည်ငြိမ်ငြိမ် အပြုံးမပျက် တက် သွားပြီး၊ ဆက်တိုက်ပွဲဝင်ကြဟေ့ ဟုမှာကြားသွားခဲ့ပုံ၊ကြိုးတိုက်တွင်အတူထောင်ကျခဲ့သူ ကိုရာဇာထံ မှကြားခဲ့ဖူးသဖြင့်ကျနော်အင်မတန်မှ တန်ဖိုး ထားလေးစားခဲ့ဘူးလေသည်။ သို့သော်ယခုလို ဓါတ်ပုံနှင့် တကွမြင်လိုက်ရသောအခါ သူ့စိတ်ဓါတ်နှင့် သူ့ဥပတိရုပ်သည်အင်မတန်မှလိုက်ဖက်ကြည်ညိုလေးစားဖွယ်ခံစားလိုက်သလို၊ ကျနော်ရင်ထဲတွင်လည်းဘာဖြစ်လို့များ ဒီလိုတန် ဖိုးရှိလေးစားဖွယ်ကောင်းတဲ့ ကျောင်းသားလူငယ်တွေဟာ အမြဲတမ်း စွန့်လွတ်အနစ်နာခံရတဲ့ဖက်မှာချည်းပဲ ရှိနေရပါလိမ့်ဟု စိတ်မ ကောင်းဖြစ်မိလေသည်။တဆက်တည်းတွင်လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးရပ်တည်ချက်ပြိုကွဲမှုများ၊ ဦးဆောင်မှု လစ်ဟာအား နည်းနေမှုများ၊ ကိုတင်မောင်ဦးတို့လိုအလံမလဲစတမ်းတိုက်ပွဲဝင် အနစ်နာခံ ဆောင် ရွက်ခဲ့သူ များအတွက် အောင်ပွဲရရှိရေးနည်းလမ်းများကို တွေးတောစဉ်းစားမိယင်း တည်ခိုးခန်း လော်ဘီခန်းထဲ တွင်တဦးတည်းအိပ်ပျော်ခဲ့လေသည်။နံက်(၅)နာ ရီကျော်တော့ကိုထွန်းအောင်ကျော်နှင့် ကိုဆန်နီ အောင်သန်းဦးတို့လာနိုးမှ အပေါ်ထပ်သို့ပြန်တက်အိပ်ဖြစ်လေသည်။

အဖြူလားအမဲလား

အခုဒီစာရေးနေချိန်ဟာ မေလ(၁)ရက် တနင်္ဂနွေနေ့နံက်(၄)နာရီ။ စောစောတုန်းကပေါ့ ည သန်းခေါင်(၁၂) နာရီမကျော်ခင် အချိန်။ ဒါပေမဲ့ စနေနေ့ည၊ဧပြီ(၃၀)၊ IFBNC အစည်းအဝေးအပြီး၊ ကိုတင်မောင်ဦးကို ဂုဏ်ပြုစာရေးဖို့ ကိုဂျင်မီ(လာရှိုး သိန်းအောင်)တော်လှန်ရေးသီချင်းများကိုနား ထောင်းရင်း ရေးရမည့်ခေါင်းစဉ်၊ ဆက်စပ်ရမည့်အကြောင်းအရာ၊ ခံစားထင်မြင်ရသည့်အကြံဥာဏ်၊ စာဖတ်သူတို့အားပေးမည့်အသိပညာစသည်တို့ကိုစီကာပတ်ကုံးစဉ်းစားနေမိသည်။ ထိုစဉ်တနင်္ဂနွေ နေ့ ၊ နံနက်၂ နာရီကျော်ဖြစ်သည်၊ ကျယ်လောင်စူးရှသောတယ်လီဖုန်းမြည်လာသည်။ လွန်ခဲ့သောနှစ်(၂၀)ကဂျပန်နိုင်ငံမှ(၈၈)မျိုးဆက်ကျောင်းသားလုပ်ဖော်ကိုင်ဖက်ဟောင်းတဦး(မြန်မာ့လူငယ်စေ တနာ့ဝန်ထမ်းအဖွဲ့(ဂျပန်)ကိုတည်ထောင်သူတဦး) ထံမှ လာသောဖုံး ဖြစ်သည်။သူတို့တိုကျိုတွင်နေ့ လည် (၂)နာရီဖြစ်သော်လည်းကျနော်တို့နယူးယောက်တွင်ည(၂)နာရီဖြစ်လေသည်။သူကအချိန်ကိုမေးကာအားနာသွားပုံရသည်။သို့သော်မတွေ့ရတာလည်းကြာ၊ ကျနော်ကိုယ် တိုင်လည်းဘယ်တော့မှအားသည်ဟူ၍မရှိသောကြောင့် ရေးလက်စကို ထားကာ(၂) နာရီနီးပါးကြာ အောင် စကားပြောဖြစ် လေ သည်။ သူပျောက်နေသည်မှာကြာပြီဖြစ်သည်။ရှေးဟောင်းနှောင်းဖြစ်များ ၊ ဂျပန်နိုင်ငံ ရဲ့ လက်ရှိ အခြေ အနေအထွေထွေ၊လုပ်ဖော်ကိုင်ဖက်များ၏ အဖြစ် အပျက် အသွယ်သွယ်စ သည်သတင်းများ ကို ဖလှယ် ကြယင်း လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်းရောက်သွားခဲ့လေသည်။သူ့ စကားထဲမှကျနော်အတွက် ကုန်ကြမ်းအဆို တခုပါလာသည်။ ဒါကတော့အဖြူနဲ့အမဲကြားမှာအရောင်(၇)မျိုးရှိသည်တဲ့။ဒီလက်ရှိ ပတိတရား ကြား မှာ ဒီမိုကရေစီ တော်လှန်ရေးရောက်ပြီဟု သူကသုံးသပ်သည် ။စော စောတုန်းက IFBNC အစည်းအဝေးမှာလည်း ဒီအကြောင်းတွေကိုကိုထွန်းလှိုင်နှင့် အထပ်ထပ်ပြောဆိုဆွေးနွေးခဲ့ပြီးပြီ ဆို တော့ကျနော်သိပ်မပြောချင်တော့၊ ငြိမ်သက်စွာ နားထောင်ယင်း သူ့ကိုကျနော် အမြင်စတိမျှသာ ပြန် လည်ပြောပြကာ ဒီအဖြူအမဲကြားထဲကရောင်စဉ်ခုနှစ်သွယ်ဆိုတဲ့စကားလေးကိုမှတ်သား ထား လိုက် မိ သည်။ဆိုလိုချက်ကဒီမိုကရေစီတော်လှန်ရေးအယူအဆတွေအရောင်စုံကွဲပြားနေကြပြီ။ တော်လှန် ရေးပန်းတိုင် တွေကအဖြူလား။အမဲလားမကွဲပြားတော့။ ဒီနေရာမှာနောင်တော်ကြီးကိုတင်မောင်ဦး ပြည်သူ့အတွက်စစ်အုပ်စုရဲ့အင်းစိန်ကြိုးတိုက်ထဲမှာ ရွေးချယ်သွား ခဲ့တဲ့ဦးတည်ချက်လမ်း ကြောင်း ကစွန့်လွတ်ဖြူစင်တဲ့အဖြူရောင်လမ်း ကို အေးဆေးတည်ငြိမ်စွာ၊ ပြုံးရယ်နုတ်ဆက်ရင်း၊ ဒီမိုကရေစီ တိုက်ပွဲအောင်မြင်သည်အထိဆက်လက် တိုက်ပွဲဝင်သွားကြဖို့မှာမှာကြားပြောဆိုကာ ကြိုးစင်ပေါ်သို့ ရင်ကော့ကာ တက်သွားခဲ့ခြင်းမှာပြတ်ပြတ်သားသားရွေးချယ်ထားသည့် အဖြူရောင်စစ်စစ်လမ်း ကြောင်းဖြစ်ကြောင်း ထင်ရှားလေသည်။ အဲ့ဒီလို မိသားစုရဲ့အကြင်နာမေတ္တာတွေကိုစွန့်လွတ်၊ ကိုယ်ရဲ့ အသက်ကို ကိုယ့် ယုံကြည်ချက် အတွက်စွန့်လွတ်၊ ဒီမိုကရေစီရရှိရေးအတွက်ပေးဆပ်အနစ်နာခံခဲ့တာ တွေဟာ အချည်းအနှီးမဲ့ အသားလွက်ပေး ဆပ်ခဲ့ မဟုတ်ဘူးလိုခံယူမိတယ်။ စဉ်းစားကြည့်ကြပါ။ ယခု သက်ရှိထင်ရှားရှိ နေတဲ့ သူ့မိဘ၊ ဆွေမျိုးသားချင်းတွေ ဘယ်လို ခံစား ကြမလဲ၊ ဒီလိုအနစ်နာခံသူတွေ၊ ကြေကွဲဝမ်းနည်း ဖွယ် ကောင်းတဲ့သူတို့မိသားစုဝင်တွေ ဟာစစ်အာဏာတိုက်ပွဲတလျောက် မှာအများ ကြီးရှိ တယ်။ ကိုယ် ချင်းစာနာတတ်ရင် ဒီစွန့်လွတ်ပေးဆပ် မှုတွေကို ဒီေ၀၀ါးကြောင်တောင်နေ တဲ့ ရောင်စုံအမြင်တွေ နဲ့ သေးသိမ်အောင်မလုပ်သင့်ဘူး။ သူဒီလို ပေးဆပ်ခဲ့တဲ့အတွက်နောင်လာနောင် သား မျိုး ဆက်တွေက စစ် အာဏာရှင် စနစ်ကို ဖယ်ရှားအောင်ပွဲ ယူနိုင်ဖို့၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီကိုမျိုးစေ့ချ ပေးနိုင်အောင်၊ အပြီးသတ်အနိုင်ယူ နိုင်အောင်ဆက်လက် တိုက်ပွဲဝင်ကြရမှာ ဖြစ်တယ်။ ကျနော်တို့ ကျောင်းသားတွေရွေးခဲ့တဲ့လမ်းဟာဖြူ စင်မွန်မြတ်တဲ့ အဖြူရောင် လမ်းကြောင်း၊ ပြည်သူလွတ်မြောက် ရေးအတွက် တရားမျှတတဲ့လမ်း ကြောင်း၊ အနာဂတ်မြန်မာပြည် သူပြည်သား တွေအတွက်ငြိမ်းချမ်း၊ သာယာ၊ ဖွံဖြိုးတိုးတက်စေမဲ့ လမ်း ကြောင်းဖြစ်တယ်။ အဖြူအမဲ မကွဲပြား သေး တာတို့၊ ရောင်စဉ်ခုနှစ် သွယ်အမြင်နဲ့ေ၀၀ါးနေဖို့မဟုတ်ဘူး၊ အရှိတရား များကို အရှိတရား သက်သက် အ ဖြစ် သာသတ်မှတ်ပြီး၊ မိမိတို့အနေဖြင့်စစ်အာဏာရှင် စနစ်ကို ထိပ်တိုက်ရင်ဆိုင်အနိုင်ယူဖို့ အဆင် သင့်ရှိနေဆဲ၊

ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း၊ တမလွန်ဘ၀၊ ကောင်ကင်ဘုံမှ ကိုတင်မောင်ဦး နှင့်တကွဒီမိုကရေစီတိုက်ပွဲ ၀င်ခဲ့ကြသည့်ကျောင်းသားရှင်လူရဟန်းပြည်သူအပေါင်းကိုအသိပေး မေတ္တာပို့ ဆုတောင်းလိုက်ပါသည်။


ပြည်သူအတွက်အောင်ပွဲဖြစ်ရမည်

ဒီလိုကိုတင်မောင်ဦးရဲခိုင်မာပြတ်သားတဲ့စိတ်ဓါတ်နှင့်ရွေးချယ်လမ်းကြောင်းပေးခဲ့စကားတွေ ဟာကျနော်တို့၈၈မျိုးဆက်တွေအဖို့ ဒီမိုကရေစီရရှိရေးအတွက်အလံမလဲတမ်း။ ဘယ်သူတရားပျက် ပျက် ကိုယ်မပျက်စတမ်း၊ အောင်ပွဲရသည်အထိချီတက်နိုင်ဖို့ အားဆေးတခုပင် ဖြစ်လေသည်။ကို တင် မောင်ဦးရဲ့စိတ်ဓါတ်ဟာနောက်လာမည့်ကျောင်းသားလူငယ်များနမူနာယူစံထားရမည့်အာဂစိတ် ဓါတ် ပင်ဖြစ်သည် ၊လေးစားရမည်၊ဂုဏ်ပြုရမည်၊ပိုအရေးကြီးသည်မှာသူစိတ်ဓါတ်ကိုအခြေခံပြီး အနိုင်ရ အောင်ကြိုး စားအားထုတ်ရမည့်ဖြစ်သည်၊၊ အဘယ်ကြောင့် ဆိုသော်ကျနော်တို့သူရဲကောင်းကိုတင် မောင်ဦးကို စစ်အုပ်စုက ရက်ရက်စက်စက်သတ်ခဲ့သည်။ ဒါဟာအရှိတရားအရ ကျနော် တို့အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ် သည်၊ စစ်အုပ်စု၏အနိုင်ဖြစ်သည်။ ဒီလို ပဲထောင်တွေထဲ၊ တောတွေထဲ၊ လှုပ် ရှား မှုတွေကြား ထဲမှာပေး ဆပ်သွားခဲ့ကြတာတွေဟာအချည်းအနှီးမဲ့တဲ့ ဖြစ်ရပ်တွေလား၊ ဒီလိုပဲ ကျနော်တို့တတွေအမြဲတမ်း အရှုံးကို ရင်ဆိုင်နေကြရတာ့မှာလား။ အမှန်းတရား အတွက်အောင်မြင် မှုဆိုတာမရှိတော့ ဘူးလား။ ရောင်စဉ် ခုနှစ် သွယ်အတွေးတွေနဲေ၀၀ါးနေကြတော့မှာလား။အများမိုးခါး ရေသောက်တိုင်းလိုက်သောက်ကြ တော့မှာလား၊



ကျနော့အဖြေကတော့ရှင်းတယ်၊ ဒီမေးခွန်းတွေအား လုံးအတွက် NO ပဲ။စစ်အုပ်စုနှင့်စစ် အုပ်စုကမွေးထုတ်ပေးလိုက် အတုအယောင်တွေကိုအသိအမှတ် မပြုဘူး၊ ဆန့်ကျင်တယ်၊မတရားမှုအားလုံးအတွက်ထိပ်တိုက်ရင်ဆိုင်မယ်၊ စစ်အာဏာ ရှင်စနစ်ကျကို ကျဆုံးစေရမယ်။ ဒီမိုကရေစီတော် လှန်ရေးအောင်ကိုအောင်ရမယ်။ ရကိုရရမယ်။


ဒီစေတနာတွေအား လုံး ဟာ လည်း မြန်မာပြည်သူပြည် သားတွေလွတ်လပ်ဖို့၊တရားဥပဒေအရ လုံခြုံစိတ်ချစွာနေထိုင် ရှင်သန် သွားနိုင်ဖို့အတွက်ပဲဖြစ်ပါသည်။


-ရဲထွဋ်
နယူးယောက်မြို့

မေလ(၁)ရက်၊၂၀၁၁ခုနှစ်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */